Tuesday, July 16, 2013

မန္တလေးတွင် သုံးဧကနီးပါး ကျယ်ဝန်းသော အမှိုက်လွှဲပြောင်းဇုန် ပြုလုပ်

Tuesday, July 16, 2013
မန္တလေးမြို့နယ် ချမ်းမြသာစည် မြို့နယ်တွင် သုံးဧကနီးပါး အကျယ်အ၀န်းရှိ မြေနေရာအား အမှိုက်လွှဲပြောင်း ဇုန်အဖြစ် ပြုလုပ်လျက်ရှိကြောင်း မြို့တော်စည်ပင်ရေနှင့် သန့်ရှင်းရေးဌာနမှ စုံစမ်းသိရသည်။''မြို့တွင်းက အမှိုက်တွေကို မြို့ပြင်ကို လွှဲပြောင်းဖို့ အမှိုက်လွှဲပြောင်းဇုန် လုပ်သွားမယ်။ မြေနေရာက နှစ်ဧကခွဲကျော်ရှိမယ်'' ဟု ရေနှင့်သန့်ရှင်းရေး ဌာနမှူး ဦးနေ၀င်းမြင့်က ပြောကြားသည်။ယခင်က သတ်မှတ်နေရာ မဟုတ်သော်လည်း အမှိုက်စွန့်ပစ်သည့် ကန်သာယာရပ်ကွက်တွင် အမှိုက်လွှဲပြောင်းဇုန် ပြုလုပ်သွားမည်ဖြစ်ပြီး လပိုင်းအတွင်း ပြီးစီးဖွယ်ရှိကြောင်း သိရသည်။

 Photo: မန္တလေးတွင် သုံးဧကနီးပါး ကျယ်ဝန်းသော အမှိုက်လွှဲပြောင်းဇုန် ပြုလုပ်
Tuesday, July 16, 2013

မန္တလေးမြို့နယ် ချမ်းမြသာစည် မြို့နယ်တွင် သုံးဧကနီးပါး အကျယ်အ၀န်းရှိ မြေနေရာအား အမှိုက်လွှဲပြောင်း ဇုန်အဖြစ် ပြုလုပ်လျက်ရှိကြောင်း မြို့တော်စည်ပင်ရေနှင့် သန့်ရှင်းရေးဌာနမှ စုံစမ်းသိရသည်။

''မြို့တွင်းက အမှိုက်တွေကို မြို့ပြင်ကို လွှဲပြောင်းဖို့ အမှိုက်လွှဲပြောင်းဇုန် လုပ်သွားမယ်။ မြေနေရာက နှစ်ဧကခွဲကျော်ရှိမယ်'' ဟု ရေနှင့်သန့်ရှင်းရေး ဌာနမှူး ဦးနေ၀င်းမြင့်က ပြောကြားသည်။

ယခင်က သတ်မှတ်နေရာ မဟုတ်သော်လည်း အမှိုက်စွန့်ပစ်သည့် ကန်သာယာရပ်ကွက်တွင် အမှိုက်လွှဲပြောင်းဇုန် ပြုလုပ်သွားမည်ဖြစ်ပြီး လပိုင်းအတွင်း ပြီးစီးဖွယ်ရှိကြောင်း သိရသည်။

''နိုင်ငံတကာမှာလည်း အမှိုက်လွှဲပြောင်းဇုန် စနစ်ရှိတယ်။ ကန်သာယာ ဘက်ကနေရာကို ခြံဝင်းခတ်၊ ဗီနိုင်းဘုတ်တွေ ထောင်ပြီး အမှိုက်လွှဲပြောင်းဇုန် လုပ်မှာပါ။ အခုစလုပ်နေပြီ။ လပိုင်းအတွင်း ပြီးစီးနိုင်တယ်'' ဟု ရေနှင့်သန့်ရှင်းရေး ဌာနမှူးက ဆိုသည်။

''အခုလောလောဆယ်တော့ ကိုယ်က စနစ်တကျ အမှိုက်ပစ်ချင်ရင်တောင် မလွယ်ပါဘူး။ အမှိုက်ပုံးက အလွယ်တကူ မရှိဘူး။ အဲဒီတော့ မြေကြီးပေါ်မှာ အမှိုက်စုပုံထားတဲ့ နေရာတွေပေါ် ပစ်ခဲ့ရတာပဲ'' ဟု မန္တလေးမြို့ခံ တစ်ဦးက ဆိုသည်။

မန္တလေးမြို့တွင် နေ့စဉ်အမှိုက် ထွက်ရှိမှုမှာ တန်ချိန် ၈၀၀ နီးပါး ရှိကြောင်း ထွက်ရှိသော အမှိုက်များအား ကြာနီကန် အမှိုက်ကျင်း၊ မဲကင်းကုန်း အမှိုက်ကျင်းနှင့် တောင်အင်း မြောက်အင်း အမှိုက်ကျင်းများတွင် စွန့်ပစ်လျက် ရှိကြောင်း သိရသည်။

Eleven Media Group

မန္တလေးမြို့၊ ကန်သာယာ ရပ်ကွက် ၅၈ လမ်းရှိ အမှိုက်ပုံ တစ်ခုအား ဇူလိုင် ၁၅ ရက်က တွေ့ရစဉ်
''နိုင်ငံတကာမှာလည်း အမှိုက်လွှဲပြောင်းဇုန် စနစ်ရှိတယ်။ ကန်သာယာ ဘက်ကနေရာကို ခြံဝင်းခတ်၊ ဗီနိုင်းဘုတ်တွေ ထောင်ပြီး အမှိုက်လွှဲပြောင်းဇုန် လုပ်မှာပါ။ အခုစလုပ်နေပြီ။ လပိုင်းအတွင်း ပြီးစီးနိုင်တယ်'' ဟု ရေနှင့်သန့်ရှင်းရေး ဌာနမှူးက ဆိုသည်။
''အခုလောလောဆယ်တော့ ကိုယ်က စနစ်တကျ အမှိုက်ပစ်ချင်ရင်တောင် မလွယ်ပါဘူး။ အမှိုက်ပုံးက အလွယ်တကူ မရှိဘူး။ အဲဒီတော့ မြေကြီးပေါ်မှာ အမှိုက်စုပုံထားတဲ့ နေရာတွေပေါ် ပစ်ခဲ့ရတာပဲ'' ဟု မန္တလေးမြို့ခံ တစ်ဦးက ဆိုသည်။
မန္တလေးမြို့တွင် နေ့စဉ်အမှိုက် ထွက်ရှိမှုမှာ တန်ချိန် ၈၀၀ နီးပါး ရှိကြောင်း ထွက်ရှိသော အမှိုက်များအား ကြာနီကန် အမှိုက်ကျင်း၊ မဲကင်းကုန်း အမှိုက်ကျင်းနှင့် တောင်အင်း မြောက်အင်း အမှိုက်ကျင်းများတွင် စွန့်ပစ်လျက် ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List