Sunday, October 14, 2012

မြန်မာ ၃ ဦး ယာဘားဆးပြား ၄၀၀၈၈ နှင့်အတူ နယ်စပ်တွင် အဖမ်းခံရ



ယာဘားဆေးပြား ၄၀၀၈၈ နှင့် အတူ  မြန်မာနိုင်ငံ (၃) ဦးကို နယ်စပ်တွင် စနေနေ့နံနက်က ဖမ်းဆီးရမိ
ကြောင်း ဘင်္ဂလာ တာဝန်ရှိသူများပြောသည်။


သူတို့သည် အဆိုပါ ယာဘား ဆေးပြားများကို ဘုတ်တစ်စီးဖြင့် ဘင်္ဂလာဒေခ်ျ့ဘက်သို့ တင်သွင်းလာစဉ် နတ်မြစ်အတွင်း ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။
“ လျို့ဝှက်သတင်းအရ တက်ကနက်မြို့နယ် နာဆီယာပါရာ အနီးက နတ်မြစ်အတွင်း ဘုတ်တစ်စီးပေါ်ကို တက်ရောက် ရှာဖွေစဉ်မှာ ယာဘားဆေပြား ၄၀၀၈၈ နဲ့ အတူ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးမိပါတယ်” ဟု တက်ကနက်အခြေစိုက် ဘီဂျီဘီတပ်ရင်း အမှတ်(၄၂)မှ ဗိုလ်မှူး အမ်းဒီဆိုင်ဖူးလ်ရာဟမန်က ပြော သည်။
သူတို့ကို ယခုအခါ တက်ကနက် ရဲစခန်းသို့ လွှဲပြောင်း ပေးအပ်လိုက်ပြီဟု ဆိုသည်။

 

No comments:

Post a Comment

My Blog List