Wednesday, February 27, 2013

"ဆယ်တန်းစာမေးပွဲဖြေဖို့ ကားရိုက်တွေနားထားသူ စိုးပြည့်သဇင်”



စိုးပြည့်သဇင်ကဇာတ်ကားရိုက်ကူးမှုနဲ့အနုပညာအလုပ်တွေကို ဖေေ ဖာ် ဝါရီ လ မှစပြီး ခဏ နားထားတယ်လို့ သိရပါတယ်။ ဒါရိုက် တာ မျိုးထူး၊ကျော်ရဲအောင် တို့နဲ့ ဗီဒီယို ဇာတ်ကားရိုက်ကူး ခဲ့ပြီးေ နာက် ၁ဝ တန်း စာမေးပွဲဖြေဆိုဖို့ အတွက်ခဏနား လိုက် တာဖြစ် တယ် လို့ ပြောပြလာ တာကြောင့် ”စိုးပြည့်ဖော်ဝါရီလကစပြီး ကားရိုက်တွေ ခဏ နားထားပြီး စာမေးပွဲ အတွက် ပြင်ဆင်နေတယ်။ စာမေးပွဲက ရန်ကုန်မှာပဲဖြေမှာပါ။ စိုးပြည့်က လည်း အနုပညာ အလုပ်တွေနဲ့ ဆိုတော့ ပညာရေးဘက်ကို မလုပ်နိုင် ဘူး ဖြစ်နေတာ။ ၁ဝတန်းက လည်း စာကျက်ချိန်ပေးနိုင်မှ အခုတောင်မှ စာကျက်ချိန်က ဒီတစ် လပဲ သေသေချာချာရှိတာ။ စိုးပြည့်အတွက် အခက် အခဲတွေရှိ ပါတယ်။ ကိုယ် တတ်နိုင်သလောက်တော့ ကြိုးစားပြီးဖြေမှာပါ။ အရင်ကတည်းက ကိုယ်ရတဲ့အချိန်ကို ရသလို ခရီးသွားရင်တောင်
စာအုပ်ကို ယူသွားပြီး တတ်နိုင်သလောက် လုပ်ရတာပေါ့။ အနုပညာရှင် တစ်ယောက်ဖြစ်နေတော့ အချိန်ပေးဖို့ကလည်း နည်းနည်း ခက်ခဲတယ်။ ဒါပေမဲ့ အချိန်တွေ သိပ်ကွာဟ သွားတော့လည်း မကောင်းတော့ ပြန်ဖြေဖြစ် တာပါ။ အနုပညာအလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်နေတော့ ပညာရေး ဘက်ကို မလှည့်နိုင်ဘူး။ နောက်ပြီး စနစ်တွေလည်း ပြောင်းတော့မယ် လို့ကြားတော့ ကိုယ်လည်း အရင် ကျက်ထားဖူးတဲ့ စနစ်ဟောင်းနဲ့ပြန်ဖြေ ချင်တယ်။ ဘာပဲဖြစ်ဖြစ် ကြိုးစားပြီး ဖြေကြည့် မယ်ဆိုပြီး ဖြေဖြစ် တာပါ။ စာမေးပွဲကလည်း ကံလိုသေးတယ်လေ။ စိုးပြည့် စာမေးပွဲ ပြီးတာနဲ့ ဇာတ်ကားတွေ ပြန်ရိုက် မှာပါ”လို့ ပြောပြပါတယ်။
စိုးပြည့်သဇင်က ၁ဝ တန်းစာမေးပွဲ ဖြေဆိုပြီးတာနဲ့ ဒါရိုက်တာမီးပွား၊ မင်းမော်ကွန်းတို့နဲ့ ရုပ်ရှင် ဇာတ် ကားကြီး ရိုက်ကူးမယ်လို့လည်း ပြောပြခဲ့ ပါတယ်။


Popular Journal

No comments:

Post a Comment

My Blog List