
ဇူလိုင်လ ၁၅ ရက်နေ့မှာ စိတ်ဝင်စားဖို့ အကောင်းဆုံးအစီအစဉ်ကတော့ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်မြို့ကို မြန်မာ့လွတ်လပ်ရေးအတွက်လာရောက်ဆွေးနွေးစဉ် တည်းခိုခဲ့တဲ့ Dorchester Hotel ကို သမ္မတကြီးသွားရောက်လေ့လာခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ်။ဒီအစီအစဉ်ဟာ သမ္မတကြီးရဲ့ မေတ္တာရပ်ခံချက်အရ အိမ်ရှင်များက စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဟိုတယ်ကို ပြန်လည်မွမ်းမံထားတာကြောင့် အခမ်းအနေအထား၊ ဖွဲ့စည်းပုံက ပြောင်းလဲနေပေမယ့် အဲဒါက ဟိုတုံးက ဗိုလ်ချုပ်နေခဲ့တဲ့နေရာပါပဲ။
သမ္မတကြီးက ဗိုလ်ချုပ်ခရီးစဉ်အတွင်းရိုက်ကူးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံများကိုလည်း လေ့လာခဲ့ပြီး ဒီပုံများကို မြန်မာပြည်သူများလေ့လာနိုင်ရေး အတွက် မြန်မာနိုင်ငံမှာလာရောက်ပြသဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
Ye Htut
No comments:
Post a Comment