Monday, October 15, 2012

အမေရိကန်သံအမတ်ကြီး နဲ့ အတိုက်အခံတွေ တွေ့ဆုံဆွေးနွေး

 
 
 
 
 
 
 
မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးDerekMitchellဒဲရစ်မစ်ချယ်ဟာ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တုန်းက ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဦးဂမ္ဘီရ  အခုတော့ လူဝတ်လဲလိုက်ပြီဖြစ်တဲ့ ဦးညီညီလွင်နဲ့ အဖွဲ့ ကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ၊ ပြည်လမ်းမှာရှိတဲ့ အမေရိကန်သံအမတ်ကြီးရဲ့ နေအိမ်မှာ တစ်နာရီကျော်ကြာ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု  ရုပ်သိမ်းသင့်မသင့် ၊ လျှော့ချ သင့် မသင့် အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ဦးညီညီလွင်က RFA ကို ပြောပါတယ်။

"အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားပေးသင့်ပြီလား၊ ဒါမှမဟုတ်ရင် လျှော့ချပေး သင့်သ လားပေါ့၊ ဒီဟာအတွက် ပြည်တွင်းမှာ တက်ကြွလှုပ်ရှားသူ ၊ ဦးဆောင်သူတွေကို ခေါ်ပြီးတော့ တွေ့ပြီး
တော့  သဘောထားတွေ ရယူတာပဲ ။ 

လုံးဝ ဖယ်ရှားဖို့ဆိုတာတော့ ကျုပ်တို့အနေနဲ့ မဖြစ်သင့်ဘူးပေါ့  ၊ လျှော့ချတာတော့ ကျုပ်တို့အနေနဲ့ ဘာမှမပြောလိုပါဘူးဆိုတာတွေ ပြောဖြစ်တယ်၊ နောက်မျက်မှောက်နိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သတ်
ပြီး တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေ ၊ နောက် ကချင်နဲ့   ရခိုင်ပေါ့ဗျာ ၊

 ဘာသာရေး ပဋိပက္ခတွေ ၊ လူမျိုးရေး ပဋိပက္ခတွေ ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ၊ ဒီမိုကရေစီရေး ပျက်ကွက်ခံနေရတာတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ၊ မြန်မာ့မြေပေါ်မှာ ဒီမိုကရေစီရေး
တွေ လူ့အခွင့်အရေးတွေ ပြည့်ဝဖို့ ၊ ဘယ်လိုလုပ်မလဲဆိုတာတွေ ရှေ့ဆက်သွားဖို့ မျက်မှောက် အခင်း အကျင်း နဲ့ညှိပြီး ဆွေးနွေးသွားတာ ဒါလေးတွေ ရှိပါတယ်၊  " 
 
ဒီကနေ့ တွေ့ဆုံရာမှာ  ဦးညီညီလွင် နဲ့အတူ ဆရာတော် ဦးသောဘာသ၊   အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများ(Action Labor Rights) အဖွဲ့က  ကိုသူရိန်အောင် ၊ ကိုညီညီဇော်၊ ကိုနော်အောင်တို့ ငါးဦးပါဝင်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

My Blog List