Wednesday, July 17, 2013
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေး၏သမီးဖြစ်သူ ဝေနှင်းပွင့်သုန်
ဦးဆောင်သည့် Burma Campaign UK မှ အဖွဲ့ဝင် (၁၀)ဦးခန့်သည်
သမ္မတဦးသိန်းစိန် ဗြိတိန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံမည့် အမှတ်(၁၀)
ဒေါင်းနင်းလမ်းရှိ ၀န်ကြီးချုပ်နေအိမ်အနီးတွင် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။
၎င်းတို့ဆန္ဒပြရာတွင် ကုလသမဂ္ဂ ဘန်ကီမွန်းမှ အစိုးရအား တိုက်တွန်းထားသည့်
ရိုဟင်ဂျာတို့အား နိုင်ငံသားအဖြစ် သတ်မှတ်ရေးတို့အား အကောင်အထည်ဖော်
ဆောင်ရွက်ရေး မြန်မာနိုင်ငံရှိ ဘင်္ဂလီများ လူ့အခွင့်အရေး တန်းတူရရှိရေး၊
နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ တို့အား
တောင်းဆိုခဲ့သည်။ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေးအနေဖြင့် ရိုဟင်ဂျာအား
လက်မခံကြောင်း လူသိရှင်ကြား ပြောကြားခဲ့သော်လည်း ၎င်း၏ သမီးဖြစ်သူမှာ
အင်္ဂလန်တွင်နေပြီး ရိုဟင်ဂျာများနိုင်ငံသားဖြစ်ခွင့်အရေးကို
အဓိကကူညီဆောင်ရွက်နေသူတစ်ဦးဖြစ်သည်။ ၎င်း ဆန္ဒပြပွဲတွင်
ဝေနှင်းပွင့်သုန်နှင့်အတူ Burma Campaign UK မှ မဇိုရာမန်းတို့ပါဝင်ခဲ့ပြီး
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဘာသာရေးအရေးအခင်းများနှင့်ပတ်သက်၍
မြန်မာနိုင်ငံအား ရ၀မ်ဒါလို မဖြစ်ပါစေနှင့် ဆိုပြီး မြန်မာနိုင်ငံသား
များအနေဖြင့် ဘင်္ဂလီလူမျိုးများကို ရ၀မ်ဒါနိုင်ငံမှ လူမျိုးတုံး
သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သကဲ့သို့ပြုလုပ်နသည့် ပုံစံဖြင့်
ထင်ယောင်ထင်မှား ဖြစ်အောင် လှုံ့ဆော်နေကြောင်း UK ရှိ မျက်မြင်သက်သေတစ်ဦးမှ
ပြောကြားသွားသည်။
Nanda(UK)
Bagan Online Media
Nanda(UK)
Bagan Online Media
No comments:
Post a Comment