Tuesday, July 16, 2013
ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်အတွင်းရှိ မြွေကိုက်ခံရသည့် လူနာများအတွက်
ပရဟိတ မြွေဆိပ်ဖြေဆေး အကျိုးဆောင်ကော်မတီက လှူဒါန်းထားသော
မြွေဆိပ်ဖြေဆေးများဖြင့် ကန့်ဘလူမြို့ ခုတင် ၁၀၀ ဆံ့ဆေးရုံတွင် အထူးကြပ်မတ်
ကုသပေးလျက် ရှိကြောင်း ယင်းဆေးရုံ အုပ်ကြီး ဒေါက်တာမိုးမြင့်ဝင်းက
ပြောကြားသည်။
“အချိန်မီရောက်လာတဲ့ မြွေကိုက်ခံတဲ့ လူနာတွေကို ဆေးရုံအုပ်ကြီး ကြီးကြပ်မှုနဲ့ ဆရာဝန်တွေ၊ ဆေးရုံဝန်ထမ်းတွေက ၂၄ နာရီ အချိန်ပြည့် စောင့်ရှောက်ပေးတယ်” ဟု ၎င်းကဆိုသည်။
ဆေးရုံသို့ရောက်ရှိလာသော မြွေကိုက်ခံ လူနာများတွင် တောင်သူလယ်သမား တို့သာ
ပိုများကြောင်း၊ ကန့်ဘလူ မြို့နယ်အတွင်းမှ လူနာများသာမက နီးစပ်ရာ
မြို့နယ်များမှလည်း လာရောက်ကုသမှု များရှိကြောင်း
ဒေသခံတောင်သူလယ်သမားများထံမှ သိရသည်။ မိုးဦးကျကာလ
သီးနှံစိုက်ပျိုးချိန်နှင့် လယ်ယာစိုက်ပျိုးချိန်တို့ အပြင် ပြောင်း၊
မြေပဲ၊ ပဲစင်းငုံ ရိတ်သိမ်းချိန်၊ စပါးရိတ်သိမ်းချိန်တွင် မြွေကိုက် ခံရမှု
အများဆုံးဖြစ်ပြီး မြွေအမျိုးအစားမှာလည်း မြွေပွေးသာ များပြားကြောင်း
၎င်းတို့က ဖြည့်စွက်ပြောဆိုသည်။
ကန့်ဘလူမြို့
ရွှေသိမ်တော်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တမာဃိန္ဒက ဦးစီးကာ ပရဟိတ
မြွေဆိပ်ဖြေဆေး အကျိုးဆောင် ကော်မတီကို ၂၀၁၂ ခုနှစ် မတ်လ ၁၇ ရက်နေ့က
စတင်ဖွဲ့စည်းခဲ့ပြီး ယင်းနှစ် အတွင်း၌ပင် မြွေပွေးကိုက်ခံရသော လူနာ ၅၁
ဦးကို အဆိပ်ဖြေဆေး အခမဲ့လှူဒါန်း ပေးခဲ့ကြောင်း၊ နယ်မြေဒေသအစုံမှ
မြွေဆိပ်ဖြေဆေး လှူဒါန်းလိုသူများကိုလည်း ဖိတ်ခေါ်ကြောင်း အဆိုပါအသင်း
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံသည်
ဒေသတွင်းနိုင်ငံများအကြား မြွေကိုက်ခံရ မှုနှုန်း မြင့်မားသောနိုင်ငံအဖြစ်
သတ်မှတ်ခံထားရပြီး မြွေကိုက်ခံရသူ အများစုသည် နောက်ဆက်တွဲ ကျန်းမာရေးရလဒ်
များဖြစ်သော ကျောက်ကပ်ပျက်စီးမှု ဝေဒနာကို ခံစားနေရသည်။
The Voice Weekly
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
1 year ago
No comments:
Post a Comment