အိန္ဒိယနိုင်ငံမှာ ဂျွန်လအတွင်း ဖြစ်ခဲ့တဲ့ ရေကြီးမှုကြောင့် လူပေါင်း ၅၇၀၀ ပျောက်ဆုံးနေပြီး ခုအခါ အဲဒီလူတွေကို သေဆုံးသူတွေလို့ သတ်မှတ်လိုက်ပြီး အစိုးရက ကျန်ရစ်တဲ့ မိသားစုဝင်တွေကို ရော်ကြေးငွေပေးတာတွေ လုပ်မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဂျွန်လတုန်းက အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ်မှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အဲဒီရေကြီးမှုကြောင့် လူပေါင်း ၆၀၀ သေဆုံးခဲ့ရတယ်လို့ အိန္ဒိယအစိုးရက ကြေညာခဲ့ပြီး လူပေါင်း ၅၇၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ ပြောဆိုခဲ့ရာက ခုအခါမှာ ပျောက်ဆုံးသူတွေကို သေဆုံးသူစာရင်းထဲ ထည့်ထားလိုက်တာ ဖြစ်ပါတယ်။

မိုးသည်းထန်မှုကြောင့် ရေကြီးမှုတွေ၊ မြေပြိုမှုတွေဖြစ်ခဲ့ပြီး လူနေအိမ်တွေ၊ ဟိုတယ်တွေ၊ လမ်းတွေ ရေထဲ မျောပါခဲ့ရပါတယ်။
ဒုက္ခရောက်သူ လူပေါင်း တစ်သိန်းကိုလည်း အိန္ဒိယအစိုးရက ကယ်ဆယ်နိုင်ခဲ့ပြီး ခုအခါမှာ ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့ အစိုးရက ဒေါ်လာသန်းပေါင်း ၁၆၀ ကို ချမှတ်ပေးမှာ ဖြစ်ပါတယ်။
အဲဒီထဲက ငွေတချို့ကို သေဆုံးသွားသူတွေရဲ့ မိသားစုကို ဝေပေးမယ်လို့ရဲ့ ပြည်နယ်ဝန်ကြီးချုပ်က ကြေညာခဲ့ပြီး ကျန်ရစ်သူ မိသားစုတွေအနေနဲ့ သေဆုံးသူတစ်ဦးစီအတွက် ရော်ကြေးငွေ ဒေါ်လာ ၈၅၀၀ လောက် ရရှိမယ်လို့ သိရပါတယ်။
အဲ့ဒါ့အပြင် ပြန်လည်ထူထောင်ရေးတွေ လုပ်ဖို့အတွက် အိန္ဒိယအစိုးရက ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တွေကို အကူအညီတောင်းခံဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
ABC Radio Australia
No comments:
Post a Comment