Friday, March 01, 2013

ပြည်ထောင်စုဖလားဖွင့်ပွဲ အခမ်းအနား စီမံမှုအချို့ဝေဖန်ခံရ

Photo: ပြည်ထောင်စုဖလားဖွင့်ပွဲ အခမ်းအနား စီမံမှုအချို့ဝေဖန်ခံရ
Friday, March 1, 2013

၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်အကြို ပြိုင်ပွဲအဖြစ် ကျင်းပပြုလုပ်သော
ပြည်ထောင်စုဖလား ဖွင့်ပွဲအခမ်းအနားတွင် စီမံခန့်ခွဲမှု အချို့ကို ပရိသတ်များက ကျေနပ်မှုမရှိဘဲ ဝေဖန်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ကျမတို့ကို နေ့လည် ၃ နာရီကတည်းက ခေါ်ထားတယ်။ ဖွင့်ပွဲက
၅ နာရီမှ ဆိုပေမယ့် ပြန်ချင်တဲ့အချိန်လည်း ပြန်လို့မရဘူး။ အမိန့်
မရဘဲ မထွက်ရဘူးဆိုပြီး ဂိတ်ပေါက်တွေအားလုံး ပိတ်ထားတယ်”
ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ၀န်ထမ်း တစ်ဦးက ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနား ကျင်းပသည့် ည ၈ နာရီဝန်းကျင်အချိန်ထိ ဂိတ်
တံခါးများ အားလုံး ပိတ်ထားပြီး အထက်မှ ခွန့်ပြုမိန့်မချမချင်း ပြင်ပ
သို့ ထွက်ခွင့်မပေးနိုင်ဟု လုံခြုံရေး ရဲဝန်ထမ်းများက ပြင်ပသို့ ထွက်ခွာချင်သည့် သူများကို ပြောကြားသည်ဟု သိရသည်။

မကွေးတိုင်း ကိုယ်စားပြုအဖြစ် လာရောက် ယှဉ်ပြိုင်နေသော အားကစားသမားတစ်ဦးက“ကျွန်တော်ဆို ထိုးပစ်ချင်နေတာ။
အခုထိလည်း ထမင်းမစားရသေးဘူး။ ဗိုက်တွေလည်း ဆာနေပြီ။ ထွက်ချင်တိုင်း ထွက်လို့မရလို့လေ” ဟု ပြောကြားသည်။

ပရိသတ်တစ်ဦးက “နိုင်ငံခြားသားတွေလည်း ထွက်ခွင့်မရလို့
ဂိတ်ပေါက်မှာ ထိုင်စောင့်နေကြတယ်။ နိုင်ငံတကာကိုသာ အဲဒီအကြောင်းတွေ လိုက်ပြောရင် တကယ်ကို ရှက်စရာ ကောင်းမှာပဲ” ဟု ပြောကြားသည်။

ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခွင့်ပေးသော အချိန်တွင်လည်း နာမည်စာရင်း ပေးပြီမှသာ ထွက်ခွာခွင့်ပြုကြောင်း အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ သွားရောက် သတင်းယူသော သတင်းထောက် တစ်ဦးက ပြောကြားသည်။

မီဒီယာသမားများကိုလည်း ခွဲခြားဆက်ဆံမှုရှိပြီး Sky Net, MRTV4, MNTV နှင့် အားကစားဝန်ကြီးဌာနမှ မှတ်တမ်းယူသော သူများကို
သာ ကွင်းအတွင်း ဓါတ်ပုံနှင့် ရုပ်သံ ရိုက်ကူးခွင့်ပြုကာ အခြားမီဒီယာ
များကို ကွင်းပြင်ပမှသာ ရိုက်ခွင့်ပြုခဲ့ကြောင်း သတင်းထောက် များက ပြောကြားသည်။

“ကျွန်တော့်ကို ကွင်းအတွင်းကနေ လာပြီး ခေါ်သွားတယ်။ ကွင်းထဲမှာ
Sky Net, MRTV4, MNTV နှင့် အားကစားဝန်ကြီးဌာနကပဲ ရိုက်ခွင့် ရှိတယ်လို့ ၂ ပွင့်နဲ့ ရဲဝန်ထမ်းက ပြောတယ်။ ဘာကြောင့်လဲလို့
ပြန်မေးတော့ လုံခြုံရေးကြောင့် မရိုက်ခိုင်းတာလို့ ပြောတယ်”ဟု အခမ်းအနားသို့ သတင်းရယူရန် သွားသော သတင်းထောက် တစ်ဦးက ပြောကြားသည်။

ပြည်ထောင်စုဖလား ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့
ညနေ ၅ နာရီအချိန်က စတင်းကျင်းပခဲ့ပြီး ပရိသတ် ၂ သောင်း ကျော် လာရောက် အားပေးကြကြောင်း သိရသည်။

