Friday, March 01, 2013

လက်ရွေးစင် အသင်းမှ ပြဿနာအတွက် ကျော်ကိုကိုအား ရန်ကုန် အသင်း ဒဏ်ရိုက်~ဦးဇော်ဇော်နှင့် ပတ်ဆောင်ဟွာတို့ကို ကျော်ကိုကို သွားရောက် တောင်းပန်ခဲ့

Photo: လက်ရွေးစင် အသင်းမှ ပြဿနာအတွက် ကျော်ကိုကိုအား ရန်ကုန်
အသင်း ဒဏ်ရိုက်~ဦးဇော်ဇော်နှင့် ပတ်ဆောင်ဟွာတို့ကို ကျော်ကိုကို သွားရောက် တောင်းပန်ခဲ့
Friday, March 1, 2013

လက်ရွေးစင် အသင်းမှ ပြန်ပို့ခြင်း ခံခဲ့ရသည့် ကျော်ကိုကို၏ လုပ်ရပ်များ
အပေါ် ရန်ကုန် ယူနိုက်တက် အသင်း၏ စည်းကမ်းထိန်းသိမ်းရေး
ကော်မတီမှ လစာငွေ (၁)လစာ ဖြတ်တောက်ခြင်းဖြင့် ဒဏ်ရိုက်လိုက်ပြီ
ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ဒဏ်ရိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ ရန်ကုန် အသင်းပိုင် ၀က်ဘ်ဆိုက်
တွင် " မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် နှင့် အုပ်ချုပ်/ နည်းပြအဖွဲ့ ၀င်များကို လေးစား မှုအားနည်းခဲ့သည့် မြန်မာ့ လက်ရွေးစင် နှင့် ရန်ကုန်
ယူ နိုက်တက် အသင်း တိုက်စစ်မှူး ကျော်ကိုကို အား ၁ လစာ ဒဏ်ငွေ ရိုက်ခဲ့ပြီး နောက်ဆုံး အကြိမ်အဖြစ် ပြင်းထန်စွာ သတိပေးလိုက်
ပြီဖြစ်သည်"ဟု ဖော်ပြထားသည်။

ကျော်ကိုကို၏ ပြဿနာ ဟိုးလေးတကျော် ဖြစ်ခဲ့ပြီးနောက် ရန်ကုန် ယူနိုက်တက် အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီက ကစားသမား၏ အသင်းပုံရိပ်ကို ထိခိုက်စေသည့် စည်းကမ်းပိုင်း အားနည်းမှုများအတွက် အရေးယူမှုပြုလုပ်သွားမည် ဖြစ်ကြောင်း
ပြောကြားခဲ့ရာ ပြောခဲ့သည့် အတိုင်း တရားဝင် အရေးယူမှု
ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုအရေးယူမှုမှာ ရန်ကုန် ယူနိုက်တက်၏ သမိုင်းတစ်လျှောက် ပထမဆုံး အရေးယူမှုဖြစ်ခဲ့ရာ ထိုကဲ့သို့ အရေးယူရခြင်းနှင့် ပတ်သက်၍ ရန်ကုန် ယူနိုက်တက် အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီက "ကစားသမား ကို နစ်နာစေလို တဲ့သဘော လုံးဝ မပါပါဘူး။ ဘောလုံး သမားတွေ အခုထက်ပိုပြီး နိုင်ငံ အတွက် ပေးဆပ်ချင် လာအောင်၊ အချိန် မရွေး၊ နေရာ မရွေး နိုင်ငံ့အတွက် အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် အမြဲတမ်း သွန်သင်နေ ပါတယ်။ ဒီလို ဖြစ်သွားတဲ့ အတွက်လည်း စိတ် မကောင်း
ပါဘူး။ ကျော်ကိုကို အနေနဲ့လည်း အခုအချိန်မှာ သူ့အမှား ကိုသိပြီး တာဝန်ရှိသူ တွေကို တောင်းပန်ပြီးပါ ပြီ။ သူ့ကို စံပြအနေနဲ့ ပြစ်ဒဏ်ချ ခဲ့တာဖြစ်ပြီး နောင်တစ်ချိန်မှာ အလား တူဖြစ်ရပ်မျိုး ဖြစ်ရင် ဘယ်သူ့ကို 
မဆို အရေးယူ သွားမယ် ဆိုတဲ့ အကြောင်း ပြောချင် ပါတယ်"ဟု
ပြောကြားခဲ့ကြောင်း ygnutd.com တွင် ဖော်ပြထားသည်။

ကလပ်အသင်း၏ ပြစ်ဒဏ်ချမှတ်မှုကို ကာယကံရှင် ကစားသမား
ကလည်း ကျေနပ်လက်ခံကြောင်း ပြောကြားခဲ့ပြီး၊ နောက်တစ်ကြိမ် ထပ်မဖြစ်ရန် သတိထားသွားမည်ဟု ကတိပြုခဲ့သည်။ 

