Friday, March 01, 2013

ထိုင်းအစိုးရသည် နိုင်ငံတောင်ပိုင်းရှိ သူပုန်များနှင့် စေ့စပ်ဆွေးနွေးမှု ပြုလုပ်ရန် စီစဉ်ထားသည်ဟုဆို

Photo: ထိုင်းအစိုးရသည် နိုင်ငံတောင်ပိုင်းရှိ သူပုန်များနှင့်
စေ့စပ်ဆွေးနွေးမှု ပြုလုပ်ရန် စီစဉ်ထားသည်ဟုဆို
Friday, March 1, 2013

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဆယ်စုနှစ် များစွာအကြာ ဖြစ်ပွားလျက် ရှိသည့် သောင်းကျန်းမှု များနှင့် အကြမ်းဖက် မှုများအား ဖြေရှင်း
ဆောင်ရွက်ရေး နည်းလမ်း တစ်ရပ်အဖြစ် အဆိုပါ ဒေသမှ မွတ်ဆလင် စစ်သွေးကြွ များအဖွဲ့နှင့် စေ့စပ် ဆွေးနွေးမှု ပြုလုပ်ရန် ထိုင်းအစိုးရ က
စီစဉ် ထားကြောင်း ဖေဖော်ဝါရီ ၂၇ ရက်နေ့ ဆင်ဟွာ သတင်းတစ်ပုဒ် အရ သိရသည်။

မလေးရှား အာဏာပိုင် များ၏ အကူအညီ ဖြင့် ထိုင်းနိုင်ငံ တောင်ပိုင်းမှ မွတ်ဆလင် သောင်းကျန်းသူ အဖွဲ့အချို့ နှင့် ငြိမ်းချမ်းရေး
ဆွေးနွေးမှု ပြုလုပ်ရန် ထိုင်းအစိုးရ က စီစဉ်လျက် ရှိကြောင်း ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ ( NSC ) အတွင်းရေးမှူးချုပ် Paradorn Pattanatabutr က ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပြောကြား ခဲ့သည်။ 

မလေးရှား နိုင်ငံနှင့် ထိစပ်လျက် ရှိသော နယ်စပ် ဒေသရှိ ပြည်နယ်များတွင် လွန်ခဲ့သော လအနည်းငယ် အတွင်း အကြမ်းဖက်မှု တိုးမြင့်
ဖြစ်ပွားခဲ့ပြီး နောက် စစ်သွေးကြွ အဖွဲ့ ၅ ဖွဲ့ခန့်နှင့် ငြိမ်းချမ်းရေး
ဆွေးနွေးမှု ပြုလုပ်ရေး ကမ်းလှမ်းရန် ထိုင်းအစိုးရ က စီစဉ် ခဲ့သည်။

ထိုင်း အစိုးရ အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အတွက် ကြိုတင် သတ်မှတ်ချက် များနှင့် တောင်းဆိုချက် များကို လိုက်လျော သွားမည် ဖြစ်သော်လည်း ထိုင်းနိုင်ငံ တောင်ပိုင်းစွန်း ဒေသများအား သီးခြား လွတ်လပ်သည့် နိုင်ငံတစ်ခု အဖြစ် ခွဲထွက်ခွင့် ကိုမူ လုံးဝ သဘောတူမည် မဟုတ်ကြောင်း Pattanatabutr က ပြောကြား ခဲ့သည်။ 

ထိုင်းအစိုးရက တွေ့ဆုံ ဆွေးနွေးရန် စာရင်း သွင်းထားသည့်
သောင်းကျန်းသူ ခေါင်းဆောင် များတွင် Barisan Revolusi National
( BRN ) အဖွဲ့၏ အမာခံ ခေါင်းဆောင် ၂ ဦး ဖြစ်သော Masae Useng နှင့် Sapae-ing Basor တို့ ပါဝင်ကြောင်း နှင့် မလေးရှား နိုင်ငံက ကမကထပြု
ဆောင်ရွက် ပေးရန် သဘောတူ ညီထားကြောင်း သိရှိရသည်။

The Myawady Dailyထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဆယ်စုနှစ် များစွာအကြာ ဖြစ်ပွားလျက် ရှိသည့် သောင်းကျန်းမှု များနှင့် အကြမ်းဖက် မှုများအား ဖြေရှင်း
ဆောင်ရွက်ရေး နည်းလမ်း တစ်ရပ်အဖြစ် အဆိုပါ ဒေသမှ မွတ်ဆလင် စစ်သွေးကြွ များအဖွဲ့နှင့် စေ့စပ် ဆွေးနွေးမှု ပြုလုပ်ရန် ထိုင်းအစိုးရ က
စီစဉ် ထားကြောင်း ဖေဖော်ဝါရီ ၂၇ ရက်နေ့ ဆင်ဟွာ သတင်းတစ်ပုဒ် အရ သိရသည်။
မလေးရှား အာဏာပိုင် များ၏ အကူအညီ ဖြင့် ထိုင်းနိုင်ငံ တောင်ပိုင်းမှ မွတ်ဆလင် သောင်းကျန်းသူ အဖွဲ့အချို့ နှင့် ငြိမ်းချမ်းရေးဆွေးနွေး မှု ပြုလုပ်ရန် ထိုင်းအစိုးရ က စီစဉ်လျက် ရှိကြောင်း ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ ( NSC ) အတွင်းရေးမှူးချုပ် Paradorn Pattanatabutr က ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပြောကြား ခဲ့သည်။

မလေးရှား နိုင်ငံနှင့် ထိစပ်လျက် ရှိသော နယ်စပ် ဒေသရှိ ပြည်နယ်များတွင် လွန်ခဲ့သော လအနည်းငယ် အတွင်း အကြမ်းဖက်မှု တိုးမြင့်ဖြစ်ပွားခဲ့ပြီး နောက် စစ်သွေးကြွ အဖွဲ့ ၅ ဖွဲ့ခန့်နှင့် ငြိမ်းချမ်းရေးဆွေးနွေး မှု ပြုလုပ်ရေး ကမ်းလှမ်းရန် ထိုင်းအစိုးရ က စီစဉ် ခဲ့သည်။
ထိုင်း အစိုးရ အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အတွက် ကြိုတင် သတ်မှတ်ချက် များနှင့် တောင်းဆိုချက် များကို လိုက်လျော သွားမည် ဖြစ်သော်လည်း ထိုင်းနိုင်ငံ တောင်ပိုင်းစွန်း ဒေသများအား သီးခြား လွတ်လပ်သည့် နိုင်ငံတစ်ခု အဖြစ် ခွဲထွက်ခွင့် ကိုမူ လုံးဝ သဘောတူမည် မဟုတ်ကြောင်း Pattanatabutr က ပြောကြား ခဲ့သည်။

ထိုင်းအစိုးရက တွေ့ဆုံ ဆွေးနွေးရန် စာရင်း သွင်းထားသည့်သောင်းကျန်းသူ ခေါင်းဆောင် များတွင် Barisan Revolusi National( BRN ) အဖွဲ့၏ အမာခံ ခေါင်းဆောင် ၂ ဦး ဖြစ်သော Masae Useng နှင့် Sapae-ing Basor တို့ ပါဝင်ကြောင်း နှင့် မလေးရှား နိုင်ငံက ကမကထပြုဆောင်ရွက် ပေးရန် သဘောတူ ညီထားကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment

My Blog List