
ပြည်သူတို့၏ ၀န်ဆောင်မှုလုပ်ငန်းများကို သွက်လက်မြန်ဆန်စွာဆောင် ရွက်ပေးနိုင်ရေးနှင့် ပြည်သူ့ဗဟိုပြု ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ် ကို ဖော်ဆောင်ပြီး မြန်ဆန်သွက်လက်သည့် အုပ်ချုပ်ရေးယန္တရားဖြင့် လူမှုစီးပွားရေး တိုးတက်စေရေးတို့အတွက်ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း များ စွမ်းဆောင် ရည် အကဲဖြတ်အဖွဲ့ကိုပြည်ထောင်စုအစိုးရက ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။
အဆိုပါအဖွဲ့သည်လက်တွေ့ကွင်းဆင်းလေ့လာ အကဲဖြတ်ချက်များကိုဖေဖော်ဝါရီ ၂၅ ရက်မှ စတင်ဆောင် ရွက်နေသည့်အတွက် ပြည်သူများက အကြံပြုချက်များရှိလျှင် အဖွဲ့ဝင်များထံ ဆက်သွယ်ပေးပို့နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များမှာ ဦးဇော်ဦး ဖုန်း-၀၉-၄၂၅၂၈၈၈၈၉ နှင့် အီးမေးလ် mdri.cesd@gmail.com ၊ ဦးကျော် ဖုန်း-၀၁-၃၈၁၇၈၇၊ ဦးတင်မောင်သန်း ဖုန်း-၀၁-၆၅၄၇၇၀၊ ဦးဇော်သန်းသင်း ဖုန်း-၀၆၇-၄၀၉၁၄၅ တို့ဖြစ်ကြောင်း သိရှိရသည်။
7Day News Journal
No comments:
Post a Comment