Tuesday, July 16, 2013

ဗီဇာစည်းကမ်းချက်များဖေါက်ဖျက်သူဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂)ဦးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း သို့ တရားဥပဒေနှင့် ဆန့်ကျင်၍ ၀င်ရောက်စေရန် ကူညီပေး ခဲ့သူ(၂)ဦးအား လ၀ကအက်ဖြင့် ထပ်မံအရေးယူ

Tuesday, July 16, 2013
Photo: ဗီဇာစည်းကမ်းချက်များဖေါက်ဖျက်သူဘင်္ဂလားဒေ့ရှ်နိုင်ငံသား
(၂)ဦးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း သို့ တရားဥပဒေနှင့်
ဆန့်ကျင်၍ ၀င်ရောက်စေရန် ကူညီပေး ခဲ့သူ(၂)ဦးအား
လ၀ကအက်ဖြင့် ထပ်မံအရေးယူ
Tuesday, July 16, 2013 

၉.၇.၂၀၁၃ ရက်နေ့ တွင် အရေးယူဆောင်ရွက်ခဲ့သည့် ပန်းဘဲတန်းမြို့မရဲစခန်း(ပ)၂၀၃/၂၀၁၃ ၊ပုဒ်မ ၂၉၅-က အမှုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား များဖြစ်သည့် PARSUJET BARUA ၊(၂၈)နှစ်၊(ဘ)RAJON BARUA၊ BARUA လူမျိုး/ဗုဒ္ဓ၊ လယ်လုပ်၊
North NOLBILA WART No.2. RALARMAR
CHHORAMAHESHKA HILL, COXS BAZAR မြို့နယ်နေသူနှင့်
ANTER BARUA(၂၉)နှစ်၊ (ဘ) DUIAKUP BARUA၊ BARUA
လူမျိုး/ဗုဒ္ဓ၊ လယ်လုပ်၊ မ/SHILKUP WART No-09၊ MONKIR
CHRR PANSHKHALL CHITTA GONG မြို့နယ် နေသူတို့
(၂)ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံ သို့သွားရောက်
ရန်အတွက် ပန်းဘဲတန်းမြို့နယ် (၈)ရပ်ကွက်၊ အနော်ရထာလမ်း၊
အမှတ်၂၄၀ရှိ ပိုလိုတည်းခိုခန်း၌ သင်္ကန်းဝတ်ဖြင့်ရောက်ရှိတည်းခို
နေထိုင်စဉ် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ (၂)ဦးသည် တရားဝင်ဗီဇာဖြင့် လာရောက်သော်လည်း ဗီဇာရသူသည် ပြည်ထောင်စုမြန်မာနိုင်ငံ
အတွင်းသို့ ၀င်ခွင့် ပြုထားသော စည်းကမ်းချက်များကို
ဖေါက်ဖျက်ကျူးလွန်ခဲ့သောကြောင့် ဥပဒေအရအရေးယူပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ
တိုင်တန်းခဲ့သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ) ၂၁၃/၂၀၁၃ ၊ လ၀ကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့်အရေးယူခဲ့ပါသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂)ဦးအား အခကြေးငွေရယူ၍ မလေးရှားနိုင်ငံသို့ တရားမ၀င်ပို့ဆောင်ရန်အတွက်
မင်္ဂလာဒုံလေဆိပ်မှ ကြိုဆို ခေါ်ဆောင်ခဲ့သူ မင်းနိုင်၊ (၃၅)နှစ်၊(ဘ)ဦးအာဇီစူမောက်၊ သာကေတမြို့နယ်နေသူနှင့် ၎င်း၏ဇနီးဖြစ်သူ မရင်ရင်ဝင်း(၂၇)နှစ်၊ (ဘ)ဦးမာမက်ဆူလတန် တို့(၂)ဦးသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့တရားဥပဒေနှင့် ဆန့်ကျင်၍ ၀င်ရောက်စေရန် ကူညီပေးခဲ့သောကြောင့် ဥပဒေအရအရေးယူပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ တိုင်တန်းခဲ့သဖြင့်
ပန်းဘဲတန်းမြို့မရဲစခန်း (ပ) ၂၁၄/၂၀၁၃ ၊ လ၀ကအက်ဥပဒေ
ပုဒ်မ ၁၃(၅)ဖြင့်အမှုဖွင့်အရေးယူထားရှိကြောင်း
သတင်းရရှိ ပါသည်။

ရဲဇာနည်

No comments:

Post a Comment

My Blog List