Sunday, February 24, 2013

မြန်မာ့အခက် ၊ တရုတ်အချက်

 

မြန်မာပြည်ဘော်ဒါအနီးတွင်တရုတ်စစ်တပ်က အပြင်း စားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း၊ ယင်း သို့ပြု လုပ်နေခြင်းမှာတရုတ်ပြည်အနောက် တောင်
 ဘက်သို့ မြန်မာပြည်တွင်းစစ်အရှိန် ၀င်ရောက် လာ မှု ကြောင့် ဖြစ်ကြောင်း တရုတ်ပြည်၏ တရားဝင် သတင်းမီဒီယာများ က သောကြာနေ့ တွင် ဖော်ပြ လိုက်သည်။
တရုတ်စစ်တပ်သည် မြန်မာမြောက်ဖျားပိုင်း ကချင်နှင့် နယ်စပ်ဖြစ်သော ယူနန်ပြည်နယ် တွင် စစ်ရေးလေ့ ကျင့်လျက်ရှိသည်။ ကချင်ပြည်နယ်တွင်း တွင် မြန်မာ
အစိုးရ စစ်တပ်နှင့် ကေအိုင်အေတို့အကြား တိုက် ပွဲဖြစ်ပွား နေသလို ဒီဇင်ဘာလ နှောင်းပိုင်းက တိုက်ပွဲအရှိန် မှာ မြင့်တက်ခဲ့ကြောင်း၊ ကျည်ဆံအခွံများမှာ တရုတ်ပြည်တွင်း သို့ ကျရောက် လျက်ပြီး ကချင်စစ်ပြေးဒုက္ခသည်များကလည်း ယူနန်ပြည် နယ် အတွင်း ရှိ ဆွေမျိုးများ သို့မဟုတ် ဟိုတယ်များသို့ ပြောင်းရွှေ့လာကြကြောင်း တရုတ်တာဝန်ရှိသူ များနှင့် သတင်းမီဒီယာ များက ဖော်ပြသည်။
လွန်ခဲ့သည့်လက မြန်မာစစ်အစိုးရဘက်မှ ကေအိုင်အေနှင့်အပစ်အခတ်ရပ်ဆဲရေးကြေညာခဲ့ ပြီး နောက်နေ့ များတွင်မူ မြန်မာ စစ်တပ် က ဆက်လက် တိုက်ခိုက် ခဲ့ခြင်းမျိုး ရှိသည်ဟု ကချင်ပြည် နယ်ရောက် နိုင် ငံခြားသားများ က သတင်း ပေးကြသည်။ သောကြာနေ့ကမူ တရုတ်သတင်းမီဒီယာတစ်ခု က မြန်မာအစိုး ရနှင့် ကေအိုင်အေတို့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု များရှိသော်လည်း ထိရောက်သည့် တိုးတက်မှု တစုံတရာမတွေ့ ရကြောင်း ပြောကြားသည်။
တရုတ်တို့ ယူနန်တွင် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်ရခြင်းမှာ တရုတ်စစ်တပ်အနေဖြင့် စစ်ပွဲများတွင် တိုက်ခိုက်နိုင်စေရန်နှင့် အောင်မြင်မှုများရရှိစေဖို့ ရည်ရွယ်ကြောင်း ဆင်ဟွာသတင်းဌာနက ကြာသ ပတေးနေ့က ဖော်ပြသည်။စစ်ရေးလေ့ကျင့်မှုကို တရုတ်နှစ်သစ်ကူးအပြီး ယခုလအတွင်း စတင်ခဲ့ကြောင်း၊ နယ်စပ်လုံခြုံရေးအစောင့်များကို တိုက်ပွဲငယ်များအတွက် အဓိက လေ့ကျင့်သင်ကြားပေးရန် ရည်မှန်းကြောင်း ဆင်ဟွာ သတင်းက ဖော်ပြသည်။ တရုတ်စစ်တပ်များကို ဆိုးဝါးလှသည့် ရာသီဥတု အတွင်းချီတက်နိုင်ဖို့နှင့်မမြင်ရသည့်အနေအထားများတွင်အဆက်အသွယ်ပြုလုပ်နိုင်ဖို့ လေ့ကျင့်ပေးနေကြောင်း လည်း သိရသည်။

