Tuesday, July 16, 2013

၂၄ ထပ်အမြင့်ရှိ အဆောက်အအုံ တစ်လုံးအား တာမွေမြို့နယ် ကျိုက္ကဆံလမ်းပေါ်တွင် ထပ်မံဆောက်လုပ်ခွင့်ပြု

Tuesday, July 16, 2013
၂၄ ထပ်အမြင့်ရှိ အဆောက်အအုံ တစ်လုံးအား တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း၊ အမှတ် (၁၂) တွင် ထပ်မံ ဆောက်လုပ်ခွင့် ပြု ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ စိစစ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Photo: ၂၄ ထပ်အမြင့်ရှိ အဆောက်အအုံ တစ်လုံးအား တာမွေမြို့နယ် ကျိုက္ကဆံလမ်းပေါ်တွင် ထပ်မံဆောက်လုပ်ခွင့်ပြု
Tuesday, July 16, 2013

၂၄ ထပ်အမြင့်ရှိ အဆောက်အအုံ တစ်လုံးအား တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း၊ အမှတ် (၁၂) တွင် ထပ်မံ ဆောက်လုပ်ခွင့် ပြု ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ စိစစ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့တော်အတွင်း အထပ်မြင့် အဆောက်အအုံကြီးများ ဆောက်လုပ်ခွင့် လျှောက်ထားခြင်းကို စိစစ်ခွင့် ပြုနိုင်ရန်အတွက် အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး ကော်မတီကို ပြီးခဲ့သည့် ၂၀၁၂ ခု နှစ် အောက်တိုဘာ ၂၅ ရက်တွင် ဖွဲ့စည်းခဲ့ကာ တင်ပြလာသော အထပ်မြင့် အဆောက်အအုံ ကြီးများအား စိစစ်ခွင့် ပြုခဲ့ကြောင်း သိရသည်။ တင်ပြလာသော အထပ်မြင့် အဆောက်အအုံ အများအပြားရှိပြီး ယင်းအထဲတွင် ၁၉ ထပ်၊ ၂၂ ထပ်၊ ၂၇ ထပ်၊ ၃၈ ထပ်၊ ၄၄ ထပ်စသည်ဖြင့် ပါဝင်ခဲ့ပြီး ယင်းအထဲမှ ပထမဆုံး ခွင့်ပြုမှုအဖြစ် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ အမှတ် (၆၅/ ဘီ) နေရာတွင် ၂၇ ထပ်နှင့် မြေအောက်ထပ် သုံးထပ် ပါဝင်သော အဆောက်အအုံကို A1 Construction Co.Ltd ကို ဆောက်လုပ် ခွင့်ပြုခဲ့ကြောင်း၊ ထို့နောက် ကျွန်းတောလမ်း၊ မြေတိုင်းရပ်ကွက်၊ ကမာရွတ်မြို့နယ် Junction Square ဧရိယာအနီး ၁၅ ထပ်၊ ၁၉ ထပ်၊ ၂၂ ထပ် အဆောက်အအုံများကို ရွှေတောင်ကုမ္ပဏီနှင့် တာမွေမြို့နယ်၊ ဆရာစံလမ်းပေါ်တွင် ၂၂ ထပ်အဆောက်အအုံကို Mandalay Golden Wing Construction Co.Ltd တို့ကို ဆောက်လုပ်ခွင့် ပြုခဲ့ကြောင်း သိရသည်။

ထို့နောက် လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်းနှင့် ၁ လမ်းထောင့်တွင် ၁၄ ထပ် အဆောက်အအုံ တစ်လုံးကို ဆောက်လုပ်ခွင့် ပြုခဲ့ပြီး ထပ်မံ၍ တာမွေမြို့နယ် ကျိုက္ကဆံလမ်းပေါ်တွင် ၂၄ ထပ် အဆောက်အအုံကို ထပ်မံဆောက်လုပ်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၄ ထပ် အဆာက်အအုံအား Super Shine Co.Ltd ကို ဆောက်လုပ်ခွင့် ပြုခဲ့ခြင်းဖြစ်ပြီး မြေအောက် (Basement) နှစ်ထပ်လည်း ပါဝင်ကြောင်း သိရသည်။

အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး ကော်မတီအနေဖြင့် ဆောက်လုပ်ခွင့် တင်ပြလာသော အထပ်မြင့် အဆောက်အအုံကြီးများအား ဆောက်လုပ်ရန် ခွင့်ပြုသင့် မသင့်ကို အချက် ၆ ချက်ဖြင့် ခွင့်ပြုခြင်းဖြစ်ပြီး ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာ အတွင်းဖြစ်လျှင် ရွှေတိဂုံစေတီတော် အမြင့်နှင့် နှိုင်းယှဉ်၍ သတ်မှတ်ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ကျော်လွန်မှု ရှိ/မရှိ၊ ကားပါကင် လုံလောက်မှု ရှိ/မရှိ၊ ရေပေးဝေ နိုင်မှုရှိ/မရှိ၊ ရေစီးရေလာ ကောင်းမွန်မှု ရှိ/ မရှိ၊ အမှိုက်နှင့် ရေဆိုးစွန့်ထုတ်မှုစနစ်နှင့် လျှပ်စစ်ဓာတ်အားစနစ် စသည့် အချက်အလက်များဖြင့် လုပ်ထုံးလုပ်နည်းများအတိုင်း သက်ဆိုင်ရာ ဌာနများညှိနှိုင်းစစ်ဆေးပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ပြစစ်ဆေး၍ ဆောက်လုပ်ခွင့် ပေးခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group
ရန်ကုန်မြို့လယ်ရှိ ၂၄ ထပ်အမြင့်ရှိ ကုန်သည်ကြီးများ ဟိုတယ်အား တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးထွန်း)

No comments:

Post a Comment

My Blog List