Tuesday, July 16, 2013

လုပ်ငန်းရှင်များ၏ လက်ကိုင်တုတ်သဖွယ် အသုံးချခြင်းနှင့် လူထုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ရာထူးမှနုတ်ထွက်

Tuesday, July 16, 2013
မြိတ်ခရိုင်အတွင်းရှိ လူထုအကျိုးပြု လုပ်ငန်းများနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဖွဲ့စည်းထားသော မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အား ငွေရှင်ကြေးရှင်များက လက်ကိုင်တုတ်သဖွယ် အသုံးချနေခြင်းနှင့် လူထုအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဥက္ကဋ္ဌ ရာထူးမှနုတ်ထွက်ကြောင်း ဇူလိုင် ၁၄ ရက်က မီဒီယာများနှင့် တွေ့ဆုံကာ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့သာလျှင် အသုံးချခဲ့ပြီး အကျိုးပြု လုပ်ငန်းတွေ ဆောင်ရွက်ပေးမယ်လို့ ကတိပေးထားတာကို အကြိမ်ကြိမ် ပျက်ကွက်ခဲ့ပါတယ်။ အဲဒီတော့ အဖွဲ့ကို သေးသိမ်အောင် အလုပ်ခံရခြင်း ဖြစ်တဲ့အပြင် လက်ကိုင်တုတ်အဖြစ် အသုံးချ မခံလိုတော့တဲ့ အတွက် နုတ်ထွက်လိုက်ရခြင်းဖြစ်... ''ကျွန်တော်တို့ အဖွဲ့ကို ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ရဲ့ ရည်မှန်းချက်ကတော့ မီးရရှိရေး၊ ရန်ပုံငွေမတည်ပြီး လူထုအကျိုးပြု လုပ်ငန်းတွေ၊ ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ တစ်နှစ်နီးပါး အတွင်းမှာ ကျွန်တော်တို့ အဖွဲ့ကို အာဏာပိုင် တချို့နှင့် ကုမ္ပဏီတချို့က လက်ကိုင်တုတ်သဖွယ် အသုံးချလာပါတယ်။ လော့လော့ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့သာလျှင် အသုံးချခဲ့ပြီး အကျိုးပြု လုပ်ငန်းတွေ ဆောင်ရွက်ပေးမယ်လို့ ကတိပေးထားတာကို အကြိမ်ကြိမ် ပျက်ကွက်ခဲ့ပါတယ်။ အဲဒီတော့ အဖွဲ့ကို သေးသိမ်အောင် အလုပ်ခံရခြင်း ဖြစ်တဲ့အပြင် လက်ကိုင်တုတ်အဖြစ် အသုံးချ မခံလိုတော့တဲ့ အတွက် နုတ်ထွက်လိုက်ရခြင်း ဖြစ်ပါတယ်။ တစ်ဦးစ နှစ်ဦးစ ကျန်ခဲ့ပေမယ့် အဖွဲ့ကတော့ ဖွဲ့စည်းပုံ ပျက်သွားပါပြီ'' ဟု ဥက္ကဋ္ဌဖြစ်သူ ဦးဆန်းလွင်က ပြောကြားခဲ့သည်။
ဦးဆန်းလွင်မှာ လော့လော့ကျေးရွာတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်း ဖြစ်မြောက်စေရန် အတွက် အဓိက ဦးဆောင်လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်ကာ ကျောက်မီးသွေး စီမံကိန်းမှာ မီးရရှိရေးထက် လူထုကျန်းမာရေး၊ စီးပွားရေး၊ လူမှုပတ်ဝန်းကျင် အားလုံးကို ထိခိုက်စေနိုင်ကြောင်း သဘောပေါက် လာသဖြင့် နုတ်ထွက်ရခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ရေးသားထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List