
"ဒီနေ့ညနေမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာဦးစိုးမိုးက ညီမထံကိုဆက်သွယ် လာပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သံတမန်အဖြစ် တာဝန်ယူပေးနိုင်၊ မပေးနိုင်ဆိုပြီး ဆက်သွယ်
အကြောင်းကြားလာခဲ့ပါတယ်။ ညီမအနေနဲ့ အဆိုပါကမ်းလှမ်းချက်ကိုရရှိချိန်မှာပဲ ဂုဏ်ယူစွာနဲ့ လက်ခံခဲ့ပါတယ်။ ဘောလုံးအားကစား အပါအ၀င် မြန်မာနိုင်ငံအားကစား အဆင့်အတန်းမြင့်မားရေး အ တွက် ကိုယ်တတ်နိုင်သလောက် ဆောင်ရွက်ပေးချင်နေတဲ့ ညီမအတွက်တော့ ဒီအခွင့်အရေးဟာ တကယ့်အဖိုးတန်အခွင့်အရေးဖြစ်တယ်လို့ ယုံကြည်ပါတယ်။
ညီမရဲ့ ပရိသတ်များဟာလည်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို အရှေ့တောင်အာရှပြိုင်ပွဲများ တင် မက နိုင်ငံတကာပြိုင်ပွဲအရပ်ရပ်မှာပါအောင်မြင်မှု ရရှိစေချင်လိမ့်မယ်လို့ ညီမယုံကြည်ပါတယ်။
အနီးစပ်ဆုံးအနေနဲ့ ယခုကျင်းပတော့မယ့် AFC Challenge Cup ပြိုင်ပွဲမှာ နိုင်ငံတကာပြိုင်ဖက်များကို ညီမတို့ မြန်မာ့လက်ရွေးစင်အသင်းဖြတ်ကျော်အနိုင်ရရှိဖို့အတွက် ၁၂ယောက်မြောက်ကစားသမားအဖြစ် ကွင်းထဲအထိ ညီမနဲ့အတူ သွားရောက်အားပေးကြရအောင်နော်... " ဟု နန်းခင်ဇေယျာက သူ၏ facebook စာမျက်နှာတွင် ယမန်နေ့ ညနေပိုင်းက ရေးသားခဲ့သည်။
ဓာတ်ပုံ - Nang Khin Zay Yar Facebook
Popular Myanmar News Journal
No comments:
Post a Comment