Tuesday, July 16, 2013

မြင်းခြံမြို့နယ်ရှိ ဆီမီးခုံဆိပ်ကမ်း တည်ဆောက်ခြင်း လုပ်ငန်းကို ရက်အနည်းငယ်အတွင်း စတင်မည်

Tuesday, July 16, 2013
မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ် အတွင်းရှိ ဆီမီးခုံဆိပ်ကမ်း တည်ဆောက်ခြင်း လုပ်ငန်းများအား လာမည့်ရက် အနည်းငယ်အတွင်း စတင်ဆောင်ရွက်မည်ဟု သိရှိရသည်။
မြင်းခြံမြို့နယ် အတွင်းရှိသော ဆီမီးခုံမြို့၊ ဆီမီးခုံဆိပ်ကမ်း စီမံကိန်းအား လွန်ခဲ့သော တစ်နှစ်ကျော်မှ စတင်ခဲ့ပြီး ယခုအခါ ဆိပ်ကမ်းအား မြေပေါ်ရေအောက် တည်ဆောက်ခြင်းများကို လာမည့်လအတွင်း စတင်နိုင်မည်ဟု သိရသည်။

Photo: မြင်းခြံမြို့နယ်ရှိ ဆီမီးခုံဆိပ်ကမ်း တည်ဆောက်ခြင်း လုပ်ငန်းကို ရက်အနည်းငယ်အတွင်း စတင်မည်
Tuesday, July 16, 2013

မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ် အတွင်းရှိ ဆီမီးခုံဆိပ်ကမ်း တည်ဆောက်ခြင်း လုပ်ငန်းများအား လာမည့်ရက် အနည်းငယ်အတွင်း စတင်ဆောင်ရွက်မည်ဟု သိရှိရသည်။

မြင်းခြံမြို့နယ် အတွင်းရှိသော ဆီမီးခုံမြို့၊ ဆီမီးခုံဆိပ်ကမ်း စီမံကိန်းအား လွန်ခဲ့သော တစ်နှစ်ကျော်မှ စတင်ခဲ့ပြီး ယခုအခါ ဆိပ်ကမ်းအား မြေပေါ်ရေအောက် တည်ဆောက်ခြင်းများကို လာမည့်လအတွင်း စတင်နိုင်မည်ဟု သိရသည်။

''စီမံကိန်းက လွန်ခဲ့တဲ့ ၁၄ လလောက်ကပဲ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီမှာတာဝန်ကျတဲ့ ၀န်ထမ်းအချို့က မြို့သာစီမံကိန်းမှာလည်း တာဝန်ထမ်းဆောင် ရတာတွေ ရှိ ပါတယ်။ လာမယ့် ဇူလိုင်လအကုန် ဒါမှမဟုတ် သြဂုတ်လဆန်းပိုင်း လောက်မှပဲ ၀န်ထမ်းအချို့နဲ့ စက်ယန္တရားတွေ ရောက်တဲ့အခါ စတင်တည်ဆောက် သွားမှာပါ။ အကြီးစား စက်ယန္တရားတွေ၊ သံမဏိပစ္စည်းတွေ တင်ဆောင်တဲ့ သင်္ဘောကြီးတွေ အများဆုံး ၀င်ရောက် ဆိုက်ကပ်မှာပါ'' ဟု ဆီမီးခုံဆိပ်ကမ်း စီမံကိန်း၏ တာဝန်ကျ ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

မြင်းခြံမြို့နယ် အတွင်းရှိ ဆီမီးခုံဆိပ်ကမ်း တည်ဆောက်ခြင်း စီမံကိန်းအား စတင် ဆောင်ရွက်စဉ် အခါက စီမံကိန်းအတွက် နေရာများ ၀ယ်ယူခြင်းနှင့် နစ်နာကြေးများ အတွက် လျော်ကြေးငွေများ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

Eleven Media Group
ဆီမီးခုံဆိပ်ကမ်း တည်ဆောက်မည့် နေရာအား တွေ့ရစဉ်

No comments:

Post a Comment

My Blog List