Wednesday, February 27, 2013

ဧပြီလနောက်ပိုင်းမှစ၍ ပုဂ္ဂလိကဘဏ်များ ဘဏ်ခွဲဖွင့်လှစ်ခြင်းအတွက် အဆောက်အအုံငှားရမ်းခွင့်နှင့် ဈေးဝယ်စင်တာများတွင် ဖွင့်လှစ်ခွင့်ကို ဗဟိုဘဏ်ခွင့်ပြု

Photo: ဧပြီလနောက်ပိုင်းမှစ၍ ပုဂ္ဂလိကဘဏ်များ ဘဏ်ခွဲဖွင့်လှစ်ခြင်းအတွက် အဆောက်အအုံငှားရမ်းခွင့်နှင့် ဈေးဝယ်စင်တာများတွင် ဖွင့်လှစ်ခွင့်ကို ဗဟိုဘဏ်ခွင့်ပြု
Tuesday, 26 February 2013
    
ဧပြီလနောက်ပိုင်းမှ စတင်၍ ပုဂ္ဂလိကဘဏ်များ ဘဏ်ခွဲဖွင့်လှစ်လိုပါက အဆောက်အဦ ငှားရမ်းခွင့်နှင့် ဈေးဝယ်စင်တာများတွင် ဖွင့်လှစ်ခွင့်အား ဗဟိုဘဏ်မှ ခွင့်ပြုထားကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦး၏ ပြောကြားချက်အရ သိရပါသည်။

''ဘဏ်ခွဲဖွင့်ခြင်းနဲ့ပတ်သက်ပြီး ဗဟိုဘဏ်က အသစ်ကြေညာထားခြင်း ရှိပါတယ်။အရင်က ဘဏ်ခွဲတစ်ခု ဖွင့်မယ်ဆိုရင် မြေကြီးဝယ်ရမယ်။
မြေပိုင်ဖြစ်ရမယ်။ဒီမြေပေါ်မှာ အဆောက်အဦဆောက် ဘဏ်ခွဲဖွင့်။
ဒီနှစ် ဧပြီနောက်ပိုင်းမှာ ခွင့်ပြုထားခြင်းက မြေကိုငှားဖွင့်ခွင့် မပေးဘူး။
အဆောက်အအုံငှားဖွင့်ခွင့်ပေးမယ်။ဈေးဝယ်စင်တာမှာ ဖွင့်ခွင့်ပေးမယ်လို့ ဗဟိုဘဏ်ကပြောတယ်။ကောင်တာအသေးတွေ ဖွင့်ခွင့်ပေးမယ်လို့ သိရတယ်။အခုလို ဖွင့်ရရင် နိုင်ငံတကာမှာရှိတဲ့ ဘဏ်တွေလို ဘဏ်ခွဲတွေ အများကြီးဖွင့်နိုင်မှာပါ''ဟု ဆက်လက်ပြောကြားပါသည်။

ယခင်က ပုဂ္ဂလိကဘဏ်များနေဖြင့် ဘဏ်ခွဲဖွင့်လှစ်ရန်အတွက် ကျပ်သန်း၇ဝဝကို မတည်ငွေအဖြစ်ထားရန်နှင့် မြေပိုင်ဖြစ်ရန် ဗဟိုဘဏ်မှ သတ်မှတ်ထားကြောင်း၊ယခုအခါတွင် ဧပြီလနောက်ပိုင်းမှ စတင်၍ ပုဂ္ဂလိကဘဏ်များအနေဖြင့် ဘဏ်ခွဲဖွင့်လှစ်လိုပါက မြေငှားရမ်းခွင့်၊
အဆောက်အအုံငှားရမ်းခွင့်အပြင် ဈေးဝယ်စင်တာများတွင် ဖွင့်လှစ်ခွင့်ကို ဗဟိုဘဏ်မှ ခွင့်ပြုပေးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၁၉ဘဏ်ရှိပြီး ကမ္ဘောဇဘဏ်သည် လက်ရှိမတည်ငွေရင်း အများဆုံးနှင့် ဘဏ်ခွဲအများဆုံး ဖွင့်လှစ်
ထားသောဘဏ် ဖြစ်သည်။လက်ရှိအချိန်အထိ ဘဏ်ခွဲ ၉ဝကျော် ဖွင့်လှစ်ပြီးဖြစ်ပြီး မတည်ငွေရင်း ကျပ်၇ဝဘီလျံကျော်ရှိကြောင်း၊
လက်ရှိ မြန်မာနိုင်ငံတွင် တည်ထောင်ထားသည့် ပုဂ္ဂလိကဘဏ်များသည် ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် ဖွံ့ဖြိုးရေးဘဏ်များ ပါဝင်ကြောင်း သိရပါသည်။