ဟိန်းသူ

ဓာတ်ပုံ - ဟိန်းသူ
The Myanma Age၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်အကြို ပြိုင်ပွဲအဖြစ် ကျင်းပပြုလုပ်သော
ပြည်ထောင်စုဖလား ဖွင့်ပွဲအခမ်းအနားတွင် စီမံခန့်ခွဲမှု အချို့ကို ပရိသတ်များက ကျေနပ်မှုမရှိဘဲ ဝေဖန်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။“ကျမတို့ကို နေ့လည် ၃ နာရီကတည်းက ခေါ်ထားတယ်။ ဖွင့်ပွဲက၅ နာရီ မှ ဆိုပေမယ့် ပြန်ချင်တဲ့အချိန်လည်း ပြန်လို့မရဘူး။ အမိန့်မရဘဲ မထွက်ရဘူးဆိုပြီး ဂိတ်ပေါက်တွေအားလုံး ပိတ်ထား တယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ၀န်ထမ်း တစ်ဦး က ပြောကြားသည်။ ဖွင့်ပွဲအခမ်းအနား ကျင်းပသည့် ည ၈ နာရီဝန်းကျင်အချိန်ထိ ဂိတ်တံခါးများ အားလုံး ပိတ်ထားပြီး အထက်မှ ခွန့်ပြုမိန့်မချမချင်း ပြင်ပသို့ ထွက်ခွင့်မပေးနိုင်ဟု လုံခြုံရေး ရဲဝန်ထမ်းများ က ပြင်ပသို့ ထွက်ခွာချင်သည့် သူများကို ပြောကြားသည်ဟု သိရသည်။
မကွေးတိုင်း ကိုယ်စားပြုအဖြစ် လာရောက် ယှဉ်ပြိုင်နေသော အားကစားသမားတစ်ဦးက“ကျွန်တော်ဆို ထိုးပစ်ချင်နေတာ။အခုထိလည်း ထမင်းမစားရသေးဘူး။ ဗိုက်တွေလည်း ဆာနေပြီ။ ထွက်ချင်တိုင်း ထွက်လို့မရလို့လေ” ဟု ပြောကြားသည်။ ပရိသတ်တစ်ဦးက “နိုင်ငံခြားသားတွေလည်း ထွက်ခွင့်မရလို့
ဂိတ်ပေါက်မှာ ထိုင်စောင့်နေကြတယ်။ နိုင်ငံတကာကိုသာ အဲဒီအကြောင်းတွေ လိုက်ပြောရင် တကယ်ကို ရှက်စရာ ကောင်းမှာပဲ” ဟု ပြောကြားသည်။

ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခွင့်ပေးသော အချိန်တွင်လည်း နာမည်စာရင်း ပေးပြီမှသာ ထွက်ခွာခွင့်ပြုကြောင်း အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ သွားရောက် သတင်းယူသော သတင်းထောက် တစ်ဦးက ပြောကြားသည်။ မီဒီယာသမားများကိုလည်း ခွဲခြားဆက်ဆံမှုရှိပြီး Sky Net, MRTV4, MNTV နှင့် အားကစားဝန်ကြီးဌာနမှ မှတ်တမ်းယူသော သူများကိုသာ ကွင်းအတွင်း ဓါတ်ပုံနှင့် ရုပ်သံ ရိုက်ကူးခွင့်ပြုကာ အခြားမီဒီယာများကို ကွင်းပြင်ပမှသာ ရိုက်ခွင့်ပြုခဲ့ကြောင်း သတင်းထောက် များက ပြောကြားသည်။

“ကျွန်တော့်ကို ကွင်းအတွင်းကနေ လာပြီး ခေါ်သွားတယ်။ ကွင်းထဲမှာSky Net, MRTV4, MNTV နှင့် အားကစားဝန်ကြီးဌာနကပဲ ရိုက်ခွင့် ရှိတယ်လို့ ၂ ပွင့်နဲ့ ရဲဝန်ထမ်းက ပြောတယ်။ ဘာကြောင့်လဲလို့
ပြန်မေးတော့ လုံခြုံရေးကြောင့် မရိုက်ခိုင်းတာလို့ ပြောတယ်”ဟု အခမ်းအနားသို့ သတင်းရယူရန် သွားသော သတင်းထောက် တစ်ဦးက ပြောကြားသည်။

ပြည်ထောင်စုဖလား ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ညနေ ၅ နာရီအချိန်က စတင်းကျင်းပခဲ့ပြီး ပရိသတ် ၂ သောင်း ကျော် လာရောက် အားပေးကြကြောင်း သိရသည်။

ဟိန်းသူ

ဓာတ်ပုံ - ဟိန်းသူ
The Myanma Age

No comments:

Post a Comment

My Blog List