Friday, July 19, 2013

ပနားမားတွင် ထိန်းသိမ်းထားသောသင်္ဘောအား ပြန်လွှတ်ပေးရန် မြောက်ကိုရီးယားတောင်းဆို

Friday, July 19, 2013
ပနားမားတွင် ထိန်းသိမ်းခံထားရသော တားမြစ်မူးယစ်ဆေးဝါးများနှင့် လက်နက်များ တင်ဆောင်လာ သည့် သင်္ဘောအား ပြန်လွှတ်ပေးရန် မြောက်ကိုရီးယားဘက်မှ တောင်းဆိုခဲ့ပြီး သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများမှာ ကျူးဘားနိုင်ငံနှင့် တရားဝင်သဘောတူညီချက် စာချုပ်,ချုပ်ပြီး တင်ဆောင် လာ ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယား သတင်းဌာန KCNA မှ တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ သည်ဟု ဇူလိုင် ၁၈ ရက်က ဆင်ဟွာသတင်းဌာနမှ ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံပိုင် ချွမ်ချောင်ဂန်အမည်ရှိ သင်္ဘောမှာ ပနားမားတူးမြောင်းအား ဖြတ်သန်းစဉ် ပနား မားတာဝန်ရှိသူများမှ ဖမ်းဆီးခဲ့ကြောင်းနှင့် ယင်းမှာ သဘာဝမကျသော အခြေအနေတစ် ရပ်ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ထုတ်ဖော် ပြောကြားခဲ့ပြီး သင်္ဘောကက်ပတိန်နှင့် သင်္ဘောသားများအား တိုက်ခိုက် များ ပြုလုပ်ခဲ့သည်ဟု အခိုင်အမာစွပ်စွဲ ပြောကြားခဲ့ကြောင်း သိရှိရသည်။ပနားမား တာဝန်ရှိသူများအနေဖြင့် သင်္ဘောအား ချက်ချင်းပြန်လွှတ်ပေးရန် လိုအပ်ကြောင်းနှင့် သင်္ဘော ပေါ်တွင် ၄င်းတို့စွပ်စွဲသလို တားမြစ်ဆေးဝါးများအား ရှာမတွေ့သည့်အခါတွင် လက်နက်များ တင်ဆောင် လာသည့် ကုန်သေတ္တာများအား ရမယ်ရှာ ပြောဆိုခြင်းဖြစ်ကြောင်း၊ အဆိုပါ လက်နက်များမှာ ကျူးဘား နိုင်ငံနှင့် ချုပ်ဆိုထားသော တရားဝင်စာချုပ်အရ သက်တမ်းကြာမြင့်ပြီဖြစ်သည့် လက်နက်များ အား ပြင် ဆင်မွမ်းမံပြီးနောက် ကျူးဘားနိုင်သို့ ပြန်ပို့ပေးခြင်း သက်သက်သာဖြစ်ကြောင်း အဆိုပါ ပြောရေး ဆိုခွင့်ရှိ သူမှ ထည့်သွင်းပြောကြားခဲ့သည်။
ကျူးဘားနိုင်ငံဘက်မှလည်း အဆိုပါလက်နက်များမှာ မြောက်ကိုရီးယားနိုင်ငံနှင့် သဘောတူချုပ်ဆိုခဲ့ သော စာချုပ်တစ်ရပ်အရ သက်တမ်းကြာမြင့်နေပြီဖြစ်သည့် လက်နက်များအား ပြင်ဆင်ရန်အတွက် ပေး ပို့ခဲ့ပြီးနောက် မြောက်ကိုရီးယားမှ ကျူးဘားသို့ ပြန်လည်တင်ပို့ပေးမည့် လက်နက်များဖြစ်ကြောင်းအ တည်ပြု ပြောကြားခဲ့သည်။တင်ဆောင်လာသည့်လက်နက်များမှာ ၂၀ ရာစုအလယ်က ထုတ်လုပ်ခဲ့သော လက်နက် များဖြစ် ပြီး လေ ကြောင်းရန် ကာကွယ်ရေး ဒုံးစနစ်နှစ်ခု၊ ဒုံးကျည်အစိတ်အပိုင်းကိုးခုနှင့် အပိုပစ္စည်းများ၊ MiG-21 Bis အမျိုးအစားနှစ်စင်းနှင့် အဆိုပါလေယာဉ်များအတွက် မော်တာ ၁၅ လုံးသာဖြစ်ကြောင်း ကျူးဘားနိုင်ငံ ခြားရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် အင်္ဂါနေ့က တရားဝင်သတင်း ထုတ်ပြန်ကြေညာခဲ့သည်။
ပနားမားအစိုးရ၏ အဆိုအရတန်ချိန် ၁၄,၀၀၀ ခန့်ရှိသော ချွမ်ချောင်ဂန်သင်္ဘောမှာ ပြီးခဲ့သည့် တနင်္လာ နေ့က ပနားမားတူးမြောင်းအား ဖြတ်သန်းစဉ် ရပ်တန့်ရှာဖွေခြင်းခံခဲ့ရပြီး ကြိုတင် စာရင်းပေး ပို့မထားသည့် လက်နက်သေတ္တာများနှင့် ဒုံးကျည်အစိတ်အပိုင်းများအား တွေ့ရှိခဲ့သောကြောင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ရ ခြင်း ဖြစ်သည်ဟုဆိုသည်။
ပြုံယမ်းအစိုးရအနေဖြင့် ပြီးခဲ့သည့် ၂၀၁၂ ခု၊ ဒီဇင်ဘာလအတွင်းက တာဝေးပစ် ဒုံးပျံစမ်းသပ် ပစ်လွှတ် မှု နှင့် အခြားနိုင်ငံများနှင့် ဖေဖော်ဝါရီလအတွင်း မြေအောက်နျူကလီးယား စမ်းသပ်မှုကြောင့် လက်နက် ဆက်သွယ်ရောင်းချမှုအား ကုလသမဂ္ဂမှ တားမြစ်ပိတ်ပင်ခြင်းခံခဲ့ရသည်။

Mizzima News

No comments:

Post a Comment

My Blog List