Wednesday, July 17, 2013
ကြယ်နှစ်ပွင့်အဆင့်ရှိ ရေပေါ်ဟိုတယ်ကို မန္တလေးမြို့ ဧရာဝတီမြစ်အတွင်း တည်ဆောက်လျက်ရှိပြီး ဆီးဂိမ်းအမီ အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ရေပေါ်ဟိုတယ်ကို ဧရာဝတီမြစ် မရမ်းခြံဆိပ်အနီး မြနန္ဒာဟိုတယ်နှင့် ဘော ဂကြီး ဆိပ်အကြား ရေလယ်ကျွန်းနေရာတွင် တည်ဆောက်လျက်ရှိပြီး ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
"ဆီးဂိမ်းစ်အမီ တည်ဆောက်သွားဖို့ ရည်ရွယ်ထားပါတယ်။ မြစ်ရေတက်နေတဲ့ အတွက်ကြောင့် အလုပ်သမား နေဖို့နဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေထားဖို့ အခက်အခဲ ရှိနေလို့ အပြင်ပိုင်း တည်ဆောက်မှုတွေ ခဏနားထား တယ်။ ရေပြန်ကျသွားရင်တော့ အလျား ၃၅၀ ပေနဲ့ အနံ ၁၂၅ ပေရှိတဲ့ ဟိုတယ်ဆိပ်ခံတံတား တည်ဆောက်ပြီး ဟိုတယ်ကို ဒီဘက်ကမ်း မှာ ပြောင်းရွှေ့ထားမယ်" ဟု စီစဉ်သူ ဦးလေးမြင့်က ပြောကြားသည်။
ရေပေါ်ဟိုတယ်ကို စတီးဖရိန်များနှင့် ရေတွင်ပေါ်နိုင်သည့် အုတ်ခဲများ အသုံးပြု
တည်ဆောက်ထားရှိကာ စက်မဲ့ရွေ့လျားမှု မရှိဘဲ ဆိပ်ကမ်းတွင်
အငြိမ်ထားရှိသွားမည်ဖြစ်ကြောင်း၊ အလျား ၂၃၅ ပေ၊ အနံ ၅၃ ပေနှင့် ရေဆူး ၁၃
ပေရှိကာ ပေ ၂၀၊ ၁၈ ပေ၊ အခန်းပေါင်း ၇၀ ခန့် ပါရှိမည်ဖြစ် ပြီး နှစ်ယောက်
ခန်း ၄၀ ခန်း၊ မိသားစုခန်း ၄ ခန်းနှင့် အထူးဧည့်သည်ခန်း
နှစ်ခန်းပါရှိကြောင်း သိရသည်။
"နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားတွေ တည်းခိုဖို့အတွက် အဓိက ထား ဆောက်လုပ်တာ ဖြစ်ပါတယ်။ ပြည်တွင်းက တည်းခိုမယ်ဆို ရင်လည်း နိုင်ငံခြားသားတွေယူတဲ့ ဈေးနှုန်းအတိုင်းပဲ လက်ခံသွားမယ်။
မြင်းလှည်းနဲ့ ကုန်းပေါ်ကနေ ကမ်းနားလမ်းတစ်လျှောက် ကြည့်ချင်တဲ့ နိုင်ငံခြားသားတွေအတွက် ဟိုတယ်ဆိပ်ခံ အတွင်းမှာ ပြင်ဦးလွင်က မြင်းလှည်းပုံစံမျိုးတွေ ထားပေးထားမယ်။ ရေကြောင်းနဲ့ မင်းကွန်းဘက်ကို သွားချင်တယ်ဆိုရင်လည်း စပိဘုတ် အသေးစားလေးတွေ
နဲ့ စီစဉ်ပေးမယ်" ဟု ဦးလေးမြင့်က ပြောကြားသည်။
ဧရာဝတီမြစ် မရမ်းခြံဆိပ်အနီး မြနန္ဒာဟိုတယ်နှင့် ဘောဂကြီးဆိပ် အကြား ရေ လယ်ကျွန်းနေရာတွင်တည်ဆောက်လျက်ရှိသော ရေပေါ်ဟိုတယ်ကို တွေ့ရစဉ်
Eleven Media Group
ကြယ်နှစ်ပွင့်အဆင့်ရှိ ရေပေါ်ဟိုတယ်ကို မန္တလေးမြို့ ဧရာဝတီမြစ်အတွင်း တည်ဆောက်လျက်ရှိပြီး ဆီးဂိမ်းအမီ အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ရေပေါ်ဟိုတယ်ကို ဧရာဝတီမြစ် မရမ်းခြံဆိပ်အနီး မြနန္ဒာဟိုတယ်နှင့် ဘော ဂကြီး ဆိပ်အကြား ရေလယ်ကျွန်းနေရာတွင် တည်ဆောက်လျက်ရှိပြီး ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
"ဆီးဂိမ်းစ်အမီ တည်ဆောက်သွားဖို့ ရည်ရွယ်ထားပါတယ်။ မြစ်ရေတက်နေတဲ့ အတွက်ကြောင့် အလုပ်သမား နေဖို့နဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေထားဖို့ အခက်အခဲ ရှိနေလို့ အပြင်ပိုင်း တည်ဆောက်မှုတွေ ခဏနားထား တယ်။ ရေပြန်ကျသွားရင်တော့ အလျား ၃၅၀ ပေနဲ့ အနံ ၁၂၅ ပေရှိတဲ့ ဟိုတယ်ဆိပ်ခံတံတား တည်ဆောက်ပြီး ဟိုတယ်ကို ဒီဘက်ကမ်း မှာ ပြောင်းရွှေ့ထားမယ်" ဟု စီစဉ်သူ ဦးလေးမြင့်က ပြောကြားသည်။

"နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားတွေ တည်းခိုဖို့အတွက် အဓိက ထား ဆောက်လုပ်တာ ဖြစ်ပါတယ်။ ပြည်တွင်းက တည်းခိုမယ်ဆို ရင်လည်း နိုင်ငံခြားသားတွေယူတဲ့ ဈေးနှုန်းအတိုင်းပဲ လက်ခံသွားမယ်။
မြင်းလှည်းနဲ့ ကုန်းပေါ်ကနေ ကမ်းနားလမ်းတစ်လျှောက် ကြည့်ချင်တဲ့ နိုင်ငံခြားသားတွေအတွက် ဟိုတယ်ဆိပ်ခံ အတွင်းမှာ ပြင်ဦးလွင်က မြင်းလှည်းပုံစံမျိုးတွေ ထားပေးထားမယ်။ ရေကြောင်းနဲ့ မင်းကွန်းဘက်ကို သွားချင်တယ်ဆိုရင်လည်း စပိဘုတ် အသေးစားလေးတွေ
နဲ့ စီစဉ်ပေးမယ်" ဟု ဦးလေးမြင့်က ပြောကြားသည်။
ဧရာဝတီမြစ် မရမ်းခြံဆိပ်အနီး မြနန္ဒာဟိုတယ်နှင့် ဘောဂကြီးဆိပ် အကြား ရေ လယ်ကျွန်းနေရာတွင်တည်ဆောက်လျက်ရှိသော ရေပေါ်ဟိုတယ်ကို တွေ့ရစဉ်
Eleven Media Group
No comments:
Post a Comment