ထို့အပြင် ကျော်ကိုကိုသည် ၎င်း၏ အပြုအမူများအတွက်
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် လက်ရွေးစင် အသင်းနည်းပြချုပ် ပတ်ဆောင်ဟွာတို့အား ယမန်နေ့က လူကိုယ်တိုင် သွားရောက် တောင်းပန်ခဲ့ကြောင်း သိရသည်။

Written by Admin Team
Soccer Myanmarလက်ရွေးစင် အသင်းမှ ပြန်ပို့ခြင်း ခံခဲ့ရသည့် ကျော်ကိုကို၏ လုပ်ရပ် များ အပေါ် ရန်ကုန် ယူနိုက်တက် အသင်း၏ စည်းကမ်းထိန်းသိမ်းရေး
ကော်မတီမှ လစာငွေ (၁)လစာ ဖြတ်တောက်ခြင်းဖြင့် ဒဏ်ရိုက်လိုက်ပြီ
ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ဒဏ်ရိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ ရန်ကုန် အသင်းပိုင် ၀က်ဘ်ဆိုက်တွင် " မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် နှင့် အုပ်ချုပ်/ နည်းပြအဖွဲ့ ၀င်များကို လေးစား မှုအားနည်းခဲ့သည့် မြန်မာ့ လက်ရွေးစင် နှင့် ရန်ကုန်ယူ နိုက်တက် အသင်း တိုက်စစ် မှူး ကျော်ကိုကို အား ၁ လစာ ဒဏ်ငွေ ရိုက်ခဲ့ပြီး နောက်ဆုံး အကြိမ်အဖြစ် ပြင်းထန်စွာ သတိပေးလိုက်
ပြီဖြစ်သည်"ဟု ဖော်ပြထားသည်။ကျော်ကိုကို၏ ပြဿနာ ဟိုးလေးတကျော် ဖြစ်ခဲ့ပြီးနောက် ရန်ကုန် ယူနိုက်တက် အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီက ကစားသမား၏ အသင်းပုံရိပ်ကို ထိခိုက်စေသည့် စည်းကမ်းပိုင်း အားနည်းမှု များအတွက် အရေးယူမှုပြုလုပ်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့ရာ ပြောခဲ့သည့် အတိုင်း တရားဝင် အရေးယူမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုအရေးယူမှုမှာ ရန်ကုန် ယူနိုက်တက်၏ သမိုင်းတစ်လျှောက် ပထမဆုံး အရေးယူမှုဖြစ်ခဲ့ရာ ထိုကဲ့သို့ အရေးယူရခြင်းနှင့် ပတ်သက်၍ ရန်ကုန် ယူနိုက်တက် အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီက "ကစားသမား ကို နစ်နာစေလို တဲ့သဘော လုံးဝ မပါပါဘူး။ ဘောလုံး သမားတွေ အခုထက်ပိုပြီး နိုင်ငံ အတွက် ပေးဆပ်ချင် လာအောင်၊ အချိန် မရွေး၊ နေရာ မရွေး နိုင်ငံ့အတွက် အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် အမြဲတမ်း သွန်သင်နေ ပါတယ်။ ဒီလို ဖြစ်သွားတဲ့ အတွက်လည်း စိတ် မကောင်းပါဘူး။ ကျော်ကိုကို အနေနဲ့လည်း အခုအချိန်မှာ သူ့အမှား ကိုသိပြီး တာဝန်ရှိသူ တွေ ကို တောင်း ပန်ပြီးပါ ပြီ။ သူ့ကို စံပြအနေနဲ့ ပြစ်ဒဏ်ချ ခဲ့တာဖြစ်ပြီး နောင်တစ်ချိန်မှာ အလား တူဖြစ်ရပ်မျိုး ဖြစ်ရင် ဘယ်သူ့ကို မဆို အရေးယူ သွားမယ် ဆိုတဲ့ အကြောင်း ပြောချင် ပါတယ်"ဟုပြောကြားခဲ့ကြောင်း ygnutd.com တွင် ဖော်ပြထားသည်။

ကလပ်အသင်း၏ ပြစ်ဒဏ်ချမှတ်မှုကို ကာယကံရှင် ကစားသမားကလည်း ကျေနပ်လက် ခံကြောင်း ပြော ကြားခဲ့ပြီး၊ နောက်တစ်ကြိမ် ထပ်မဖြစ်ရန် သတိထားသွားမည်ဟု ကတိပြုခဲ့သည်။

ထို့အပြင် ကျော်ကိုကိုသည် ၎င်း၏ အပြုအမူများအတွက်မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် လက်ရွေးစင် အသင်းနည်းပြချုပ် ပတ်ဆောင်ဟွာတို့အား ယမန်နေ့က လူကိုယ်တိုင် သွားရောက် တောင်းပန်ခဲ့ကြောင်း သိရသည်။

Written by Admin Team
Soccer Myanmar

No comments:

Post a Comment

My Blog List