Friday, March 01, 2013

ထိုင်းအစိုးရ နှင့် BRN သူပုန်အဖွဲ့တို့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး

Photo: ထိုင်းအစိုးရ နှင့် BRN သူပုန်အဖွဲ့တို့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး
Friday, March 1, 2013

ထိုင်းအစိုးရ နှင် Barisan Revolusi Nasional_BRN သူပုန် အဖွဲ့သည် နိုင်ငံတောင်ပိုင်း တွင် ဆိုးရွားစွာ ဖြစ်ပျက် နေခဲ့သည့်
သောင်းကျန်းမှု များကို အသုံးသတ်ရန် ရည်ရွယ်၍ ငြိမ်းချမ်းရေး
ဆွေးနွေးမှုများ လုပ်ဆောင်ရန် သဘောတူ ခဲ့ကြပြီး ပထမဆုံး အကြိမ် 
အဖြစ် လူသိရှင်ကြား သဘောတူ စာချုပ်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။

အဆိုပါ သမိုင်းဝင်မည့် စာချုပ်ကို ထိုင်းဝန်ကြီးချုပ် ရင်လပ် ရှင်နာဝပ် ထရာ မလေးရှား နိုင်ငံသို့ သွားရောက် လည်ပတ်ခြင်း မပြုမီ ကွာလာလမ်ပူ မြို့၌ BRN သူပုန် အဖွဲ့မှ ကိုယ်စားလှယ် တစ်ဦး နှင့် ထိုင်း တာဝန်ရှိ သူတို့ လက်မှတ် ရေးထိုး ခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက် နှောင်းပိုင်းတွင် ထိုင်းဝန်ကြီးချုပ် ရင်လပ် သည် မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇာတ် နှင့် တွေ့ဆုံပြီး မလေးရှား နိုင်ငံ၏ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသ နှင့် ကပ်လျက် ရှိသော ထိုင်းနိုင်ငံ နယ်စပ် တစ်လျှောက်တွင် ၉ နှစ်ကြာ ဖြစ်ပွား ခဲ့သည့် သောင်းကျန်းမှု များကို အဆုံးသတ်ရေး အပါအ၀င် နှစ်စဉ် ဆွေးနွေးပွဲများ ပြုလုပ်ရန် နှင့် စစ်သွေးကြွ နှင့် ထိုင်းအစိုးရ အကြား စေ့စပ် ဆွေးနွေးမှု များကို မလေးရှား နိုင်ငံတွင် လက်ခံ ကျင်းပရေး တို့နှင့် ပတ်သက်ပြီး
ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ထိုင်းနယ်စပ် နှင့် မလေးရှား နိုင်ငံ၏ မွတ်ဆလင် အများစု နေထိုင်ရာ
ဒေသတွင် တိုက်ခိုက်မှုများ ဖြစ်ပွား နေခဲ့သည်မှာ ၉ နှစ် ကြာမြင့် ခဲ့ပြီဖြစ်ပြီး ဒေသခံ ပြည်သူ ၅၅၀၀ ကျော်၏ အသက်များ ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။

ယင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရေး သဘောတူ စာချုပ်ချုပ်ဆို ရာတွင် BRN အဖွဲ့မှ ခေါင်းဆောင် ဟက်ဆန်တိုင်ဘ် နှင့် ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီမှ အတွင်းရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ပါရာဒွန် ပက်တနာသာ ဘူတာ တို့ ပါဝင် လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရှိရသည်။

The Myawady Dailyထိုင်းအစိုးရ နှင် Barisan Revolusi Nasional_BRN သူပုန် အဖွဲ့ သည် နိုင်ငံတောင်ပိုင်း တွင်ဆိုးရွားစွာ ဖြစ်ပျက် နေခဲ့ သည့် သောင်း ကျန်း မှု များကို အသုံးသတ်ရန် ရည်ရွယ်၍ ငြိမ်းချမ်းရေးဆွေးနွေး မှုများ လုပ်ဆောင်ရန် သဘောတူ ခဲ့ကြပြီး ပထမဆုံး အကြိမ် အဖြစ် လူသိ ရှင်ကြား သဘောတူ စာချုပ်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင်လက်မှတ် ရေး ထိုး ခဲ့ကြောင်း သိရသည်။အဆိုပါ သမိုင်းဝင်မည့် စာချုပ်ကို ထိုင်းဝန်ကြီးချုပ် ရင်လပ် ရှင်နာဝပ် ထရာ မလေးရှား နိုင်ငံသို့သွားရောက် လည်ပတ်ခြင်း မပြုမီ ကွာလာလမ်ပူ မြို့၌ BRN သူပုန် အဖွဲ့မှ ကိုယ်စားလှယ် တစ်ဦး နှင့် ထိုင်း တာဝန်ရှိ သူတို့ လက်မှတ် ရေးထိုး ခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက် နှောင်းပိုင်းတွင် ထိုင်းဝန်ကြီးချုပ် ရင်လပ် သည် မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာ ဇာတ် နှင့် တွေ့ ဆုံပြီး မလေးရှား နိုင်ငံ၏ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသ နှင့် ကပ်လျက် ရှိသော ထိုင်းနိုင်ငံ နယ်စပ် တစ်လျှောက်တွင် ၉ နှစ်ကြာ ဖြစ်ပွား ခဲ့သည့် သောင်းကျန်းမှု များကို အဆုံးသတ်ရေး အပါအ၀င် နှစ်စဉ် ဆွေးနွေးပွဲများ ပြုလုပ်ရန် နှင့် စစ်သွေးကြွ နှင့် ထိုင်းအစိုးရ အကြား စေ့စပ် ဆွေးနွေးမှု များကို မလေးရှား နိုင်ငံတွင် လက်ခံ ကျင်းပရေး တို့နှင့် ပတ်သက်ပြီးဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
ထိုင်းနယ်စပ် နှင့် မလေးရှား နိုင်ငံ၏ မွတ်ဆလင် အများစု နေထိုင်ရာဒေသတွင် တိုက်ခိုက်မှု များ ဖြစ် ပွား နေခဲ့သည်မှာ ၉ နှစ် ကြာမြင့် ခဲ့ပြီဖြစ်ပြီး ဒေသခံ ပြည်သူ ၅၅၀၀ ကျော်၏ အသက်များ ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။

ယင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရေး သဘောတူ စာချုပ်ချုပ်ဆို ရာတွင် BRN အဖွဲ့မှ ခေါင်းဆောင် ဟက်ဆန်တိုင်ဘ် နှင့် ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီမှ အတွင်းရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ပါရာဒွန် ပက်တနာသာ ဘူတာ တို့ ပါဝင် လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment

My Blog List