Thursday, February 28, 2013

မြန်မာ နိုင်ငံ ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှုမှာ ရလဒ် ကောင်းများ ရရှိ ခဲ့ပြီးဖြစ် စီးပွားရေး ပြုပြင် ပြောင်းလဲမှု ပြုလုပ် ရာတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ရရှိရန် လိုအပ်နေ

နော်ဝေနိုင်ငံ အော်စလိုမြို့၌ ရောက်ရှိနေသော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၁၂  နာရီခွဲက အော်စလိုမြို့ ရှိ  Holmenkolln Park Hotel ၌ နော်ဝေနိုင် ငံ နိုင်ငံခြားရေး ဝန်ကြီး Mr. Espan Barth Eide နှင့် တွေ့ဆုံသည်။
ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် Holmenkolln Park Hotel သို့ ရောက်ရှိ လာရာ နော်ဝေ နိုင် ငံ နို င်ငြံ ခားရေး ဝန်ကြီးက ကြိုဆို နှုတ်ဆက်ပြီး ဟိုတယ်ရှေ့ရှိ ရှုရပ်မှ အော်စလိုမြို့ ရှုခင်း ကို ပြသသည်။
ထို့နောက် ဟိုတယ်ဧည့်ခန်းမ၌ နော်ဝေနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံ ဆွေးနွေးရာတွင် နိုင်ငံတော် မြန်မာ နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ဆောင် ရွက် နေမှု အပေါ် နော်ဝေ အစိုးရနှင့် ပြည်သူများက ပံ့ပိုး ကူညီမှုများ အတွက် မြန်မာ ပြည်သူများနှင့် မိမိတို့ အစိုးရက များစွာ ကျေးဇူးတင် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုမှာ သိသာ ထင်ရှားသည့် ရလဒ်ကောင်းများ ရရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာတွင် ပြည်သူများ အနေဖြင့် သိသာ ထင်ရှားသည့် ရလဒ်များ ရရှိလာရန် အရေးကြီး ပါကြောင်း၊ ထို့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများရရှိရန် လိုအပ် နေပါကြောင်း၊ နော်ဝေနိုင်ငံ အနေဖြင့် လက်ရှိပြုပြင် ပြောင်းလဲရေး လုပ်ငန်းများတွင် ဆက်လက် ကူညီပေးနေ သကဲ့သို့ နော်ဝေ ကုမ္ပဏီ များက လည်း မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီး မြှုပ်နှံကြရန် ဖိတ်ခေါ် အပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့အတူ နော်ဝေနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးကလည်း နော်ဝေနိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ၏ တိုးတက်ပြောင်းလဲ မှုများကို ပထမဆုံး အသိအမှတ် ပြုခဲ့ပြီး ကူညီပံ့ပိုး ပေးခဲ့ပါကြောင်း၊ ထိုအချိန်တွင် အခြား နိုင်ငံများက မြန်မာနိုင်ငံ အပေါ် သံသယဖြင့် စောင့်ကြည့် နေချိန် ဖြစ်ပါ ကြောင်း၊ လွန်ခဲ့သည့် (၂) နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံတွင် တိုးတက် ဖြစ်ပေါ်ခဲ့သည့် အပြောင်းအလဲ များကို ကြည့်ပါက မိမိတို့၏ ဆုံးဖြတ်ချက် မှန်ကန်သည်ကို တွေ့ရှိလာရ ပါကြောင်း၊ မြန်မာ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို ဆက်လက် အကူအညီ ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံက မြန်မာ နိုင်ငံကို အကူအညီများ ပေးနိုင်ရန် အတွက် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် သာမက အာဆီယံ အဖွဲ့ဝင် နိုင်ငံ များနှင့် အာရှ ဒေသတွင်း နိုင်ငံများ နှင့်ပါ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံမှ ကုမ္ပဏီများ အနေဖြင့် မြန်မာ နိုင်ငံတွင် လူမှုရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တာဝန်ယူမှု အပြည့်အဝ ရှိသည့် ရင်းနှီးမြှုပ်နှံမှု များကို ဆောင်ရွက်သွားရန် စိတ်ဝင်စားလျက် ရှိပါကြောင်းဖြင့် ပြောကြား ခဲ့သည်။ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များအား နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးက ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတ နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့်  ဦးဝဏ္ဏ မောင်လွင်နှင့် ဦးစိုးသိန်း၊ ဒုတိယ ဝန်ကြီးများ၊ သံအမတ်ကြီး ဦးကျော်မျိုးထွဋ်နှင့် ဌာန ဆိုင်ရာ အကြီးအကဲများ တက်ရောက် ခဲ့ကြသည်။

No comments:

Post a Comment

My Blog List