Sunday, February 24, 2013

အမေရိကန် ဘဏ္ဍာရေး အဖွဲ့အစည်းများ၊ ကုမ္ပဏီများအား မြန်မာ့ဘဏ်ကြီး လေးခုနှင့် စီးပွားရေး လုပ်ဆောင်ရန် အမေရိကန် အစိုးရ ခွင့်ပြုပြီ

 

အမေရိကန် အစိုးရသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် စီးပွားရေး ဆိုင်ရာ ပိတ်ဆို့မှု များကို ထပ်မံ ဖြေလျှော့သည့် အနေဖြင့် အမေရိကန် ကုမ္ပဏီ ကြီးများ၊ ဘဏ္ဍာရေး ဆိုင်ရာ အဖွဲ့အစည်း များအား မြန်မာ့ဘဏ်ကြီး လေးခုနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများ ကို ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်၍ လုပ်ဆောင်ခွင့်ပြု လိုက်ပြီဖြစ်သည်။အဆိုပါ မြန်မာ့ဘဏ်ကြီး များတွင် မြန်မာ့ စီးပွားရေးဘဏ်၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ဝယ်ရေးဘဏ်၊ အာရှစိမ်းလန်း ဖွံ့ဖြိုးရေး ဘဏ်နှင့် ဧရာဝတီဘဏ်တို့ ပါဝင်ပြီး အမေရိကန် နိုင်ငံ သားများ၊ ကုမ္ပဏီများနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများ အနေဖြင့် ယခုအခါ အဆိုပါ ဘဏ်ကြီး များတွင် ငွေစာရင်း ဖွင့်လှစ်ခြင်း အပါအဝင် ဘဏ်လုပ်ငန်း များနှင့် အခြားငွေကြေး လွှဲပြောင်းမှု ဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။အလားတူပင် အဆိုပါ မြန်မာ့ဘဏ် ကြီးများ အနေဖြင့်လည်း အမေရိကန် အစိုးရ၏ ဘဏ္ဍာရေး စနစ်အတွင်း၌ ကျယ်ပြန့်စွာ ပါဝင် နိုင်တော့မည် ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဌာနက ထုတ်ပြန် ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုကြေညာ ခဲ့သည့် အမေရိကန် အစိုးရ၏ ဘဏ်လုပ်ငန်း ဆိုင်ရာ ဖြေလျှော့ မှုသည် မြန်မာ အစိုးရက ဆက်လက် အကောင် အထည်ဖော် လျက်ရှိသည့် လူ မှုရေးနှင့် စီးပွားရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများကို အထောက် အပံ့ဖြစ်စေမည့် အပြင် ရင်းနှီးမြှုပ်နှံမှု အတွက် စံပြတစ်ရပ် အဖြစ်ပေါ် ထွက်လာပြီး မြန်မာ နိုင်ငံသား တို့အတွက် ပိုမို ကောင်းမွန်သည့် အနာဂတ်ကို ဖန်တီးရာတွင် အထောက် အကူပြုလိမ့်မည် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုက ပြောကြား ထားသည်။

မြန်မာ နိုင်ငံတွင် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရက နိုင်ငံ့ တာဝန်ကို၂ဝ၁၁ ခုနှစ် အတွင်း လွှဲပြောင်း ရယူခဲ့ပြီးနောက် နိုင်ငံရေး အကျဉ်းသား များကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခြင်း အပါအဝင် တိုးတက် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်ချိန် မှစ၍ မြန်မာ နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု တို့အကြား ဆက်ဆံရေး သည် တိုးတက်လာ ခဲ့သည်။


http://bit.ly/13C1L5k

No comments:

Post a Comment

My Blog List