Wednesday, July 17, 2013

မြန်မာအပါအ၀င် အာဆီယံ ဒေသတွင်း၌ ဂျပန်ရင်းနှီးမြှုပ်နှံမှု မြင့်တက် လာပြီး ကုမ္ပဏီပေါင်း ၅၆၀၀ ကျော်အထိ ရှိလာ

Wednesday, 17 July 2013
မြန်မာနိုင်ငံ အပါအ၀င် အာဆီယံဒေသတွင်း၌ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု
မြင့်တက်လာပြီး ၂၀၁၃ ခုနှစ် ဇွန်လအထိ ဂျပန်ကုမ္ပဏီပေါင်း ၅၆၀၀ ကျော် လာရောက်ရင်းနှီး မြှုပ်နှံလျက်ရှိကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းတွင် ပြုလုပ်သော အာဆီယံ အတွင်းရေးမှူးချုပ်နှင့် Federation of Japanese Chambers of Commerce and Industry in ASEAN (FJCCIA) တို့ ခြောက်ကြိမ်မြောက် တွေ့ဆုံမှုနှင့် ပတ်သက်၍ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် FJCCIA က ဂျပန်နှင့် အာဆီယံစီးပွားရေး ဆက်သွယ်မှုဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Photo: မြန်မာအပါအ၀င် အာဆီယံ ဒေသတွင်း၌ ဂျပန်ရင်းနှီးမြှုပ်နှံမှု မြင့်တက်
လာပြီး ကုမ္ပဏီပေါင်း ၅၆၀၀ ကျော်အထိ ရှိလာ
Wednesday, 17 July 2013 

မြန်မာနိုင်ငံ အပါအ၀င် အာဆီယံဒေသတွင်း၌ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု
 မြင့်တက်လာပြီး ၂၀၁၃ ခုနှစ် ဇွန်လအထိ ဂျပန်ကုမ္ပဏီပေါင်း ၅၆၀၀ ကျော် လာရောက်ရင်းနှီး မြှုပ်နှံလျက်ရှိကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းတွင် ပြုလုပ်သော အာဆီယံ အတွင်းရေးမှူးချုပ်နှင့် Federation of Japanese Chambers of Commerce and Industry in ASEAN (FJCCIA) တို့ ခြောက်ကြိမ်
မြောက် တွေ့ဆုံမှုနှင့် ပတ်သက်၍ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် FJCCIA က ဂျပန်နှင့် အာဆီယံစီးပွားရေး ဆက်သွယ်မှုဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အာဆီယံဒေသတွင်း ဂျပန်နိုင်ငံမှ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ၂၀၁၂ ခုနှစ်တွင် ကုမ္ပဏီပေါင်း ၅၀၃၄ ခု ရှိရာမှ ၂၀၁၃ ခုနှစ် ဇွန်လအထိ ကုမ္ပဏီအရေတွက် ၅၆၄၇ ခုသို့ တိုးတက်လာခြင်း ဖြစ်သည်။

အာဆီယံဒေသတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ဂျပန်နိုင်ငံသည် ၂၀၁၁ ခုနှစ်၌ တတိယအများဆုံး ရင်းနှီးမြှုပ်နှံသူ နေရာမှ ဒုတိယနေရာသို့
 ရောက်ရှိလာခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ဂျပန်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၅ ဘီလျံရှိခဲ့ပြီး ၃၉ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ဟု သိရသည်။

အပြန်အလှန် ကုန်သွယ်မှု အနေဖြင့်လည်း ဂျပန်နိုင်ငံသည် အာဆီယံနိုင်ငံ
များ၏ အဓိကပို့ကုန် တင်ပို့ရာ နိုင်ငံအဖြစ်သို့ ၂၀၁၁ ခုနှစ်တွင် ရောက်ရှိ
လာခဲ့သည်။ အာဆီယံ ဒေသတွင်းမှ အမေရိကန်ဒေါ်လာ ၁၄၅ ဒသမ ၂ ဘီလျံတန်ဖိုးရှိ ပို့ကုန်များ ဂျပန်နိုင်ငံသို့ တင်ပို့ခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၄၁ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ခြင်း ဖြစ်သည်။

လာမည့် ၂၀၁၄ ခုနှစ်သည်လည်း အာဆီယံ ဒေသတွင်း၌ ဂျပန်စီးပွားရေး အကျိုးဖြစ်ထွန်းမှုရှိမည့် နှစ်တစ်နှစ်ဖြစ်လာရန် မျှော်မှန်းထားကြောင်း FJCCIA က ဆိုထားသည်။

