Thursday, February 28, 2013

မုံးကိုးမြို့အဝင် တံတားအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ယမန်နေ့ နံနက် ၁ဝ နာရီခွဲ အချိန် ခန့်တွင် မုံးကိုးမြို့ အနောက်ဘက် မြို့ဝင်တံတား အနီးရှိ အမှိုက်ပုံတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အမှိုက်ပုံ အနီးချောင်း အတွင်း ငါးဖမ်း ဆော့ ကစား နေသော မုံးကိုးမြို့ အမှတ် (၂) ရပ်ကွက်နေ မောင်မာထက်ချို ၁၁ နှစ်၊ မောင်ဖာန်ကျုံး ၁၁ နှစ်၊ အမှတ် (၁)ရပ် ကွက်ေ န မောင် ရန်ပိန်းကွတ် ၁၃ နှစ်၊ မောင်ရန် ပိန်းခမ်း ၁၁ နှစ်၊ မောင်ယောက်ကျုံး ချိန် ၁၃ နှစ်နှင့် မောင်ရှိကျားကျင် ၁၁ နှစ်တို့ ခြောက်ဦး ဒဏ်ရာ အသီးသီး ရရှိကြသည်။

အဆိုပါ နေရာသို့ နယ်မြေခံ တပ်မတော် စစ်ကြောင်းမှ သွားရောက်၍ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ ဗုံးပေါက်ကွဲသည့် နေရာ၏ မြောက်ဘက် မီတာ ၅ဝ ခန့် အကွာတွင် အသင့် တပ်ဆင် ထား သည့် ရှေ့ ထွက်မိုင်း တစ်လုံး ထပ်မံ တွေ့ရှိ ခဲ့သဖြင့် ၄င်းနေရာ၌ အန္တရာယ်ကင်းစွာ ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။

ထိခိုက်ဒဏ်ရာ ရရှိကြ သူများကို နယ်မြေခံ စစ်ကြောင်းမှ မုံးကိုးမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး မုံးကိုးမြို့ ပတ်ဝန်းကျင် နယ်မြေများ အတွင်း နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက်ဆောင် ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

http://bit.ly/13naBbI

No comments:

Post a Comment

My Blog List