Tuesday, July 16, 2013

CNG ဈေးနှုန်း ပြောင်းလဲမှု အငှားယာဉ်များ အပေါ်သာ အကျိုး သက်ရောက်နိုင်

Tuesday, July 16, 2013
CNG သဘာဝ ဓာတ်ငွေ့ဈေးနှုန်းများ ပြောင်းလဲမည် ဆိုပါက အငှားယာဉ် (Taxi) များ အပေါ်၌သာ ပြောင်းလဲသွားမည် ဖြစ်ပြီး ဈေးနှုန်းကိုလည်း သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ရောင်းချသွား မည် ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာန ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ သိရသည်။
''ဈေးနှုန်း ပြောင်းလဲမယ့် နေရာမှာတော့ Taxi တွေပဲ ပါမှာပါ။ Bus တွေကတော့ မပါသေးဘူး။ ဈေးနှုန်းဘယ်လောက် ဖြစ်မယ်၊ ဘယ်အချိန်မှာ ရောင်းမယ်၊ ကျမယ်၊ တက်မယ်ဆိုတာ ကိုတော့ တိတိ ကျကျ မပြောနိုင်သေးဘူး'' ဟု စွမ်းအင် ဝန်ကြီးဌာန ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

CNG ဈေးနှုန်း တိုးမြှင့်ရာ၌ ဒီဇယ်ဆီ၊ ဓာတ်ဆီဈေးနှုန်းများ နည်းတူ ရောင်းချရန် မဖြစ်နိုင် သော်လည်း ပြည်ပနိုင်ငံများ၌ ရောင်းချနေသည့် သဘာဝ ဓာတ်ငွေ့ ဈေးနှုန်းများနှင့် နှိုင်းယှဉ် ကာသင့်တင့်မျှ တသည့် ဈေးနှုန်းတစ်ခုဖြင့် ရောင်းချသွားရန် အတွက် ဝန်ကြီးဌာန အနေဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။ CNG ဓာတ်ငွေ့ဈေးနှုန်းများ သုံးဆမြင့်တက်မည် ဆိုသော သတင်းမှာ ကောလာဟလ သာ ဖြစ်ပြီး ယခုအချိန်တွင် ယခင်ဈေးနှုန်း အတိုင်းသာ ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ တစ်နိုင်ငံလုံး၌ တရားဝင် ခွင့်ပြုထားသည့် သဘာဝ ဓာတ်ငွေ့သုံး မော်တော်ယာဉ် ၂၇၄၇၆ စီးအတွက် ဓာတ်ငွေ့ အရောင်းဆိုင် ၄၅ ဆိုင်မှ တစ်လလျှင် သဘာဝ ဓာတ်ငွေ့ ကုဗပေ သန်း ၆ဝဝ ခန့် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

မင်းကနောင်
မြ၀တီ

No comments:

Post a Comment

My Blog List