Tuesday, February 26, 2013

နေမျိုးဇင်. လိုင်ဇာခရီးစဉ်မှာ ဘာတွေလုပ်ခဲ့လဲ

နေမျိုးဇင်နဲ့အဖွဲ့တွေလိုင်ဇာကနေအပြန်ခရီးစဉ်မှာအခက်အခဲအတားအဆီးတွေနဲ့ရင်ဆိုင် ကျော်ဖြတ်ခဲ့ရပုံတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တွေ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေလို့ ကြည်ရှုခွင့် ရခဲ့ပါတယ်။ လမ်းလျှောက်သွား တာပဲဖြစ်ဖြစ်၊ ကားနဲ့သွားတာပဲဖြစ်ဖြစ် လိုင်ဇာထိရောက်အောင် သွားခဲ့တဲ့အတွက် လက်တွေ့ကျတဲ့ အလုပ်တစ်ခုကို လုပ်ခဲ့တယ်လို့ မြင်မိပါတယ်။ဒါပေမယ့် ငြိမ်းချမ်းရေးအတွက် လိုင်ဇာထိရောက်အောင် သွားပြီး ဘာတွေလုပ်ခဲ့တယ်၊ KIO/KIA ခေါင်းဆောင်ကြီးများနဲ့တွေ့ပြီး ဘာတွေပြောခဲ့တယ်၊ ဘာတွေေ တာင်းဆိုခဲ့တယ်၊ ဘာတွေညှိနှိုင်းခဲ့တယ် ဆိုတာတွေကိုတော့ မတွေ့မိသေးပါဘူး။ သွားတယ်၊
လမ်းလျှောက်တယ်၊ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရတယ်. စတဲ့ခရီးသွားမှတ်တမ်းဗွီဒီယိုဖိုင်မှာ သူပြောချင်တဲ့စကားတွေကို ကြိုတင် ဇာတ်တိုက်လေ့ကျင့်ပြီး ရိုက်ပြရုံနဲ့တော့ ဘာငြိမ်းချမ်းရေးမှ ရမယ်မထင်ပါဘူး။ ဒီ.ဗွီဒီယိုဖိုင်ကိုကြည့်ပြီး သေချာလေ့လာသုံးသပ်ကြည့်ရတာကတော့ ကချင်ပြည် နယ် ကြီး ငြိမ်းချမ်းစေဖို့ထက်စာရင် နေမျိုးဇင်က သူ့ကိုယ်သူ လူတွေအထင်ကြီးပြီး နာမည်ကျော်ဇောမှု ကိုလိုချင်လို့ လုပ်တာပဲဆိုတာကို သုံးသပ်တွေ့ရှိရပါတယ်။ တခြားအနှစ်သာရကိုတော့ မတွေ့မြင်မိပါဘူး။
နောက်ပြီး KIA တွေ ထောင်ထားလို့ပဲဖြစ်ဖြစ်၊ အစိုးရစစ် တပ်တွေ ထောင် ထားလို့ ပဲဖြစ်ဖြစ် မြေမြှပ်မိုင်းတွေ၊ နင်းမိုင်းတွေ၊ တိုက်မိုင်းတွေရှိနိုင်တဲ့ နေရာတွေမှာ အရင်ဦးစွာမိုင်းရှင်း လင်းခြင်း မလုပ်ဘဲ ဒေသခံတွေကို ရှေ့ကသွားခိုင်းနေတာကို တွေ့ရပါတယ်။ ဗွီဒီယိုထဲမှာတော့ ``ငါ ရှေ့က သွားမယ်. ငါ့ နောက်ကလိုက်ကြ`` လို့ ပြောနေပေမယ့် တကယ်တန်း သွားတဲ့အခါ မှာတော့ ရှေ့ ဆုံး ကမ သွားဘဲ သူနဲ့အတူပါလာတဲ့ ဒေသခံတွေကိုပဲ ရှေ့ဆုံးကသွားခိုင်းတာနေတာပါ။ သူကတော့ ဗွီဒီယိုရိုက်သလိုလို ဘာလိုလိုနဲ့ အကြောင်းပြပြီး နောက်ကတကောက်ကောက် လိုက်နေတာ ကို တွေ့ရ ပါတယ်။ တကယ်လို့သာ မိုင်းပေါက်ကွဲမှုတွေ ဖြစ်ခဲ့ မယ်ဆိုရင် နေမျိုးဇင်အနေ နဲ့ နိုင်ငံတကာ မှာပြ သပြီး နိုင်ငံရေးအမြတ်ထုတ်အုံးမှာ ဆိုတာတွေကိုတော့ မြင်ယောင်မိပါတယ်။ ဒါကြောင့်မို့ နေမျိုးဇင် တစ်ယောက် ရှေ့ကနေသွားနေတဲ့သူတွေကို မိုင်းနင်းမိပါစေလို့ ကြိတ်ပြီးဆုတောင်းနေမှာ သေချာပါတယ်။ ဒါမှလဲ ဒီ့ထက်ပိုပြီး သူနာမည်ကြီးမှာကိုး။
ကချင်ပြည်နယ်ကြီးကို တကယ်ငြိမ်းချမ်းစေဖို့နဲ့ ပြည်တွင်းစစ်တွေ တကယ်ရပ်စေချင် တယ်ဆို ရင် နေမျိုးဇင်အနေနဲ့ KIO/KIA နဲ့ ဘာတွေဆွေးနွေးခဲ့တယ်၊ ဘာတွေညှိနှိုင်းခဲ့တယ်၊ ဘာတွေတောင်း ဆိုခဲ့တယ်၊ ဒေသငြိမ်းချမ်းပြီး ဒေသခံတွေ စိတ်ချယုံကြည်စွာနဲ့ လွယ်လွယ်ကူကူ သွားလာနိုင်ဖို့ KIA အနေနဲ့ လမ်း.တံတားတွေ.တာဝါတိုင်တွေ မိုင်းထောင်ဖျက်ဆီးတာတွေကို ဆက်ပြီးမလုပ်ဖို့ကို ဘယ်လိုေ ဆွးနွေးတောင်းဆိုခဲ့လဲဆိုတာတွေကို ပြည်သူတွေသိရအောင် ထပ်ပြီးပြောပြပေးပါ အုံးလို့ တောင်းဆို လိုက်ပါရစေ။ ကချင်ပြည်နယ်ကြီး တကယ်ငြိမ်းချမ်းပါစေ။

No comments:

Post a Comment

My Blog List