Tuesday, July 16, 2013

မန္တလေးတွင် လောင်းကစားမှု ခပ်စိပ်စိပ်ဖမ်းမိလာ ၊ တစ်ရက်ထဲတွင် ၇မှုထိ ဖမ်းဆီးရမိခြင်းများရှိ

Tuesday, July 16, 2013
မန္တလေးတွင် လောင်းကစားမှုများ ခပ်စိပ်စိပ်ဖမ်းမိလာပြီး တစ်ရက်ထဲတွင် ၇မှုထိ ဖမ်းဆီးရမိခြင်းများရှိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မန်းလေးတိုင်းဒေသကြီးတွင် ယခုနှစ်မေလမှ ယခုလ ၁၅က်နေ့အထိ လောင်းကစားမှုပေါင်း ၉၂မှုအထိ ဖမ်းဆီးရမိခဲပြီး ယခုလ ၁၄ရက်နေ့တွင် တစ်ရက်ထဲ လောင်းကစားမှု ၇မှုဖမ်းဆီးရမိခဲ့သည်။
လောင်းကစားမှုများတွင် ၂လုံးထီနှင့် ချဲထိုးမှုများကို အများဆုံးတွေ့ရှိရပြီး ဘောလုံးပွဲရာသီချိန်များတွင် ကျောင်းသားအရွယ်များပင် ဘောလုံးပွဲလောင်းလာသိကို တွေ့နေရာကြောင်း မုံရွာမြို့တွင် နေထိုင်သူ အသက် ၂၆နှစ်အရွယ် ကိုဖိုးဥာဏ်က ပြောသည်။လောင်းကစားလုပ်ပြီး ဘ၀ပျက်သွားတဲ့လူတွေကတော့ ငယ်ငယ်ကတည်းက ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတာပဲ။ အခုလည်း ရှိပါတယ်။ အခုမြင်လာရတာက ဘောလုံးပွဲရာသီဆို ကျောင်းသားလေးတွေတောင် ဆိုင်ကယ်ပေါင် ဖုန်းပေါင်လောင်းနေတာတွေတွေ့လာရတယ်ဟု ကိုဖိုးဥာဏ်က ပြောသည်။
ယခုရက်ပိုင်းတွင် လောင်ကစားမှုများကို စီမံချက်ချကာ ဖမ်းဆီးနေပြီး မြို့နယ်အသီးသီးအား လောင်းကစားမှုပပျောက်ရေးအတွက် လောင်းကစားလုပ်သူများအား ဖမ်းဆီးရေးယူနိုင်ရန်
ညွှန်ကြားထားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဦးစိုးငြိမ်းက ပြောသည်။

ဖိုးလပြည့်

No comments:

Post a Comment

My Blog List