မြန်မာနိုင်ငံ ပါဝင်သည့် အရှေ့တောင်အာရှ နိုင်ငံများတွင် ၂၀၁၁ ခုနှစ်
အတွင်း အာဆီယံဒေသ ပြင်ပမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၇၈၄၀ ရှိခဲ့သည်။ ယင်းအနက် ဥရောပနိုင်ငံများမှ ၂၁ ရာခိုင်နှုန်းဖြင့် ပထမ၊ ဂျပန်မှ ၁၇ ရာခိုင်နှုန်းဖြင့် ဒုတိယ အသီးသီးရှိခဲ့
သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် ဂျပန်ထိပ်တန်း ဘဏ်များနှင့် အာမခံလုပ်ငန်းများ ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်ပြီးဖြစ်ကာ ဂျပန်ထိပ်တန်း ကော်ပိုရေးရှင်း
များဖြစ်သော Toyota၊ Nissan၊ Suzuki၊ Mitsubishi စသည့် ကားကုမ္ပဏီ
များ၊ အိုင်တီနည်းပညာ ကုမ္ပဏီများဖြစ်သော NTT၊ KDDI၊ NEC စသည့် ကုမ္ပဏီများ၊ ငွေပေးကတ်နှင့် ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီများဖြစ်သော JCB၊ Aeon စသည့်ကုမ္ပဏီများ၊ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများဖြစ်သော Nippon Express၊ Toyo Logistic စသည့်ကုမ္ပဏီများနှင့် လက်လီအရောင်း
ဆိုင် လုပ်ငန်းများ အပါအ၀င် လုပ်ငန်းနယ်ပယ်စုံတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြပြီဖြစ်ကြောင်း သိရသည်။

eleven media groupအာဆီယံဒေသတွင်း ဂျပန်နိုင်ငံမှ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ၂၀၁၂ ခုနှစ်တွင် ကုမ္ပဏီပေါင်း ၅၀၃၄ ခု ရှိရာမှ ၂၀၁၃ ခုနှစ် ဇွန်လအထိ ကုမ္ပဏီအရေတွက် ၅၆၄၇ ခုသို့ တိုးတက်လာခြင်း ဖြစ်သည်။
အာဆီယံဒေသတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ဂျပန်နိုင်ငံသည် ၂၀၁၁ ခုနှစ်၌ တတိယအများဆုံး ရင်းနှီးမြှုပ်နှံသူ နေရာမှ ဒုတိယနေရာသို့
ရောက်ရှိလာခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ဂျပန်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၅ ဘီလျံရှိခဲ့ပြီး ၃၉ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ဟု သိရသည်။
အပြန်အလှန် ကုန်သွယ်မှု အနေဖြင့်လည်း ဂျပန်နိုင်ငံသည် အာဆီယံနိုင်ငံ
များ၏ အဓိကပို့ကုန် တင်ပို့ရာ နိုင်ငံအဖြစ်သို့ ၂၀၁၁ ခုနှစ်တွင် ရောက်ရှိ
လာခဲ့သည်။ အာဆီယံ ဒေသတွင်းမှ အမေရိကန်ဒေါ်လာ ၁၄၅ ဒသမ ၂ ဘီလျံတန်ဖိုးရှိ ပို့ကုန်များ ဂျပန်နိုင်ငံသို့ တင်ပို့ခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၄၁ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ခြင်း ဖြစ်သည်။
လာမည့် ၂၀၁၄ ခုနှစ်သည်လည်း အာဆီယံ ဒေသတွင်း၌ ဂျပန်စီးပွားရေး အကျိုးဖြစ်ထွန်းမှုရှိမည့် နှစ်တစ်နှစ်ဖြစ်လာရန် မျှော်မှန်းထားကြောင်း FJCCIA က ဆိုထားသည်။
မြန်မာနိုင်ငံ ပါဝင်သည့် အရှေ့တောင်အာရှ နိုင်ငံများတွင် ၂၀၁၁ ခုနှစ်
အတွင်း အာဆီယံဒေသ ပြင်ပမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၇၈၄၀ ရှိခဲ့သည်။ ယင်းအနက် ဥရောပနိုင်ငံများမှ ၂၁ ရာခိုင်နှုန်းဖြင့် ပထမ၊ ဂျပန်မှ ၁၇ ရာခိုင်နှုန်းဖြင့် ဒုတိယ အသီးသီးရှိခဲ့
သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင် ဂျပန်ထိပ်တန်း ဘဏ်များနှင့် အာမခံလုပ်ငန်းများ ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်ပြီးဖြစ်ကာ ဂျပန်ထိပ်တန်း ကော်ပိုရေးရှင်း
များဖြစ်သော Toyota၊ Nissan၊ Suzuki၊ Mitsubishi စသည့် ကားကုမ္ပဏီ
များ၊ အိုင်တီနည်းပညာ ကုမ္ပဏီများဖြစ်သော NTT၊ KDDI၊ NEC စသည့် ကုမ္ပဏီများ၊ ငွေပေးကတ်နှင့် ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီများဖြစ်သော JCB၊ Aeon စသည့်ကုမ္ပဏီများ၊ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများဖြစ်သော Nippon Express၊ Toyo Logistic စသည့်ကုမ္ပဏီများနှင့် လက်လီအရောင်း
ဆိုင် လုပ်ငန်းများ အပါအ၀င် လုပ်ငန်းနယ်ပယ်စုံတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြပြီဖြစ်ကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

My Blog List