Thursday, February 28, 2013

ယူနိုက်တက် အတွက် ပွဲ ၁၀၀၀ ပြည့် ၀င်ကစားမည့် ဂစ်

 မန်ယူအသင်း ကစားသမားကြီး ဂစ်သည် လာမည့် စနေနေ့ နောဝှစ်ခ်ျနှင့် ပွဲတွင် ၀င်ကစား ဖြစ်ပါက ပွဲ ၁၀၀၀ မြောက် ပါဝင် ကစားသည့် ပွဲအဖြစ် စံချိန်တင်မည် ဖြစ်သည်။ ၃၉ နှစ် ရှိပြီဖြစ်သော ဂစ်သည် ၁၇ နှစ်သား အရွယ်တွင်ပရော်ဖက်ရှင်နယ် ကစားသမား အဖြစ် မန်ယူ အိမ်ကွင်းတွင် အဲဗာတန်ကို ၀း၂ ဖြင့် ရှုံးခဲ့သည့် ၁၉၉၁ မတ်လ ၂ ရက်နေ့ ပွဲစဉ်ဖြင့် စတင်ခဲ့သူ ဖြစ်ပြီး ပွဲ ၁၀၀၀ မြောက်မှာလည်း မန်ယူ အိမ်ကွင်း တွင်ပင် ဖြစ်သည်။ ယင်း ၁၉၉၁ ပွဲစဉ်တွင် ပွဲကစားချိန် ၃၈ မိနစ်၌ ဒင်းနစ်အာဝင် ဒဏ်ရာ ရသွား ခဲ့သဖြင့် ဂစ်က လူစားဝင် ကစားသမား အဖြစ် ကစား ခဲ့ရခြင်း ဖြစ်သည်။ ဂစ်မှာ မန်ယူ အတွက် ၉၃၂ ပွဲနှင့် အတူ ဝေလအသင်း၊ ဂရိတ်ဗြိတိန် အိုလံပစ် အသင်းတို့ အတွက်ပါ ကစားခဲ့သည်မှာ ၉၉၉ ပွဲ ရှိခဲ့ပြီဖြစ်သည်။ ဂစ်၏ ရာပြည့် ပွဲများမှာ-
  ပွဲ ၁၀၀ ပြည့်    မန်ယူ ၁း၁ အာဆင်နယ်           (၁၉၉၃ သြဂုတ် ၇ ရက်)
ပွဲ ၂၀၀ ပြည့်     မန်ယူ ၃း၁ ၀င်ဘယ်တန်          (၁၉၉၅ သြဂုတ် ၂၆)
ပွဲ ၃၀၀ ပြည့်     မန်ယူ ၂း၁ ဖီယင်နော့             (၁၉၉၇ အောက်တိုဘာ ၂၂)
ပွဲ ၄၀၀ ပြည့်     ဗီလာ ၀း၁ မန်ယူ                  (၂၀၀၀ ပြည့်နှစ် မေ ၁၄)
ပွဲ ၅၀၀ ပြည့်     ဖူဟမ် ၁း၁ မန်ယူ                  (၂၀၀၂ အောက်တိုဘာ ၁၉)
ပွဲ ၆၀၀ ပြည့်     မန်ယူ ၂း၁ လီဗာပူး               (၂၀၀၄ စက်တင်ဘာ ၂၀)
ပွဲ ၇၀၀ ပြည့်     လီဗာပူး ၀-၁ မန်ယူ               (၂၀၀၇ မတ် ၃)
ပွဲ ၈၀၀ ပြည့်     မန်ယူ ၁းဝ အာဆင်နယ်           (၂၀၀၉ ဧပြီ ၂၉)
ပွဲ ၉၀၀ ပြည့်     နောဝှစ်ခ်ျ ၁း၂ မန်ယူ              (၂၀၁၂ ဖေဖော်ဝါရီ ၂၆)

No comments:

Post a Comment

My Blog List