Wednesday, February 27, 2013

မြန်မာနိုင်ငံအပြောင်းအလဲကို အမေရိကန် သုတေသီတွေသုံးသပ်

မြန်မာ့ပြုပြင်ပြောင်းလဲရေးကိုသုံးသပ်ခြင်းဆို တဲ့ခေါင်း စဉ်နဲ့  ဆွေးနွေးပွဲ တရပ်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က John Hopkins တက္ကသိုလ် လက်အောက်ခံ Brookings Institute မှာ ဖေဖေါ်ဝါရီလ ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံကိုယ်စားလှယ်ဟောင်း Priscilla Clapp- Brookings Institute က ဧည့်ပါမောက္ခ Lex Rieffel- အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ IMF ရဲ့အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Anoop Singh နဲ့ အမေရိကန်-အာဆီယံ စီးပွါးရေးကောင်စီ ဥက္ကဌ Frances Zwenig တို့က ဦးဆောင်ဆွေးနွေးခဲ့တာပါ။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့  IMF ရဲ့အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Anoop Singh ကတော့ စိုက်ပျိုးရေး အခြေခံတဲ့နိုင်ငံဖြစ်လို့  စိုက်ပျိုးရေးကဏ္ဍမှာ တိုးမြှင့်သုံးစွဲဖို့ လိုသလို၊ ဗဟိုဘဏ်ရဲ့မူဝါဒ ပြောင်းလဲရမယ်လို့ ဆွေးနွေးပါတယ်။

rfa

No comments:

Post a Comment

My Blog List