Tuesday, July 16, 2013

အင်ဒိုနီးရှားတွင် လက်ဝှေ့ပွဲကျင်းပစဉ် လူအုပ်ပြိုကျမှုကြောင့် ၁၇ ဦးသေဆုံး

Tuesday, July 16, 2013
အင်ဒိုအရှေ့ဖျား အတန်ငယ် ဝေးလံသီခေါင်သော ဒေသတစ်ခုတွင် အဆိုပါ မတော်တဆဖြစ်စဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပရိသတ်များကြား အပြန်အလှန် အငြင်းပွားရာမှ အဓိကရုဏ်းသဖွယ် ဖြစ်လာပြီး လူအများ ကစဥ့်ကလျား ပြေးလွှားခဲ့ကြခြင်း ဖြစ်သည်
အင်ဒိုနီးရှား နိုင်ငံတွင် လက်ဝှေ့ပွဲတစ်ခု ကျင်းပပြုလုပ်နေစဉ်အတွင်း ဖြစ်ပွားသော လူအုပ်ပြိုကျမှုကြောင့် လူ(၁၈)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ အင်ဒိုအရှေ့ဖျား အတန်ငယ် ဝေးလံသီခေါင်သော ဒေသတစ်ခုတွင် အဆိုပါ မတော်တဆဖြစ်စဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပရိသတ်များကြား အပြန်အလှန် အငြင်းပွားရာမှ အဓိကရုဏ်းသဖွယ် ဖြစ်လာပြီး လူအများ ကစဥ့်ကလျား ပြေးလွှားခဲ့ကြခြင်း ဖြစ်သည်။ ရှုံးနိမ့်သွားသည့် လက်ဝှေ့သမားကို အားပေးသူများက ရန်ပွဲကို စတင်ခဲ့ခြင်းဟုလည်း ရဲများက ဆိုသည်။ အုတ်အော်သောင်းနင်း ပြေးလွှားကြရင်း လူအုပ်ပြိုကျမှု ဖြစ်ပွားရာမှ လူအများအပြား သေဆုံးခဲ့သည့် အနိဋ္ဌာရုံ ဖြစ်စဉ်သို့ ဦးတည်သွားကြောင်း ပါပူအာခရိုင် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အိုင်ဂီဓီ ဆူမာတာ ဂျာယားက ရှင်းပြခဲ့သည်။ "(၁၇)ယောက် သေတယ်။ အဲဒီထဲမှာ အမျိုးသမီး (၁၂)ယောက်ပါတယ်။ (၃၈)ယောက်က ဒဏ်ရာတွေရလို့ ဆေးရုံတက်ပြီး ကုသမှု ခံယူနေရပါတယ်"ဟု ဆူမာတာ ဂျာယားက AFPသို့ ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့က ဒေသတွင်း ချန်ပီယံလုပွဲ တစ်ခုကို လူပေါင်း (၁၅၀၀)ကျော် အားပေး ကြည့်ရှုခဲ့ကြပြီး နောက်ပိုင်းတွင် ပြဿနာ ဖြစ်ပွားလာခြင်းဟု သိရသည်။ မိမိတို့ အားပေးသူ ရှုံးနိမ့်သွားသည့်နောက် နာဘီရီမြို့ရှိ အားကစားရုံတွင် ပရိသတ် အချို့က ခုံများဖြင့် ပစ်ပေါက်ကြရာ လူအများ အထိတ်တလန့် ပြေးလွှားပြီး လူအုပ်ပြိုမှုဆီ ဦးတည်သွားခဲ့သည်။
"အကုန်လုံး ထပြေးကြတယ်။ ထွက်ပေါက်ဆီ လုပြေးကြတာပါ။ နောက်တော့ လူတော်တော်များများ လဲကုန်သလို အနင်းလည်း ခံကြရတယ်"ဟု ဆူမာတာ ဂျာယားက ဆိုသည်။ မျက်မြင်တစ်ဦးကမူ "အားကစားရုံက ဂိတ်(၅)ခုရှိတယ်။ ဒါပေမဲ့ အဲဒီပွဲမှာ ဂိတ်(၂)ခုပဲ ဖွင့်ထားပါတယ်။ ကျွန်တော်ကတော့ ပြဿနာ စတာနဲ့ ကိုယ်နဲ့အနီးဆုံး ဂိတ်ပေါက်ကို ပြေးတာပဲ"ဟု ပြောကြားခဲ့သည်။ (၂၀၁၁)ခုနှစ်က အင်ဒို၏မြို့တော် ဂျကာတာတွင် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မလေးရှားနှင့် ကစားစဉ်ကလည်း လူအုပ်ပြိုကျမှုကြောင့် လူ(၂)ဦး သေဆုံးဖူးသည်။ (၂၀၀၈)ခုနှစ်၊ ဖေဖော်ဝါရီလက ဘန်ဒွန်းတွင် Rockဂီတပွဲ တစ်ခုသို့ လူပေါင်းများစွာ သွားရောက် အားပေးရာမှ လူအုပ်ပြိုကျမှု ဖြစ်ပေါ်ပြီး လူငယ်(၁၀)ဦး သေဆုံးခဲ့ဖူးသည်။ ထိုနှစ်၊ စက်တင်ဘာလတွင်ပင် ဂျာဗားအရှေ့ဘက်၌ ရာမာဒန် အထိမ်းအမှတ် ငွေကြေးဝေငှမှု တစ်ခုအတွက် စုရုံးရာမှ လူအုပ်ပြိုကျပြီး (၂၁)ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရသည်။

Planet.com.mm

No comments:

Post a Comment

My Blog List