Saturday, February 23, 2013

နယ်သာလန်ရောက် အိန္ဒိယပြန် ကရင်ရဲဘော် မိမိကိုယ်ကို အဆုံးစီရင်

လွန်ခဲ့တဲ့နှစ်က အိန္ဒိယနိုင်ငံကနေ နယ်သာလန်နိုင်ငံကို ရောက်ရှိသွားတဲ့ ရခိုင်- ကရင် ရဲဘော် ၂၉ ဦးထဲက ကရင်ရဲဘော် တစ်ဦးဟာ ဒီလ ၁၉ ရက်နေ့က မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။
Shwe Lar KNU freedom fighter

မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ ကရင် ရဲဘော်ဟာ ရွှေလာ ( Shwe Lar)  ဆိုသူ ဖြစ်ပြီး နယ်သာလန် နိုင်ငံ Delfsen  မှာနေထိုင် နေသူ ဖြစ်ပါတယ်။
သူဟာ အဲဒီ ညနေပိုင်းမှာ သူ့သူငယ်ချင်း တစ်ဦးရဲ့ ကားဂိုဒေါင်မှာ ကြိုးဆွဲချ သေဆုံးသွားတာ ဖြစ်တယ်လို့ ရခိုင်ရဲဘော်တစ်ဦးဖြစ်တဲ့ ကိုဓညလင်းက ပြောပါတယ်။
သူဟာ ဗုဒ္ဒဘာသာ တစ်ဦးဖြစ်ပြီး လာမယ့် စနေနေ့မှာတော့ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံတွေနဲ့ အတူ သဂြိင်္ုလ်သွားမယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ သူ့အလောင်းကို ဆေးရုံမှာ ဆေးစစ်နေပြီး သေဆုံးသွားရတဲ့ နောက်ကွယ်က အကြောင်း အရာ ကိုတော့ မသိရဘူးလို့ ပြောပါတယ်။
သေဆုံးသွားတဲ့ ရွှေလာဟာ ၁၉၉၈ ခုနှစ် အိန္ဒိယ နိုင်ငံမှာ အကောက်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့ ဗိုလ်ရာဇာတို့နဲ့ အတူ ရေတပ် အခြေစိုက် စခန်းတစ်ခု ဖွင့်ဖို့ အိန္ဒိယ နိုင်ငံ လန်ဖေါ့ကျွန်းကို လိုက်ပါလာတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲဘော်တွေထဲက တစ်ဦးဖြစ်ပါတယ်။
အိန္ဒိယ စစ်တပ်က လုပ်ကြံ သတ်ဖြတ်ခံရတဲ့ အထဲမှာ ဗိုလ်ရာဇာအပါအ၀င် ရခိုင်ပြည်တပ်မတော်က ၄ ဦး၊ ကရင်အမျိုးသား အစည်းအရုံးက ဖဒို မူးလွယ်နဲ့ ဗိုလ်စိုးမြှင့်တို့ ၂ ဦး ပါဝင်သွားခဲ့ပါတယ်။
အိန္ဒိယ အစိုးရဟာ ကျန်ရှိနေတဲ့ ရခိုင်- ကရင် ၃၄ ဦးကို ၁၃ နှစ်ကျော်ကြာ အိန္ဒိယ နိုင်ငံက ပို့ဘလေယားနဲ့ ကာလကတ္တား အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင်ထားခဲ့ပြီး ၂၀၁၁ ခုနှစ်မှ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာတော့ သူတို့အထဲက ၂၉ ဦးကို ကုလ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ညှိနိုင်းပြီး နယ်သာလန် အစိုးရက သူတို့နိုင်ငံမှာ ခိုလုံခွင့် ပြုပေးခဲ့ပါတယ်။

No comments:

Post a Comment

My Blog List