Wednesday, February 27, 2013

AFC CUP ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် ရန်ကုန်အသင်း ဂိုးပြတ်အနိုင်ရ အင်ဒိုနီးရှားကလပ် ပါဆီဘိုအသင်းတွင် ကစားသမား ၁၂ ဦးသာ ပါဝင်လာခဲ့

Photo: AFC CUP ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် ရန်ကုန်အသင်း ဂိုးပြတ်အနိုင်ရ အင်ဒိုနီးရှားကလပ် ပါဆီဘိုအသင်းတွင် ကစားသမား ၁၂ ဦးသာ ပါဝင်လာခဲ့
Tuesday, 26 February 2013

၂၀၁၃ AFC CUP ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အချို့ကို ပြီးခဲ့သည့်
ဖေဖော်ဝါရီလ ၂၆ ရက်က စတင်ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာကလပ် ရန်ကုန်ယူနိုက်တက် အသင်းသည်အုပ်စုအဖွင့်ပွဲစဉ်၌ အင်ဒိုနီးရှားကလပ် ပါဆီဘိုအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ယင်းပွဲစဉ်တွင် နိုင်ငံခြားသား ကစားသမားလေးဦး အပါအ၀င် ခင်မောင်လွင်၊ ကြည်လင်း၊ ရာဇာဝင်းသိန်း၊ ရန်အောင်ကျော်တို့အပြင် မြန်မာ့လက်ရွေးစင်အသင်းမှ ပြန်လည်
စေလွှတ်ခြင်းခံရသည့် ကျော်ကိုကိုပါ ပွဲထွက်လူစာရင်း၌ အသုံးပြုခဲ့သည်။ 

ရန်ကုန်အသင်းမှာ ပွဲစကတည်းက ပါဆီဘိုအသင်းကို တစ်ဖက်သတ် ဖိကစားနိုင်ခဲ့သော်လည်း  အဆုံးသတ်ပိုင်း အားနည်းမှုနှင့် တိုက်စစ်၌ အချိတ်အဆက်များ လွဲချော်နေခြင်းကြောင့် ဒုတိယပိုင်းကျမှသာ အနိုင်ဂိုးများကို သွင်းယူနိုင်ခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို တိုက်စစ်မှူး ကိုနေးအဒမ်မာ တစ်ဦးတည်းက ၅၅၊ ၆၃၊ ၉၂ မိနစ်များတွင် ဟက်ထရစ် သွင်းယူခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အသင်းနှင့် လာရောက် ကစားသော ပါဆီဘိုအသင်းတွင် ကစားသမား ၁၂ ဦးသာ ပါဝင်လာခဲ့ပြီး အင်ဒိုနီးရှား ကစားသမား
အချို့မှာ နိုင်ငံကူးလက်မှတ် မရရှိခြင်း၊ နိုင်ငံခြားသား ကစားသမားနှစ်ဦးမှာ ဗီဇာအခက်အခဲများကြောင့် မပါဝင် လာခြင်းဖြစ်ကြောင်း ပွဲအပြီးတွင် နည်းပြဖြစ်သူက ပြောကြားခဲ့သည်။ ရန်ကုန်အသင်းသည်အုပ်စု (F) တွင် ပါဆီဘို (အင်ဒိုနီးရှား)၊ မာဇီယာ (မော်လ်ဒိုက်)၊ ဆန်ဟိုင်း (ဟောင်ကောင်) တို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်နေလျက်ရှိသည်။

ရန်ကုန် အသင်းသည် ပြီးခဲ့သည့် ၂၀၁၂ AFC CUP ပြိုင်ပွဲတွင် နိုင်ပွဲတစ်ပွဲမှ မရှိဘဲ အုပ်စုအဆင့်မှ ထွက်ခွာရဖူးပြီး ယခုနိုင်ပွဲမှာ AFC CUP ပြိုင်ပွဲတွင် ပထမဆုံး နိုင်ပွဲဖြစ်ခဲ့ကြောင်းလည်း သိရသည်။

Eleven Media Group၂၀၁၃ AFC CUP ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အချို့ကို ပြီးခဲ့သည့်
ဖေဖော်ဝါရီလ ၂၆ ရက်က စတင်ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာကလပ် ရန်ကုန်ယူနိုက်တက် အသင်းသည်အုပ်စုအဖွင့်ပွဲစဉ်၌ အင်ဒိုနီးရှား ကလပ် ပါဆီဘိုအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ယင်းပွဲစဉ်တွင် နိုင်ငံခြားသား ကစားသမားလေးဦး အပါအ၀င် ခင်မောင်လွင်၊ ကြည်လင်း၊ ရာဇာဝင်းသိန်း၊ရန်အောင်ကျော်တို့အပြင် မြန်မာ့လက်ရွေးစင် အသင်း မှ ပြန်လည်စေလွှတ်ခြင်းခံရသည့် ကျော်ကိုကိုပါ ပွဲထွက်လူစာရင်း၌ အသုံးပြုခဲ့သည်။ ရန်ကုန်အသင်းမှာ ပွဲစကတည်းက ပါဆီဘိုအသင်းကို တစ်ဖက်သတ် ဖိကစားနိုင်ခဲ့သော်လည်း အဆုံး သတ်ပိုင်း အားနည်းမှုနှင့် တိုက်စစ်၌ အချိတ်အဆက်များ လွဲချော်နေခြင်းကြောင့် ဒုတိယပိုင်းကျမှသာ အနိုင်ဂိုးများကို သွင်းယူနိုင်ခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို တိုက်စစ်မှူး ကိုနေးအဒမ်မာ တစ်ဦးတည်းက ၅၅၊ ၆၃၊ ၉၂ မိနစ်များတွင် ဟက်ထရစ် သွင်းယူခဲ့ခြင်းဖြစ်သည်။
ရန်ကုန်အသင်းနှင့် လာရောက် ကစားသော ပါဆီဘိုအသင်းတွင် ကစားသမား ၁၂ ဦးသာ ပါဝင်လာခဲ့ပြီး အင်ဒိုနီးရှား ကစားသမားအချို့မှာ နိုင်ငံကူးလက်မှတ် မရရှိခြင်း၊ နိုင်ငံခြားသား ကစားသမားနှစ်ဦးမှာ ဗီဇာအခက်အခဲများကြောင့် မပါဝင် လာခြင်းဖြစ်ကြောင်း ပွဲအပြီးတွင် နည်းပြဖြစ်သူက ပြောကြားခဲ့သည်။ ရန်ကုန်အသင်းသည်အုပ်စု (F) တွင် ပါဆီဘို (အင်ဒိုနီးရှား)၊ မာဇီယာ (မော်လ်ဒိုက်)၊ ဆန်ဟိုင်း (ဟောင်ကောင်) တို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်နေလျက်ရှိသည်။
ရန်ကုန် အသင်းသည် ပြီးခဲ့သည့် ၂၀၁၂ AFC CUP ပြိုင်ပွဲတွင် နိုင်ပွဲတစ်ပွဲမှ မရှိဘဲ အုပ်စုအဆင့်မှ ထွက်ခွာရဖူးပြီး ယခုနိုင်ပွဲမှာ AFC CUP ပြိုင်ပွဲတွင် ပထမဆုံး နိုင်ပွဲဖြစ်ခဲ့ကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List