ဆေးရွက်ကြီး ဈေးကွက် ပေါက်ဈေး မြင့်တက်နေသဖြင့် မန္တလေး တိုင်းဒေ
သကြီး မြင်းခြံမြို့နယ်မှ ဆေးရွက်ကြီး စိုက်ပျိုးသူ ဒေသခံ တောင်သူ များသည် စိုက်စရိတ်၏ ထက်ဝက်ခန့် အကျိုးအမြတ် ရရှိကြောင်း ယင်းဒေသခံ ဆေးရွက်ကြီး စိုက်ပျိုးသူများ က ပြောကြားသည်။
“ဆေးရွက်ကြီးက စိုက်ပျိုးစရိတ်ထက်ကို ထက်ဝက် မြတ်တယ်” ဟု ယင်းဒေသ ဆေးရွက်ကြီးစိုက် တောင်သူတစ်ဦးဖြစ်သူ ဦးသိန်းထွန်းနိုင်က ဆိုသည်။

အဆိုပါဒေသထွက် ဆေးရွက်ကြီးများကို မန္တလေးနှင့် မြင်းခြံရှိ ဆေးလိပ်ခုံ များသို့ တိုက်ရိုက် တင်ပို့သည့် ဈေးကွက် အနည်းငယ်ခန့်သာ ရှိကြောင်း၊ ယင်းဆေးရွက်ကြီး ဝယ်ရောင်း လုပ်ကိုင်သူများမှ တစ်ဆင့် ရောင်းချမှု များကြောင်း ငါန်းဇွန်မြို့နယ် ငါးမြာကြီး ကျေးရွာမှ ဆေးရွက်ကြီးစိုက်
တောင်သူ ဦးမျိုးထက်က ပြောကြားသည်။
“မနှစ်က ဒီလိုအချိန်မှာ အချိန် ၁၀၀ ပိဿာကို ၁၁၀,၀၀၀ ကျပ် ပေါက်ဈေး ရှိတယ်။ ဒီနှစ်တော့ ၁၀၀,၀၀၀ ဝန်းကျင်ပဲ ပေါက်တယ်” ဟု မြင်းခြံမြို့နယ်
ညောင်ပင်သာကျေးရွာ ဒေသခံ ဦးသိန်းထွန်းနိုင်က ဆိုသည်။
မြင်းခြံနှင့် ငါန်းဇွန်မြို့နယ်တို့ရှိ ကျေးလက် ဒေသများတွင် ဆေးရွက်ကြီး စိုက်ပျိုးမှု များပြားပြီး နှစ်စဉ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင် စိုက်ပျိုးကြောင်း၊ အပင်ပေါက်မှာ ခြောက်လခန့် အကြာတွင် ရောင်းချသည့် အဆင့်သို့ ရောက်ရှိပြီး တစ်ဧကလျှင် အပင် ၆၀၀၀ ခန့်အထိ စိုက်ပျိုးနိုင်ကြောင်း၊ တစ်ဧက ထွက်နှုန်းမှာ ပိဿာချိန် ၅၀၀ ခန့် ရှိကြောင်း ဆေးရွက်ကြီးစိုက် တောင်သူများထံမှ စုံစမ်း သိရှိရသည်။
No comments:
Post a Comment