မြန်မာကို တင်ပို့မယ် ကျဉ်ဆံတစ်သိန်းကျော်ကို ထိုင်းက ဖမ်းမိ
Tuesday, July 16, 2013
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်မြို့နယ် ထိုင်းမြန်မာနယ်စပ်
မှာ မြန်မာနိုင်ငံဖက်ခြမ်းကို ပို့မယ့် ကျည်ဆံမျိုးစုံ
တစ်သိန်းကျော်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
သတင်းကြိုတင်ရရှိထားတဲ့အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တွေက
ဖမ်းဆီးရမိခဲ့တာလို့ မြန်မာနိုင်ငံသားတစ်ဦးက အခုလို ပြောဆိုပါတယ်။ ပန်မူမှာ မနေ့က ၃ နာရီခွဲလောက်ကတည်းကမိတာ၊ ဘန်ကောက်ကနေ ပို့လာတာ ပစ္စည်းက၊ သတင်းရတာနဲ့ လမ်းမှာရဲဖမ်းတာ၊ တစ်သိန်းကျော်
တယ်။ 16 ရှိတယ် အများကြီးပဲ အစုံပဲ။ အခု စုံစမ်းနေတုန်းပဲ။ သိရ
သလောက်ကတော့ ရှမ်းဖက်ကို ပို့ဖို့ သူတို့ ပြောတယ်လေ။
ဖမ်းဆီးရမိတဲ့ ကျည်ဆံတွေကတော့ သေတ္တာတစ်ဘူးကို ကျည်ဆံ
သုံးသောင်းကျော်ပါတဲ့ M16 မောင်းပြန်ရိုင်ဖယ်ကျည်ဆံဘူး ၉ ဘူး၊ ပွိုင့် 88
ကျည်ဆံ တသောင်းကျော်၊ 62 မမ ကျည်ဆံ နှစ်သောင်းခုနှစ်ထောင်ကျော်၊
ကာဘိုင်ကျည်ဆံ သုံးထောင့်ရှစ်ရာ၊ ဝေဟင်ပစ်ဒုံးကျည် ၄ ခု၊
ရိုးရိုဒုံးကျည် ၃ ခုအပါအ၀င် အခြားကျည်ဆံမျိုးစုံ တစ်သိန်းကျော်
ဖြစ်တယ်လို့ သိရပါတယ်။
ကျည်ဆံတွေ သယ်ယူလာတဲ့ ထိုင်းနိုင်ငံသားဟာ ထိုင်းရဲတပ်ဖွဲ့ဝင်ဟောင်း
တစ်ဦးဖြစ်ပြီး ထိုင်းမြန်မာနယ်စပ်မှာ အခုလိုတရားမ၀င်လက်နက်ခဲယမ်းတွေ
ဖမ်းဆီးရမိတာဟာ အခုအကြိမ်ဟာအမြင့်ဆုံးအရေအတွက်ဖြစ်တယ်လို့
လည်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပြောဆိုထားကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ထားပါတယ်။
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
7 months ago
No comments:
Post a Comment