Friday, March 01, 2013

မြန်မာနိုင်ငံတွင် ဖို့ဒ်ကားများ ရောင်းတော့မည်

Photo: မြန်မာနိုင်ငံတွင် ဖို့ဒ်ကားများ ရောင်းတော့မည်
Friday, March 1, 2013

မြန်မာနိုင်ငံတွင် အမေရိကန်ကားကုမ္ပဏီ ဖို့ဒ်ကားများ ဖြန့်ဖြူးရန် ဖို့ဒ်ကားကုမ္ပဏီနှင့် သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း ဖို့ဒ်ကုမ္ပဏီနှင့် တွဲဖက်လုပ်ကိုင်မည့် မြန်မာနိုင်ငံဘက်မှ Capital Automotive ကုမ္ပဏီ အကြီးအကဲကပြောကြားသည်။

ရန်ကုန်မြို့၌ ပထမဦးဆုံးဖွင့်လှစ်မည့် ဖို့ဒ်ကားအရောင်းဆိုင်တွင် အိမ်စီးကားများနှင့် ပစ်ကပ်ကားများ ရောင်းချသွားမည်ဖြစ်ပြီး လာမည့်မေလမှာပင် အရောင်းပြခန်း စတင်ဖွင့်လှစ်သွားဖွယ်ရှိကြောင်း Capital Automotive မှ ဒါရိုက်တာဦးခင်ထွန်းကပြောသည်။

ဖို့ဒ်ကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ် နီးလ်မက်ကာသီကမူ ၎င်းတို့ကုမ္ပဏီအနေဖြင့် မြန်မာဈေးကွက်အတွင်း ၀င်ရောက်ရန် ပြင်ဆင်နေပြီး တွဲဖက်လုပ်ကိုင်မည့် ကုမ္ပဏီလည်း ရှိနေပြီဖြစ်ကြောင်း ပြောကြားသော်လည်း အသေးစိတ် အချက်အလက်များကိုမူ ပြောကြားခြင်းမရှိသေးပေ။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံမှ ပက်စီ၊ ကိုကာကိုလာ၊ GE ၊ Caterpillar နှင့် 
ဒိန်းမတ် အဖျော်ယမကာကုမ္ပဏီ Carlsberg တို့သည် ၎င်းတို့ကုန်ပစ္စည်းများ ဖြန့်ချိရန် ဒေသခံကုမ္ပဏီများနှင့် သဘောတူညီချက်များ ရရှိထားပြီဖြစ်သည်။

—Ref: AP
7Day News Journalမြန်မာနိုင်ငံတွင် အမေရိကန်ကားကုမ္ပဏီ ဖို့ဒ်ကားများ ဖြန့်ဖြူးရန် ဖို့ဒ်ကားကုမ္ပဏီနှင့် သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း ဖို့ဒ်ကုမ္ပဏီနှင့် တွဲဖက်လုပ်ကိုင်မည့် မြန်မာနိုင်ငံဘက်မှ Capital Automotive ကုမ္ပဏီ အကြီးအကဲကပြောကြားသည်။
ရန်ကုန်မြို့၌ ပထမဦးဆုံးဖွင့်လှစ်မည့် ဖို့ဒ်ကားအရောင်းဆိုင်တွင် အိမ်စီးကားများနှင့်ပစ်ကပ်ကားများရောင်းချသွားမည်ဖြစ်ပြီး လာမည့်မေ လမှာပင် အရောင်းပြခန်း စတင်ဖွင့်လှစ်သွားဖွယ်ရှိကြောင်း Capital Automotive မှ ဒါရိုက်တာဦးခင်ထွန်းကပြောသည်။
ဖို့ဒ်ကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ် နီးလ်မက်ကာသီကမူ ၎င်းတို့ကုမ္ပဏီအနေဖြင့် မြန်မာဈေးကွက်အတွင်း ၀င်ရောက်ရန် ပြင်ဆင်နေပြီး တွဲဖက်လုပ်ကိုင်မည့် ကုမ္ပဏီလည်း ရှိနေပြီဖြစ်ကြောင်း ပြောကြားသော်လည်း အသေးစိတ် အချက်အလက်များကိုမူ ပြောကြားခြင်းမရှိသေးပေ။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံမှ ပက်စီ၊ ကိုကာကိုလာ၊ GE ၊ Caterpillar နှင့် ဒိန်းမတ် အဖျော်ယမကာကုမ္ပဏီ Carlsberg တို့သည် ၎င်းတို့ကုန် ပစ္စည်းများ ဖြန့်ချိ ရန် ဒေသခံကုမ္ပဏီများနှင့် သဘောတူညီချက်များ ရရှိထားပြီဖြစ်သည်။

—Ref: AP
7Day News Journal

No comments:

Post a Comment

My Blog List