Tuesday, July 16, 2013

ရွှေနှင့် ကျောက်/သဲထုတ် လုပ်ငန်းများကြောင့် သောက်ရေခပ်ချောင်း ပတ်ဝန်းကျင် ထိခိုက်မှု များပြားလာ

Tuesday, July 16, 2013
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် ထန်းတပင်မြို့နယ်ကြား ဖြတ်သန်းစီးဆင်းပြီး စစ်တောင်းမြစ်ထဲသို့ စီးဝင်သော သောက်ရေခပ်ချောင်း အတွင်း ရွှေရှာလုပ်ငန်းများနှင့် ကျောက်/သဲထုတ် မှုန်စုပ်စက်များကြောင့် ချောင်း၏ ပတ်ဝန်းကျင် ထိခိုက်မှု ဆိုးကျိုးများ တစ်နှစ်ပြီး တစ်နှစ် ပိုမိုများပြားလာကြောင်း သိရသည်။
''ချောင်းထဲမှာ ရွှေရှာတဲ့ အဖွဲ့တွေရော ကျောက်သဲ ထုတ်တာတွေရော ဘယ်သူတွေ ခွင့်ပြုချက်နဲ့ အခုလို စည်းမဲ့ကမ်းမဲ့ လုပ်နေကြတာလည်း မသိဘူး။ သူတို့က ကျောက်ထုတ်လို့ သဲသောင်တွေ ဖြစ်လာတာ၊ မှုန်စုပ်စက်ထိုးလို့ ချိုင့်ခွက်တွေ ဖြစ်နေတာ။ ပြန်ပြင်သွားဖို့မစဉ်းစားကြဘူး။ဒီအတိုင်း ဆိုရင် နောက်ငါးနှစ်လောက် နေရင် သောက်ရေခပ်ချောင်းရောရွာရော ပျောက်ကွယ်သွား နိုင်ပါတယ်'' ဟု ထန်းတပင်မြို့နယ် ဒိုးသောင်ကျေးရွာနေ ဦးပွားက ဆိုသည်။
Photo: ရွှေနှင့် ကျောက်/သဲထုတ် လုပ်ငန်းများကြောင့် သောက်ရေခပ်ချောင်း ပတ်ဝန်းကျင် ထိခိုက်မှု များပြားလာ
Tuesday, July 16, 2013

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် ထန်းတပင်မြို့နယ်ကြား ဖြတ်သန်းစီးဆင်းပြီး စစ်တောင်းမြစ်ထဲသို့ စီးဝင်သော သောက်ရေခပ်ချောင်း အတွင်း ရွှေရှာလုပ်ငန်းများနှင့် ကျောက်/သဲထုတ် မှုန်စုပ်စက်များကြောင့် ချောင်း၏ ပတ်ဝန်းကျင် ထိခိုက်မှု ဆိုးကျိုးများ တစ်နှစ်ပြီး တစ်နှစ် ပိုမိုများပြားလာကြောင်း သိရသည်။

''ချောင်းထဲမှာ ရွှေရှာတဲ့ အဖွဲ့တွေရော ကျောက်သဲ ထုတ်တာတွေရော ဘယ်သူတွေ ခွင့်ပြုချက်နဲ့ အခုလို စည်းမဲ့ကမ်းမဲ့ လုပ်နေကြတာလည်း မသိဘူး။ သူတို့က ကျောက်ထုတ်လို့ သဲသောင်တွေ ဖြစ်လာတာ၊ မှုန်စုပ်စက်ထိုးလို့ ချိုင့်ခွက်တွေ ဖြစ်နေတာ။ ပြန်ပြင်သွားဖို့မစဉ်းစားကြဘူး။ ဒီအတိုင်းဆိုရင် နောက်ငါးနှစ်လောက် နေရင် သောက်ရေခပ်ချောင်းရော ရွာရော ပျောက်ကွယ်သွား နိုင်ပါတယ်'' ဟု ထန်းတပင်မြို့နယ် ဒိုးသောင်ကျေးရွာနေ ဦးပွားက ဆိုသည်။

ကျောက်ထုတ်လို့ သဲသောင်တွေ ဖြစ်လာတာ၊ မှုန်စုပ်စက်ထိုးလို့ ချိုင့်ခွက်တွေ ဖြစ်နေတာ။ ပြန်ပြင်သွားဖို့ မစဉ်းစားကြဘူး။ ဒီအတိုင်းဆိုရင် နောက်ငါးနှစ်လောက် နေရင် သောက်ရေခပ် ချောင်းရော ရွာရော ပျောက်ကွယ်သွားနိုင်...

''ချောင်းထဲမှာ သဲသောင်တွေများပြီး ရေလမ်းကြောင်းတွေ ပိတ်ဆို့နေတာ။ ချောင်းရေတိုင်းတာဖို့ အမှန်ကို မရနိုင်တော့ဘူး။ တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေ တိုင်းတာဖို့ အတွက် ဒီသောက်ရေခပ်ချောင်းက အရေးပါတယ်။ ဒီနှစ်ထဲမှာ ရုံးချုပ်ကို လချုပ်တင်တိုင်း ပုံမှန်ထက် လွဲချော်နေတယ်။ ဒါတွေရဲ့အကျိုးဆက်က မိုးဇလဌာနက မိုးလေ၀သသတင်း ထုတ်ပြန်တဲ့အခါ လွဲချော်မှုတွေ ဖြစ်နိုင်ပါတယ်'' ဟု တောင်ငူမြို့နယ် မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

သောက်ရေခပ်ချောင်းအတွင်း သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်း စတင်သည့် ၂၀၀၆ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ချောင်းအတွင်း ရွှေရှာလုပ်ငန်းများ၊ ကျောက်/သဲ ထုတ်လုပ်ငန်းများကို မှုန်စုပ်စက်များ အသုံးပြု၍ လုပ်ကိုင်လာကြကြောင်း၊ ယင်းလုပ်ငန်းများမှ လေလွင့်ပစ္စည်းများကြောင့် သောက်ရေခပ်ချောင်း အတွင်း တစ်နှစ်ထက် တစ်နှစ် ပျက်စီးမှု များပြားလာကြောင်း သဲသောင်များ ဖြစ်ထွန်းလာသဖြင့် ရေလမ်းကြောင်း ပြောင်းလွဲကာ ကမ်းပါးပြိုကျခြင်း များကြောင့် ထန်းတပင်မြို့နယ် ဒိုးသောင်ကျေးရွာ မူလတန်းကျောင်းနှင့် ဘုန်းကြီးကျောင်းမှာ ချောင်းကမ်းပါးနှင့် ပေ ၂၀ ခန့် အကွာသို့ ရောက်ရှိနေကြောင်း၊ မှုန်စုပ်စက်များ အသုံးပြု၍ ချောင်းထဲ၌ ချိုင့်ခွက်များ ဖြစ်ပေါ်နေခြင်းကြောင့် ရေနစ်သေဆုံးခြင်းများ ရှိခဲ့ကြောင်း သောက်ရေခပ်အနီး ကျေးရွာဒေသခံများက ပြောကြားသည်။

Eleven Media Group
သောက်ရေခပ်ချောင်း အတွင်း ကျောက်/သဲထုတ် လုပ်ငန်းများ လုပ်ကိုင်နေစဉ်

No comments:

Post a Comment

My Blog List