
စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စွမ်းအင်လိုအပ
်ချက်ကို
အဘက်ဘက်မှဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ တက္ကသိုလ်ဝင် တန်းစာမေးပွဲအကြိုကာလနှင့် ဖြေဆိုချိန်ကာလများ အတွင်း ကျောင်း သား/ကျောင်းသူများ
အဆင်ပြေလွယ်ကူစွာ စာပေလေ့ကျင့် ကျက်မှတ် နိုင်ရေး လျှပ်စစ်ဓာတ်အား
ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် စွမ်းအင်ဝန် ကြီးဌာနအနေဖြင့်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ သဘာဝ ဓာတ်ငွေ့တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး အတွက် အောက်ဖော်ြ ပပါစက် ရုံများသို့
သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှု ခေတ္တရပ်ဆိုင်းပြီး ကုန်းတွင်းသဘာဝဓာတ်ငွေ့ ကုဗပေ
၁၀ သန်းနှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၀ အား
ဖြန့်ဖြူးပေးထားပါကြောင်း အသိပေးအပ်ပါသည်-
(၁) အမှတ်(၁)ဓာတ်မြေသြဇာစက်ရုံ(စလေ)
(၂) ကျောက်ဆည် ဆင်မင်း(၁)နှင့်ဆင်မင်း(၂)ဘိလပ်မြေစက်ရုံ
(၃) စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဘိလပ်မြေစက်ရုံ(ကျောက်ဆည်)
(၄) စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ချောက်နှင့်ကျောက်ဆည်ဒေသ
များမှ စက်ရုံငယ်(၈)ရုံ
(၅) ကြံခင်းဘိလပ်မြေစက်ရုံ
(၆) သရက်ဘိလပ်မြေစက်ရုံ
(၇) ကျောက်ဆွယ်ကျိုးသံမဏိစက်ရုံ
Ministry of Energy, Myanmar
No comments:
Post a Comment