ဓာတ်ပုံ -  AGD Booth At Barcamp Yangon 2013 (AGD Bank) (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)

Eleven Media Groupဧပြီလနောက်ပိုင်းမှ စတင်၍ ပုဂ္ဂလိကဘဏ်များ ဘဏ်ခွဲဖွင့်လှစ်လိုပါက အဆောက်အဦ ငှားရမ်းခွင့်နှင့် ဈေးဝယ်စင်တာများတွင် ဖွင့်လှစ်ခွင့်အား ဗဟိုဘဏ်မှ ခွင့်ပြုထားကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦး၏ ပြောကြားချက်အရ သိရပါသည်။
''ဘဏ်ခွဲဖွင့်ခြင်းနဲ့ပတ်သက်ပြီး ဗဟိုဘဏ်က အသစ်ကြေညာထားခြင်း ရှိပါတယ်။အရင်က ဘဏ်ခွဲတစ်ခု ဖွင့်မယ်ဆိုရင် မြေကြီးဝယ်ရမယ်။
မြေပိုင်ဖြစ်ရမယ်။ဒီမြေပေါ်မှာ အဆောက်အဦဆောက် ဘဏ်ခွဲဖွင့်။
ဒီနှစ် ဧပြီနောက်ပိုင်းမှာ ခွင့်ပြုထားခြင်းက မြေကိုငှားဖွင့်ခွင့် မပေးဘူး။အဆောက်အအုံငှားဖွင့်ခွင့်ပေးမယ်။ဈေးဝယ်စင်တာမှာ ဖွင့်ခွင့်ပေးမယ်လို့ ဗဟိုဘဏ်ကပြောတယ် ။ကောင် တာအသေးတွေ ဖွင့်ခွင့်ပေးမယ်လို့ သိရတယ်။အခုလို ဖွင့်ရရင် နိုင်ငံတကာမှာရှိတဲ့ ဘဏ်တွေလို ဘဏ်ခွဲတွေ အများကြီးဖွင့်နိုင်မှာပါ''ဟု ဆက်လက်ပြောကြားပါသည်။
ယခင်က ပုဂ္ဂလိကဘဏ်များနေဖြင့် ဘဏ်ခွဲဖွင့်လှစ်ရန်အတွက် ကျပ်သန်း၇ဝဝကို မတည်ငွေအဖြစ် ထား ရန်နှင့် မြေပိုင်ဖြစ်ရန် ဗဟိုဘဏ်မှ သတ်မှတ်ထားကြောင်း၊ယခုအခါတွင် ဧပြီလနောက်ပိုင်းမှ စတင်၍ ပုဂ္ဂလိကဘဏ်များအနေဖြင့် ဘဏ်ခွဲဖွင့်လှစ်လိုပါက မြေငှားရမ်းခွင့်၊
အဆောက်အအုံငှားရမ်းခွင့်အပြင် ဈေးဝယ်စင်တာများတွင် ဖွင့်လှစ်ခွင့်ကို ဗဟိုဘဏ်မှ ခွင့်ပြုပေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၁၉ဘဏ်ရှိပြီး ကမ္ဘောဇဘဏ်သည် လက်ရှိမတည်ငွေရင်း အများဆုံးနှင့် ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားသောဘဏ် ဖြစ်သည်။လက်ရှိအချိန်အထိ ဘဏ်ခွဲ ၉ဝကျော် ဖွင့်လှစ်ပြီးဖြစ် ပြီး မတည်ငွေရင်း ကျပ်၇ဝဘီလျံကျော်ရှိကြောင်း၊လက်ရှိ မြန်မာနိုင်ငံတွင် တည်ထောင်ထားသည့် ပုဂ္ဂလိကဘဏ်များသည် ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် ဖွံ့ဖြိုးရေးဘဏ်များ ပါဝင်ကြောင်း သိရပါသည်။

ဓာတ်ပုံ - AGD Booth At Barcamp Yangon 2013 (AGD Bank) (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)

Eleven Media Group

No comments:

Post a Comment

My Blog List