Friday, July 19, 2013

မန္တလေးတွင် ကြော်ငြာဆိုင်းဘုတ်များအား အရွယ်အစားပြင်ဆောက်ရန် ညွှန်ကြား

Friday, July 19, 2013
မန္တလေးမြို့ လမ်းမကြီးပေါ်ရှိ လမ်းနယ်နိမိတ်ကို ကျူးကျော်ဆောက်လုပ်ထားသော ကြော်ငြာဆိုင်းဘုတ် များကို အရွယ်အစား ပြင်ဆင်ဆောက်လုပ်ရန် ကုမ္ပဏီများထံ ညွှန်ကြားထားပြီး လိုက်နာမှုမရှိပါက အရေး ယူသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ တာဝန်ရှိ သူ ဦးဇော်ဝင်းကပြောကြားခဲ့သည်။
“သတ်မှတ်ချက်အရ လမ်းမပေါ်မှာ မောင်တံထုတ်ထားတဲ့ ကြော်ငြာဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းဖို့ အသိပေးထားပြီးပါပြီ။ မလိုက်နာတဲ့ ကုမ္ပဏီများကိုဘယ်လို အရေးယူဆောင်ရွယ်မယ်ဆိုတာကို ကော်မတီ အစည်းအဝေးက ဆုံးဖြတ်မှာပါ” ဟု အဆောက်အအုံနှင့် ကုန်ရုံဌာနမှ တာဝန်ရှိသူဦးဇော်ဝင်းကပြောသည်။ မြို့ပြမြင်ကွင်းလှပစေရန်နှင့် ကြော်ငြာဆိုင်းဘုတ်များကြောင့် ယာဉ်တိုက်မှုမရှိစေရန် ရည်ရွယ်၍ ဆိုင်းဘုတ် များ၏လက်ရှိအနေအထားမှအရွယ်အစား၊ ပုံစံကြော်ငြာဆိုင်းဘုတ်များ ပြင်ဆင်ရန် ညွှန်ကြားခြင်း လည်း ဖြစ်ကြောင်း ၎င်းကပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသည် လက်ရှိတွင် မန္တလေးမြို့ ၂၆ လမ်းထိပ်မှ ၇၈ လမ်း ရန်ကုန်- မန္တလေးလမ်းတစ်လျောက် မြစ်ငယ်တံတားထိပ်အထိ တပ်ဆင်ထာသည့် ကြော်ငြာဆိုင်းဘုတ်များ ကို အလျား ၃၃ ပေ၊ အနံ ၁၃ ပေအရွယ်အစားအတိုင်း ပြင်ဆင်ရန်လည်း ညွှန်ကြားထားသည်ဟုဆိုသည်။
ထို့အပြင် သတ်မှတ်ချက်အရ မြို့တွင်းအဓိကလမ်းမကြီးဖြစ်သည့် ၇၈ လမ်းတစ်လျောက်ရှိ ကြော်ငြာ ဆိုင်းဘုတ်များကို တစ်ဖက်မြင်သာဆောက်ရန် ညွှန်ကြားထားပြီး ဆိုင်းဘုတ်တစ်ခုနှင့်တစ်ခု အကွာ အ ဝေးပေ ၁၅၀ နှင့် ပေ ၂၀၀ အကွာအဝေးရှိရန်လည်း သတ်မှတ်ထားကြောင်းသိရသည်။
မြို့တွင်း အဓိကလမ်းမကြီးဖြစ်သည့် အဆိုပါလမ်းပိုင်းတွင် ကြော်ငြာကုမ္ပဏီပေါင်း ၂၀ ခန့်၏ အရွယ် အစားကြီးမားသည့် ကြော်ငြာဘုတ်များရှိပြီး ယင်းဆိုင်းဘုတ်ကြီးများသည် လမ်းမပေါ်တွင် မောင်းတံ ထုတ်ထားပြီး အရွယ်အစားလည်း အလွန်ကြီးမားကြောင်း စည်ပင်ယာသာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။
ရန်ကုန်မြို့တွင်လည်း စည်ပင်သာယာ နယ်နိမိတ်အတွင်း ကြော်ငြာဆိုင်းဘုတ်များ တပ်ဆင်ခြင်းမပြုလုပ် ရန် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ညွှန်ကြားခဲ့သေးသည်။
Mizzima News

No comments:

Post a Comment

My Blog List