
ပြုထားရာ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့ အထိ ဆီတန်ချိန် သုံးသိန်း ရှစ်သောင်းခန့် တင်သွင်းရန် ခွင့်ပြုလိုင်စင် ထုတ်ပေးပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးက ဆိုသည်။
“ပြည်ပမှ စားသုံးဆီ တင်သွင်းခွင့် ပြုရာမှာ ဒီဇင်ဘာ ၂ ရက်နေ့အထိ တန်ချိန် ၃၇၇,၂၇၄ တင်သွင်းဖို့ ခွင့်ပြုလိုင်စင် ထုတ်ပေးပြီး ဖြစ်ပါတယ်။ လက်ရှိ စားအုန်းဆီတင် သင်္ဘော ၉၄ စီးနဲ့ ဆီတန်ချိန် ၃၁၁,၃၄၈ တန် တင်သွင်းပြီး ဖြစ်ပါတယ်” ဟု ဖေဖေါ်ဝါရီလ ၂၂ ရက်က ကုန်သွယ်ရေး ညွှန်ကြားရေးမှု ဦးစီးဌာန တွင်ပြု လုပ်ခဲ့သည့် ဆီသင်္ဘောများ စနစ်တကျ လက်ခံရယူရေး ညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီး ဦးဝင်းမြင့် က ပြောကြားခဲ့သည်။
ထိုသို့ ပြည်ပမှ စားအုန်းဆီများ တင်သွင်းရာတွင် ဆီအရည်အသွေး သတ်မှတ်ချက်ကို ယခင်က Cloud Point 10 နှင့် Iodine Value ကို 5 ဖြင့် တင်သွင်းခွင့် ပြုခဲ့ရာမှ စားသုံးသူ ကျန်းမာရေးအတွက် Cloud Point 8 နှင့် Iodine Value ကို 58 မှ 60 အထိ အရည်အသွေးမြှင့် သတ်မှတ်ခဲ့သည်။
ယခင် မဆလ အစိုးရလက်ထက်တွင် ပြည်တွင်း စားသုံးဆီထုတ်လုပ်မှု လုံလောက်ခဲ့၍ ပြည်ပမှ တင်သွင်းမှု မရှိခဲ့ပေ။ “၈၈ ခုနှစ် နောက်ပိုင်း ဆီစက်တွေအနေနဲ့ ပြည်တွင်း ကုန်ကြမ်း မလုံလောက်တဲ့အတွက် ဆီစက် အများစု လုပ်ငန်းရပ်သွားကြတယ်။ ၈၈ ခုနှစ်ကနေ ၉၆ ခုနှစ်အထိ ပေပါနဲ့ တင်သွင်းရတဲ့ စားသုံးဆီတွေ ကိုသာ ခွင့်ပြုခဲ့တယ်” ဟု ရွှေပြည်သာ စက်မှုဇုန်မှ ဆီစက်လုပ်ငန်းရှင် ဦးခင်စိုး က ပြောသည်။
ပြည်တွင်း စားသုံးဆီ ဈေးကွက်အတွက် ၂၀၀၄ ခုနှစ်မှ စတင်ကာ တဦးတယောက် ပုံစံမျိုးဖြင့် တင်သွင်း ခွင့်ပေးခဲ့၍ ဈေးကွက်ယှဉ်ပြိုင်မှု မရှိသဖြင့် အရည်အသွေးနိမ့် ဆီများ ဆက်တိုက် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
“၂၀၁၁ ခုနှစ်၊ မေလက စတင်ပြီး ပြည်ပမှ စားအုန်းဆီတွေကို ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့ ဈေးကွက် ယှဉ်ပြိုင် တင်သွင်းခွင့်ပြုခဲ့တာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
တင်သွင်းလာသည့် ဆီသင်္ဘောများ ဆိပ်ကမ်းသို့ရောက်ရှိသည့်အခါ ဆီများ ထည့်သွင်း သိုလှောင်ခြင်း မပြုမီ ဆီလှောင်ကန်များနှင့် သန့်ရှင်းမှု၊ စိတ်ချရမှု ရှိ/မရှိကို ကြိုတင် စိစစ်နိုင်ရေးအတွက် သင်္ဘောတစီးချင်းအပေါ် လက်ခံစီစစ်ရေးအဖွဲ့မှ ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း စားအုန်းဆီ ၃၇၉,၀၄၉ တန် တင်သွင်းရန် လိုင်စင် ထုတ်ပေးခဲ့ရာ သင်္ဘော ၁၂၉ စီးဖြင့် ဆီ ၃၀၆,၁၀၄ တန်ကို တင်သွင်းခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ခင်မျိုးသွယ်
မဇ္ဈိမ
No comments:
Post a Comment