Sunday, February 24, 2013

သမ္မတဦးသိန်းစိန်၏ ဥရောပငါးနိုင်ငံခရီး ဖေဖော်ဝါရီ ၂၅ ရက်တွင် စတင်မည်

Photo: သမ္မတဦးသိန်းစိန်၏ ဥရောပငါးနိုင်ငံခရီး ဖေဖော်ဝါရီ ၂၅ ရက်တွင် 
စတင်မည်
Sunday, February 24, 2013 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂၀၁၃ ခုနှစ် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဥရောပငါးနိုင်ငံသို့ မကြာမီ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။

သမ္မတဦးသိန်းစိန်သည် အီတလီ၊ နော်ဝေ၊ သြစတြီးယား၊ ဖင်လန်နှင့် ဘယ်လ်ဂျီယံနိုင်ငံများသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်သည်။

ထို့ပြင် သမ္မတဦးသိန်းစိန်သည် အဆိုပါ ငါးနိုင်ငံသို့ ဖေဖော်ဝါရီလ ၂၅ ရက်တွင် စတင်သွားရောက်ရန် စီစဉ်ထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။

သမ္မတဦးသိန်းစိန်သည် ယခုခရီးစဉ်ကို အီတလီနိုင်ငံသမ္မတ၊
နော်ေ၀၀န်ကြီးချုပ်၊ သြစတြီးယားနိုင်ငံ သမ္မတ၊ ဖင်လန်နိုင်ငံ သမ္မတနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌတို့၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဦးသိန်းစိန်အစိုးရ တက်ရောက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို စတင်အကောင်အထည်
ဖော်နေမှုကြောင့် မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးသည် တိုးတက်ကောင်းမွန်လာသလို အဆိုပါနိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကိုလည်း တစ်ဆင့်ချင်း ရုပ်သိမ်းခဲ့ကြသည်။

ထို့ပြင် အဆိုပါနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲ
များသည်လည်း မြန်မာနိုင်ငံသို့ တရားဝင်ခရီး လာရောက်ခဲ့ကြပြီး မြန်မာ
အစိုးရအဖွဲ့မှ သမ္မတ ဦးသိန်းစိန်၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် ကဏ္ဍများတွင် ကူညီပံ့ပိုးပေးနိုင်မည့် အခြေအနေများကို
ဆွေးနွေးခဲ့ကြသည်။

သမ္မတဦးသိန်းစိန် နောက်ဆုံးသွားရောက်ခဲ့သော နိုင်ငံခြားခရီးစဉ်မှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် အကြိမ် (၂၀) မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် သွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံ ခရီးစဉ်ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ သမ္မတသက်တမ်းအတွင်း
နိုင်ငံခြားခရီးစဉ် ၁၇ ခု သွားရောက်ခဲ့ပြီးဖြစ်ကာ ဥရောပခရီးစဉ်မှာမူ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။ 

အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းစသည့် နိုင်ငံများသို့ သွားရောက်ခဲ့ပြီး အာရှဒေသတွင်း နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန် စသည့်နိုင်ငံများသို့လည်း သွားရောက်ခဲ့သည်။      

Eleven Media Groupနိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂၀၁၃ ခုနှစ် ပထမ ဆုံး ပြည်ပ ခရီးစဉ် အဖြစ်ဥရောပငါးနိုင်ငံသို့မကြာမီသွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။
သမ္မတဦးသိန်းစိန်သည် အီတလီ၊ နော်ဝေ၊ သြစတြီးယား၊ ဖင်လန်နှင့် ဘယ်လ်ဂျီယံနိုင်ငံများသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်သည်။
ထို့ပြင် သမ္မတဦးသိန်းစိန်သည် အဆိုပါ ငါးနိုင်ငံသို့ ဖေဖော်ဝါရီလ ၂၅ ရက်တွင် စတင်သွားရောက်ရန် စီစဉ် ထားကြောင်း နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။
သမ္မတဦးသိန်းစိန်သည် ယခုခရီးစဉ်ကို အီတလီနိုင်ငံသမ္မတ၊နော်ေ၀၀န်ကြီးချုပ်၊ သြစတြီးယားနိုင်ငံ သမ္မတ၊ ဖင်လန်နိုင်ငံ သမ္မတနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌတို့၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ် သည်။

မြန်မာနိုင်ငံတွင် ဦးသိန်းစိန်အစိုးရ တက်ရောက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှုများကို စတင်အကောင်အထည်ဖော်နေမှုကြောင့် မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေး သည် တိုးတက်ကောင်းမွန်လာသလို အဆိုပါနိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကိုလည်း တစ်ဆင့်ချင်း ရုပ်သိမ်းခဲ့ကြသည်။

ထို့ပြင် အဆိုပါနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများသည်လည်း မြန်မာနိုင်ငံသို့ တရားဝင်ခရီး လာရောက်ခဲ့ကြပြီး မြန်မာအစိုးရအဖွဲ့မှ သမ္မတ ဦးသိန်းစိန်၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံ ကာ မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေး ၊နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် ကဏ္ဍများတွင် ကူညီပံ့ပိုးပေးနိုင်မည့် အခြေအနေများကိုဆွေးနွေးခဲ့ကြသည်။

သမ္မတဦးသိန်းစိန် နောက်ဆုံးသွားရောက်ခဲ့သော နိုင်ငံခြားခရီးစဉ်မှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် အကြိမ် (၂၀) မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် သွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံ ခရီးစဉ်ဖြစ်သည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ သမ္မတသက်တမ်း အတွင်းနိုင် ငံခြားခရီးစဉ် ၁၇ ခု သွားရောက်ခဲ့ပြီးဖြစ်ကာ ဥရောပခရီးစဉ်မှာမူ ယခုအကြိမ်သည် ပထမ ဆုံး ဖြစ်သည်။

အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းစသည့် နိုင်ငံများသို့ သွားရောက်ခဲ့ပြီး အာရှဒေသတွင်း နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန် စသည့်နိုင်ငံများသို့လည်း သွားရောက်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List