Monday, February 25, 2013

ထိုင်းနိုင်ငံ အစိုးရမှ လှူဒါန်းသော မီးစက် ပစ္စည်းများ ရွာမ ဓာတ်အားပေး စက်ရုံသို့ သယ်ဆောင်

Photo: ထိုင်းနိုင်ငံ အစိုးရမှ လှူဒါန်းသော မီးစက် ပစ္စည်းများ ရွာမ ဓာတ်အားပေး စက်ရုံသို့ သယ်ဆောင်
Monday, February 25, 2013 

ထိုင်းနိုင်ငံ အစိုးရမှ မြန်မာနိုင်ငံ အစိုးရသို့ လှူဒါန်းသော မီးစက်တစ်လုံး
လျှင် 120 MW ထွက်ရှိသည့် မီးစက် နှစ်စုံမှ ပထမ အစုံသည် မြန်မာနိုင်ငံ ရန်ကုန်မြို့ ဆိပ်ကမ်း သို့ ဖေဖော်ဝါရီ ၉ ရက်က စတင် ရောက်ရှိသည်။

ရောက်ရှိလာသည့် ပထမ အစုံ မီးစက်တွင် ပစ္စည်း အရေအတွက် စုစုပေါင်း ၆ဝဝ နီးပါးခန့် ပါရှိလာပြီး ဖေဖော်ဝါရီ ၁၁ ရက်မှ စတင်၍ ယမန်နေ့ အထိ ရွာမ ဓာတ်အားပေး စက်ရုံသို့ သယ်ဆောင်ခဲ့သည်။ ထိုသို့ သယ်ဆောင်
ရာတွင် ယာဉ်ကြော ရှင်းလင်းသည့် အချိန်ဖြစ်သော ည ၉ နာရီ
နောက်ပိုင်းတွင် သယ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

၎င်းဓာတ်အားပေး စက်များ သယ်ယူ ပို့ဆောင်မှု အတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၊ မြန်မာ့လျှပ်စစ် ဓာတ်အားပေး လုပ်ငန်း၊ ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ မြန်မာ့ မီးရထား၊ မြန်မာ့ ဆက်သွယ်ရေး၊ ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်း တပ်ဖွဲ့၊ ဗိုလ်အောင်ကျော် ဆိပ်ခံတံတား၊ Asia World ထီးတန်းဆိပ်ခံ တံတားတို့၏ ပံ့ပိုး ကူညီမှုဖြင့် အင်ကြင်း ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက်၊ 
The Freight နှင့် Silamas တို့က တာဝန် ယူကာ သယ်ယူ ပို့ဆောင်မည် ဖြစ်သည်။ 

အဆိုပါ မီးစက်နှစ်စုံ တပ်ဆင် ပြီးပါက ရန်ကုန်မြို့ နေပြည်သူများ အသုံးပြုရန် လိုအပ်သည့် လျှပ်စစ် ဓာတ်အားကို တိုးမြှင့်ဖြည့် ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြ၀တီထိုင်းနိုင်ငံ အစိုးရမှ မြန်မာနိုင်ငံ အစိုးရသို့ လှူဒါန်းသော မီးစက်တစ်လုံး
လျှင် 120 MW ထွက်ရှိသည့် မီးစက် နှစ်စုံမှ ပထမ အစုံ သည် မြန်မာနိုင် ငံ ရန်ကုန်မြို့ ဆိပ်ကမ်း သို့ ဖေဖော်ဝါရီ ၉ ရက်က စတင် ရောက်ရှိသည်။
ရောက်ရှိလာသည့် ပထမ အစုံ မီးစက်တွင် ပစ္စည်း အရေအတွက် စုစုပေါင်း ၆ဝဝ နီးပါးခန့် ပါရှိလာပြီး ဖေဖော်ဝါရီ ၁၁ ရက်မှ စတင်၍ ယမန်နေ့ အထိ ရွာမ ဓာတ်အားပေး စက်ရုံသို့ သယ်ဆောင်ခဲ့သည်။ ထိုသို့ သယ်ဆောင်ရာတွင် ယာဉ်ကြော ရှင်းလင်းသည့် အချိန်ဖြစ်သော ည ၉ နာရီနောက်ပိုင်းတွင် သယ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းဓာတ်အားပေး စက်များ သယ်ယူ ပို့ဆောင်မှု အတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၊ မြန်မာ့လျှပ်စစ် ဓာတ်အားပေး လုပ်ငန်း၊ ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ မြန်မာ့ မီးရထား၊ မြန်မာ့ ဆက်သွယ်ရေး၊ ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်း တပ်ဖွဲ့၊ ဗိုလ်အောင်ကျော် ဆိပ်ခံတံတား၊ Asia World ထီးတန်းဆိပ်ခံ တံတားတို့၏ ပံ့ပိုး ကူညီမှုဖြင့် အင်ကြင်း ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက်၊ The Freight နှင့် Silamas တို့က တာဝန် ယူကာ သယ်ယူ ပို့ဆောင်မည် ဖြစ် သည်။ အဆိုပါ မီးစက်နှစ်စုံ တပ်ဆင် ပြီးပါက ရန်ကုန်မြို့ နေပြည်သူများ အသုံးပြုရန် လိုအပ်သည့် လျှပ်စစ် ဓာတ်အားကို တိုးမြှင့်ဖြည့် ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

My Blog List