ယူနန်ပြည်နယ်တွင် တောင်ကုန်းထူထပ်သဖြင့် စိန်ခေါ်မှုများရှိနေကြောင်း၊ တရုတ်စစ်တပ်ကို တောထဲ၊ လျှိုမြှောင်များနှင့် ရေထဲတွင်ပါ တိုက်ခိုက်နိုင် ဖို့ လေ့ကျင့်နေကြောင်း၊ အချို့တပ်များ ကမူ မြန်မာ နယ်နိမိတ်အနီးတွင် ဆက်သွယ်ရေးစခန်း ငယ်များ တည်ဆောက်လျက်ရှိကြောင်း အချို့သော သတင်း အရင်းအမြစ်များအရ သိရသည်။
အစောပိုင်းကမူ ယူနန်ပြည်နယ် စစ်တပ်ခေါင်းဆောင်များအတွက် ပြည်နယ်အတွင်း၌ ကွပ်ကဲအမိန့်ပေးနိုင် သည့် စင်တာတစ်ခုကို တည်ပြီးဖြစ်ကြောင်း လည်း သိရသည်။ ဇန်န၀ါရီလကမူ တရုတ်ကွန်မြူ နစ်ပါတီ၏ သတင်းစာ တစ်စောင်ဖြစ်သော People’s Daily ကမူ မြန်မာနယ်စပ်ရှိ နဘန်းမြို့ တလျှောက် နယ်စပ်လုံခြုံရေးတပ်များနှင့် ရဲအရာရှိ များအား မြို့နေပြည်သူများအား မှတ်ပုံတင်ကဒ် (ID Cards) များစစ်ဆေးနေခြင်းကို တွေ့ရှိ ရကြောင်း ဖော်ပြခဲ့သည်။ မြို့ထဲတွင်မူ ဆက်သွယ်ရေးရပ်ဆိုင်းသွားသဖြင့် စီးပွားရေးလုပ်ငန်းများလည်း ရပ်ဆိုင်းနေကြောင်း၊ ညဘက်များတွင် လက်နက်ကြီး ပစ်ခတ်သံ များကို ကြားနေရကြောင်းဖြင့်လည်း ယင်းသတင်းစာက ဖော်ပြသည်။ တရုတ်ခေါင်းဆောင် များကမူ တရုတ်စစ်တပ်အား တိုက်ခိုက်ရည်မြင့်မားလာစေဖို့နှင့် အင်အားတောင့်တင်းသော ခေတ်မီစစ်တပ်အဖြစ် ဆထက်တပိုး တိုးတက်လာစေဖို့ အာရုံထားလျက်ရှိသည်။ ပြီးခဲ့ သည့်နှစ်နှောင်းပိုင်းအတွင်း တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်သစ် ဆိကျင်းပင် (Xi Jinping) က တရုတ်တောင် ပိုင်းရှိ ခြေလျင်နှင့် ရေတပ်များသို့ လာရောက်လည်ပတ်ခဲ့ပြီး စစ်တပ် အင်အားမြင့် မားစေဖို့ လိုအပ်ကြောင်းပြော ကြားခဲ့သည်။

မြန်မာစစ်တပ်နှင့် ကချင်ကေအိုင်အေတို့သည် ကေအိုင်အေ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးလက်အောက်ရှိ လိုင်ဇာမြို့ကို ဗဟိုပြု ၍ တိုက်ခိုက်နေခြင်းဖြစ် သည်။ ယခုနှစ် ဆောင်းရာသီက မြန်မာစစ်တပ်က လိုင်ဇာကို သိမ်းပိုက်နိုင်ဖို့ သို့မဟုတ် လိုင်ဇာ တ၀ိုက်ရှိ စစ်အရေးအရ ဗျူဟာကျသောနေရာများသိမ်း ဖို့ ထိုးစစ်ဆင်ခဲ့သည်။ မြန်မာစစ်တပ်တွင် ဖိုက်တာဂျက်လေယာဉ် များ၊ လက်နက်ကြီးများပါ ၀င်ကြောင်း၊ အရပ်သားများလည်း သေဆုံး ရကြောင်းဖြင့် ဒေသခံများက ဆိုသည်။

မိမိတို့ဘက်သို့ ကျည်ဆံခွံများကျရောက်နေကြောင်း၊ ဒီဇင်ဘာ ၃၀ အထိ ကျည်ဆံခွံလေးခုအထိ ကျရောက်ခဲ့ကြောင်း တရုတ်ကဆိုသည်။ ထို့ပြင် စစ်ပြေး ဒုက္ခသည် အရေအတွက်များပြားလာခြင်းကို လည်း တရုတ်ဘက်က စိုးရိမ်ကြောင်း ဖော်ပြသည်။
မြန်မာစစ်တပ်နှင့် ကချင်ကေအိုင်အေတို့ တိုက်ပွဲကြောင့် ၂၀၁၁ မှစတင်၍ ကချင်စစ်ပြေးဒုက္ခ သည်ထောင်ပေါင်းများစွာတို့ ယူနန်ပြည်နယ်တွင်း ၀င်ရောက်လျက်ရှိနေသည်။ ကချင်စစ်ပြေးဒုက္ခသည် အများစုမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြပြီး တရုတ်ခရစ်ယာန်များက သူတို့ကို လိုအပ်သည်များ ကူညီသလို တရုတ်ပြည်တွင်းရှိ ကချင်များကလည်း ကူညီကြသည်။

No comments:

Post a Comment

My Blog List