Friday, March 01, 2013

မအူပင်မြို့နယ်အတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာမှ ရဲအင်အား ၂၀ဝ ခန့်အား မူလနေရပ် ဌာနသို့ ပြန်လည်ပို့ဆောင်

Photo: မအူပင်မြို့နယ်အတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာမှ 
ရဲအင်အား ၂၀ဝ ခန့်အား မူလနေရပ် ဌာနသို့ ပြန်လည်ပို့ဆောင်
Friday, March 1, 2013

ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စုရှိကျေးရွာ ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်တို့ အကြား ပဋိပက္ခ အသွင်သည် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်တွင်
ပြေလည်မှုရရှိခဲ့ပြီး ယင်းည ၁၀ နာရီတွင် ပလောင်ကျေးရွာအနီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာတွင် လုံခြံရေး တာဝန်ယူနေသည့် ရဲအင်အား ၂၀ဝ ခန့်အား မူလနေရပ်ဌာနသို့ ပြန်လည်ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက အတည်ပြု ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၆ ရက်က ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အား ပြန်လည် ရုပ်သိမ်းနိုင်ရေး အထက်အဆင့်ဆင့်သို့ တင်ပြသွားမည် ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် အဆိုပါနေရာတွင် ရဲအင်အား ၈၀ ဝန်းကျင်မှ လုံခြံရေးတာဝန် ဆက်လက်ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ - မူလဌာနေသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင်များအား ဖောဖော်ဝါရီလ ၂၈ ရက် ညနေပိုင်းက တွေ့ရစဉ်

Eleven Media Groupဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စု ရှိကျေးရွာ ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်တို့ အကြား ပဋိပက္ခ အသွင် သည် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်တွင်ပြေ လည်မှု ရရှိခဲ့ပြီး ယင်းည ၁၀ နာရီတွင် ပလောင်ကျေးရွာအနီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာတွင် လုံခြံရေး တာဝန်ယူနေသည့် ရဲအင်အား ၂၀ဝ ခန့်အား မူလနေရပ်ဌာနသို့ ပြန်လည်ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက အတည်ပြု ပြောကြားခဲ့သည်။ဖေဖော်ဝါရီလ ၂၆ ရက်က ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အား ပြန်လည် ရုပ်သိမ်းနိုင်ရေး အထက် အဆင့် ဆင့်သို့ တင်ပြသွားမည် ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် အဆိုပါနေရာတွင် ရဲအင်အား ၈၀ ဝန်းကျင်မှ လုံခြံရေးတာဝန် ဆက်လက်ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ - မူလဌာနေသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင်များအား ဖောဖော်ဝါရီလ ၂၈ ရက် ညနေပိုင်းက တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment

My Blog List