Wednesday, July 17, 2013

နိုင်ငံခြားခရီးသွား ၀င်ရောက်မှု များပြားလာသောကြောင့် ဟိုတယ် ၈၂၆ လုံးတွင် အခန်းသုံးသောင်းနီးပါး ဖွင့်လှစ်ရန် ခွင့်ပြုထား

Wednesday, 17 July 2013
၂၀၁၃ ခုနှစ်အတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် ၁ ဒသမ ၅ သန်းခန့် ၀င်ရောက်မည်ဟု ခန့်မှန်းထားပြီး ဟိုတယ် ၈၂၆ လုံးတွင် အခန်းသုံးသောင်းနီးပါး ဖွင့်လှစ်ရန်ခွင့် ပြုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။ခရီးသွား များပြားလာမှုကြောင့် ဟိုတယ်နှင့် ခရီးသွားကုမ္ပဏီ လုပ်ငန်းလိုင်စင်များကို တိုးမြှင့်ခွင့် ပြုပေးနေပြီး ဇွန် ၃၁ ရက် အထိ ဟိုတယ်နှင့် တည်းခိုခန်းလိုင်စင် ၈၂၆ လုံး အခန်း ၂၉၉၉၉ ခန်း ဖွင့်လှစ်ရန် ခွင့်ပြုပြီးဖြစ်သည်။
ထို့အတူ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် ၁၁၀၂ ခု၊ ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် ၁၉၀ နှင့် ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ၃၃၄၁ ခုကိုလည်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

Photo: နိုင်ငံခြားခရီးသွား ၀င်ရောက်မှု များပြားလာသောကြောင့် ဟိုတယ် ၈၂၆ လုံးတွင် အခန်းသုံးသောင်းနီးပါး ဖွင့်လှစ်ရန် ခွင့်ပြုထား
Wednesday, 17 July 2013 

၂၀၁၃ ခုနှစ်အတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် ၁ ဒသမ ၅ သန်းခန့် ၀င်ရောက်မည်ဟု ခန့်မှန်းထားပြီး ဟိုတယ် ၈၂၆ လုံးတွင် အခန်းသုံးသောင်း
နီးပါး ဖွင့်လှစ်ရန်ခွင့် ပြုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။

ခရီးသွား များပြားလာမှုကြောင့် ဟိုတယ်နှင့် ခရီးသွားကုမ္ပဏီ လုပ်ငန်းလိုင်
စင်များကို တိုးမြှင့်ခွင့် ပြုပေးနေပြီး ဇွန် ၃၁ ရက် အထိ ဟိုတယ်နှင့် တည်းခို
ခန်းလိုင်စင် ၈၂၆ လုံး အခန်း ၂၉၉၉၉ ခန်း ဖွင့်လှစ်ရန် ခွင့်ပြုပြီးဖြစ်သည်။

ထို့အတူ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် ၁၁၀၂ ခု၊ ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် ၁၉၀ နှင့် ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ၃၃၄၁ ခုကိုလည်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်း လိုင်စင်ချထားပေးရာတွင် ခရီးသွားများ အဓိက သွားလာမှုများသော နေရာဒေသများကို ဦးစားပေး ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ခရီးသွားဝင်ရောက်မှု အများဆုံး ရန်ကုန်မြို့တွင် ဟိုတယ် ၂၁၀-အခန်း ၉၁၆၃ ခန်း၊ မန္တလေးမြို့တွင် ဟိုတယ် ၈၃ လုံး-အခန်း ၃၅၂၂ ခန်း၊ နေပြည်တော်ဒေသတွင် ဟိုတယ် ၄၀-အခန်း ၂၅၃၇ ခန်း၊ ပုဂံညောင်ဦးမြို့တွင် ဟိုတယ် ၇၆ လုံး-အခန်း ၂၃၃၁ ခန်း၊ တောင်ကြီးအင်းလေးတွင် ဟိုတယ် ၆၁ လုံး-အခန်း ၁၇၁၈ ခန်းအထိ ဖွင့်လှစ်ရန် ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခရီးသွားလှည့်လည်ရေး လုပ်ငန်းလိုင်စင် ခွင့်ပြုပေးမှုများလည်း များပြားလာခဲ့ပြီး ဇွန် ၃၁ ရက်အထိ နိုင်ငံသားပိုင် ကုမ္ပဏီ ၁၀၈၃ ခု၊ နိုင်ငံခြားသားနှင့် နိုင်ငံသားပိုင် ကုမ္ပဏီ ၁၈ ခု၊ နိုင်ငံခြားသားပိုင် ကုမ္ပဏီတစ်ခုကို ခွင့်ပြုပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၂ ခုနှစ်တွင် ရန်ကုန်လေဆိပ်မှ နိုင်ငံခြား ခရီးသွားဧည့်သည်
 ခြောက်သိန်းကျော်နှင့် နယ်စပ်အသီးသီးမှ ၀င်ရောက်သူ လေးသန်းကျော်
ရှိပြီး စုစုပေါင်း တစ်သန်းကျော် လာရောက်ခဲ့သည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြား
ခရီးသွား ၀င်ရောက်မှု ဆက်တိုက်မြင့်တက်လျက်ရှိပြီး ယခုနှစ်တွင် ၂၀၁၂ ခုနှစ်ထက် ရာခိုင်နှုန်း ၄၀ ၀န်းကျင် တိုးတက်ဝင်ရောက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက ခန့်မှန်းထားသည်။

၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်အထိ မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၈၃ ဒသမ ၃၄ ဘီလျံကျော်အထိ ရှိလာကြောင်း သိရသည်။ ထို့အတူ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံပြီးသော
 နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၆ ဘီလျံနီးပါး ရှိလာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ သုံးပုံတစ်ပုံကျော် ရှိသည်။

မြန်မာနိုင်ငံတွင် လက်ရှိလုပ်ငန်းလည် ပတ်နေသော နိုင်ငံသားနှင့်
 နိုင်ငံခြားသားပိုင် ဟိုတယ် ၇၅၀ နီးပါးရှိပြီး အခန်းစုစုပေါင်း ၂၇၀၀၀ ကျော်
ရှိကြောင်းနှင့် လုပ်ငန်းလည်ပတ်နေသော နိုင်ငံခြားဟိုတယ် ၃၀ ရှိပြီး အခန်းပေါင်း ၅၂၀၇ ရှိကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

My Blog List