Tuesday, July 16, 2013

ပုံမှန်တက်နေသောဒေါ်လာဈေးကြောင့် ဒီဇယ်ဈေးဆက်လက် မြင့်တက်နေ

Tuesday, July 16, 2013

အမေရိကန်ဒေါ်လာငွေလဲနှုန်း မြင့်တက်လာသည့်အတွက်ဒီဇယ်ဈေးနှုန်း
များဆက်လက်မြင့်တက်နေသည်ဟု ရန်ကုန်မြို့အခြေစိုက်စက်သုံးဆီ
အရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။ယခုလို ဒီဇယ်စက်သုံးဆီများ
ဈေးနှုန်းမြင့်တက်လာရခြင်းသည် အမေရိကန်ဒေါ်လာငွေလဲနှုန်းမှုကြောင့်
သာမကနိုင်ငံတကာဈေးကွက်တွင် ရေနံစိမ်းဈေးမြင့်တက်လာသည့်အတွက်
ဒီဇယ်ဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်သည်။ ဇူလိုင်(၁၅)ရက်နေ့တွင်ဒီဇယ်တစ်ဂါလန်ကို(၄၀၅၀) ကျပ်ရှိသည့် အတွက်(၄)ရက်အတွင်းတစ်ဂါလန်ကိုကျပ်(၅၀)မြင့်တက်သွားသည်။ ကမ္ဘာ့ရေနံစိမ်းဈေးကွက်တွင်ရေနံစိမ်းတစ်စည်ကို အမေရိကန်(၁၀၅)ဒေါ်လာရှိသည့်အတွက် ပြီးခဲ့
သောရက်သတ္တပတ်ထက်စာရင်တစ်စည်ကို(၁)ဒေါ်လာနီးပါးဈေးမြင့်တက်
သွားကြောင်းသိရသည်။ မြန်မာနိုင်ငံရှိ မော်တော်ယာဉ်အများစုသည်ဒီဇယ်အင်ဂျင်ဖြစ်ကြသည့် အတွက် ယခုလိုဒီဇယ်ဆီဈေးများဆက်လက်မြင့်တက်နေ မည်ဆိုလျှင် ကုန်တင်ယာဉ်၊လူစီးယာဉ်အများစု၏ ဈေးနှုန်းလည်းမြင့်တက်လာ ဖွယ်ရှိနိုင်သည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်များ၏ ပြောပြ
ချက်အရသိရသည်။
ဇူလိုင်(၁)ရက်နေ့ကမြန်မာနိုင်ငံဗဟိုဘဏ်၏ ထုတ်ပြန်
ချက်အရ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်းသည်
တစ်ဒေါ်လာကို(၉၆၆)ကျပ်ရှိခဲ့ရာမှဇူလိုင်(၁၅)ရက်နေ့တွင် တစ်ဒေါ်လာကို
(၉၇၈)ကျပ်အထိ ဈေးမြင့်တက်လာကြောင်း သတင်းရရှိသည်။

SkyNet TV Browser

No comments:

Post a Comment

My Blog List