
သာမန် inverter တွေထက် ထူးခြားတာက waveform တွေထဲမှာ အဆင့်မြင့် ဆုံးဖြစ်တဲ့ pure sine wave ကို ထုတ်ပေးနိုင် တာ ဖြစ်ပါတယ်။ Stepped sine wave ကို ကွန်ပျူတာနဲ့ တွဲဖက်ပြီး သုံးတဲ့ UPS တွေက လက်ခံနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် မီးပျက်သွားတဲ့အချိန်မှာ ရိုးရိုး inverter တွေက UPS တွေကို ဆက်လက် အားဖြည့်ပေးနိုင်စွမ်း မရှိနိုင်ဘူးလို့ သိရပါတယ်။ Cyber Power ကထွက်ရှိတဲ့ EPS ကတော့ UPS တွေကို မီးပျက်သွားတဲ့ အချိန်မှာ ဆက်လက် အားဖြည့်ပေးနိုင်ခြင်းကြောင့် UPS ရဲ့ life time ကို ရှည်ကြာစေပြီး မိမိတို့ရဲ့ အလုပ်တွေကို ကွန်ပျူ တာနဲ့ အချိန်ကြာ ရှည်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပန်ကာဖွင့်တဲ့ အခါမှာလည်း တဂျီဂျီ အသံမြည်နေတာ မျိုးကိုလည်း ကြုံတွေ့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သူနဲ့ တွဲဖက်ပြီး သုံးတဲ့ပစ္စည်းတွေရဲ့ power supply ကို ထိခိုက်ခြင်း မရှိတဲ့အတွက် မိမိတို့ရဲ့ ပစ္စည်းတွေ ကိုလည်း ရေရှည်ခံစေမှာ ဖြစ်တယ်လို့ သိရပါတယ်။ Europe ကနေ Certified ရထားတဲ့ ပစ္စည်း ဖြစ်ပါ တယ်။ ဈေးနှုန်းက ၆၈၉,၀၀၀ ကျပ်ဖြစ်ပြီး၊ စိတ်ပါဝင်စားသူတွေ အနေနဲ့ ဖုန်း- ၃၇၆၁၈၀ သို့ ဆက်သွယ် စုံစမ်း ဝယ်ယူ အသုံးပြုနိုင်ပါတယ်။
ကိုအောင်
From : Yatanarpon
http://bit.ly/XF4loG
No comments:
Post a Comment