စပိန်လက်ရွေးစင်နှင့် ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ဇာဗီသည် ၎င်း၏ချစ်သူ နူရီယာ ကူနီလီရာနှင့် လက်ထပ်ထိမ်းမြားလိုက်ပြီဖြစ်သည်။ ဇာဗီ၏ မင်္ဂလာပွဲသို့ ၎င်း၏ အဓိက ကစားဖော်အများစု တက်ရောက်ခဲ့ကြသည်။
ဇာဗီနှင့် နူရီယာတို့သည် ယူရို ၂၀၁၂ မတိုင်မီက တွေ့ဆုံ ချစ်ကျွမ်းဝင်ခဲ့ခြင်းဖြစ်သည်။ မင်္ဂလာပွဲကျင်းပပြီးနောက် ဇာဗီစုံတွဲမှာ Seychelles ကျွန်းနိုင်ငံတွင် ဟန်းနီးမွန်းခရီး သွားရောက်ရန် စီစဉ်ထားသည်။

ဇာဗီနှင့် နူရီယာတို့၏ မင်္ဂလာပွဲကို ပရိသတ် ၁၈၀ တက်ရောက်ခဲ့ကြပြီး ၁၅ ရာစုနှစ်က ဘုန်တော်ကြီးကျောင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေးဗစ် ဗီလာ၊ ပီပီ ရေနာ၊ မာရှေယာနို၊ ဗစ်တာ ဗားဒက်စ်၊ အင်နီယေစတာ၊ ဖာဘရီဂက်စ်၊ မက်ဆီ အစရှိသည့် စပိန်နှင့် ဘာစီလိုနာအသင်း ကစားဖော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment