Monday, October 15, 2012

OIC မည်သည့်ပုံစံဖြင့်လာလာဆန့်ကျင်မည်ဟုစစ်တွေခေါင်းဆောင်များကဦးထွေးလှအားပြောကြား



OICနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သူ နယ်စပ်/စည်ပင်ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှနှင့် စစ်တွေမြို့မှ ဦးဆောင်ဦးရွက်ပြုသူအချို့တို့ ယမန်နေ့ညနေခုနစ်နာရီခန့်တွင် အလွတ်သဘောတွေ့ဆုံ ကြရာတွင်၊ OIC ကအသွင်တစ်မျိုးမျိုးဖြင့်ဝင်လာမှုကိုဆက်လက်ဆန့်ကျင်သွားကြမည် ဖြစ်ကြောင်းတွေ့ဆုံ ခဲ့သူများကပြောကြားခဲ့သည်ဟုယင်းအစည်းအဝေးပြုလုပ်ရာနေရာတွင်ရှိနေခဲ့သူတစ်ဦးက Coral Arakan အားပြောကြားသည်။

OIC စစ်တွေမြို့တွင်ရုံးဖွင့်မည်ဆိုသည်မှာမဟုတ်ကြောင်းနောက်ဆုံးထုတ် Voice ဂျာနယ်ရှေ့ဖုံးပါ ၄င်းနှင့်အင်တာဗျူးကိုပြသရင်း ဦးထွေးလှကဒီကဒေသခံများ၏ စကားသံကိုကြားချင်သောကြောင့် ယခု လိုတွေ့ဆုံရသည်ဟု ရှင်းလင်းပြောကြားပြီးနောက် ၊ဒေါက်တာအေးမောင် (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ) ၊ဦးထွန်းကျော် (အင်းပေါက်ဝကုမ္ပဏီ)၊ဦးကျော်ဇောဦး (၀ံလက်ဖောင်ဒေးရှင်း) ၊ဦးအောင်မြကျော်(ပြည်နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)နှင့်ဒေသခံလုပ်ငန်းရှင်တစ်ဦးတို့ဝင်ရောက်   ဆွေးနွေးခဲ့ကြသည်ဟုအဆိုပါအမည်မဖော်လိုသူကပြောကြားသည်။ပြည်ထောင်စုအဆင့်နိုင်ငံရေးခေါင်းဆောင် တစ်ဦးဖြစ်သူဒေါက်တာအေးမောင်ကစစ်တွေမှာသာမဟုတ်၊ရန်ကုန်မှာထားလျှင်လည်းဆန့်ကျင်ရမည် ဖြစ်
ကြောင်း၊မြန်မာပြည်သူတစ်ရပ်လုံးအားနစ်လုဆဲဆဲနွံတွင်းထဲမှဆွဲထုတ်ရမည်ဖြစ်ကြောင်းဆွေးနွေး သွားသည်။
အခုမြန်မာနိုင်ငံဒေသအသီးသီးမှာ OIC ရုံးစိုက်မှာကို ကန့်ကွက်ဆန္ဒပြနေကြခြင်းသည် အစိုးရက
ခြေလှမ်းမှားတစ်လှမ်းကျွံနေသည် ကိုခြေပြန်နှုတ်ခွင့်သာအောင်ပြည်သူများက ၀ိုင်းဝန်းဆန္ဒပြနေ ကြခြင်းဖြစ်ကြောင်း၊ပြည်သူများအနေဖြင့် ဆန့်ကျင်ကန့်ကွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည့် အလားအလာရှိနေကြောင်း ၄င်းကပြောကြားသွားသည်။
ဦးကျော်ဇောဦးကအစ္စလမ်လောကသားတို့စည်ပင်ဝပြောပြန့်ကားရေးကိုရည်ရွယ်ချက်ထားသည့်၊အစ္စလမ်ရှရီးယားနှင့်အညီလူ့အခွင့်အရေးစံကိုအခြေခံသည့်၊နိုင်ငံတကာ၏အကြမ်းဖက်သမားသတ်မှတ်ချက်ကိုလက်မခံသည့် OIC ၏အန္တရာယ်အလားအလာကိုထောက်ပြပြောဆိုသည်။
ထို့အပြင်လက်နက်ကိုင်အဖွဲ့အစည်းများအပါအ၀င်ရိုဟင်ဂျာအဖွဲ့ (၂၅)ဖွဲ့ကိုစုစည်းကာ Arakan Rohingya Union အဖြစ် OIC က ကမကထပြုကာ ၂၀၁၁-ခုနှစ်အတွင်း ဖွဲ့စည်းပေးခဲ့သည့်အချက်ကို လည်း ၄င်းကထောက်ပြခဲ့သည်။
ထို့အပြင် သံသယဖြစ်ရသည့် အလားတူဖြစ်ရပ်ကို ၄င်းကနှိုင်းယှဉ်ပြရာတွင်၊ Humanitarian Freedom Flotilla to Arakan ကိုအသွင်ပြောင်းကာ PK1M မလေးရှားအဖွဲ့အဖြစ်မကြာမီက စစ်တွေ သို့ရောက်လာသည့်အဖွဲ့သည်ဂါဇာကမ်းခြေကိုအတင်းကပ်ဖို့ကြိုးစား သဖြင့်အစ္စရေးကအတင်းဟန့်တားခဲ့ရ သည့် Freedom Flotilla နှင့်အလားတူနေကြောင်း၊ OIC အပါအ၀င် အစ္စလမ်မစ်မစ်ရှင်များအနေဖြင့် သိုဝှက်ထားသည့်ရည်မှန်းချက်များရှိတတ်သည်ကို စိုးရိမ်မိကြောင်း၎င်း ကပြောပြခဲ့သည်ဟုဆိုသည်။
တတ်နိုင်သမျှစစ်ဆေးသည့်ကြားမှ ယင်းမလေးရှားထောက်ပံ့ရေးအဖွဲ့ PK1M ၏ထောက်ပံ့ရေး ပစ္စည်း ပုံးခွံကတ်ထူများတွင်ရေစိုသည့်အခါမှပေါ်လာအောင် လုပ်ထားသည့် မလိုလားဖွယ် ဓါတ်ပုံများ ပါရှိနေ သည်ကိုတွေ့ကြရသည် မှာနှစ်ရက်မျှရှိပြီဖြစ်သည်။ယင်းထောက်ပံ့ရေးပစ္စည်းများကို အကြောင်းပြု၍ လက်နက်များဖောက်ခွဲရေးပစ္စည်းများခိုးသွင်းလာမည်ကိုစစ်တွေမြို့သူမြို့သားများကစိုးရိမ်နေကြသည်။
OIC ၏ကိုယ်စားပြု iNGO ပုံစံဖြင့်လာခြင်းကိုသော်လည်းကောင်း၊ OIC ယာယီရုံးဖွင့်ခြင်းကိုသော် လည်းကောင်း၊ရန်ကုန်မှနေ၍မြန်မာပြည်တစ်နေရာရာအတွက် အလုပ်လုပ်ပေးခြင်း ကိုလည်းဆွေးနွေးသူ များက မလိုလားကြောင်းပြောကြသည်ဟုဆိုသည်။ ထို့အပြင်လူသားချင်း စာနာထောက်ထားရေး အကူ အညီ အတွက်သာ လာမည်ဆိုသည်ကိုလည်း သံသယဖြင့်လက်မခံနိုင်ကြပေ။
ရခိုင်ဒေသအတွင်းလှုပ်ရှားခဲ့ကြသောနိုင်ငံတကာ iNGO များသည်မလိမ့်တပတ်ဖြင့်ဒေသတူနေ တိုင်းရင်းသားများ လုံးဝမပါစေပဲ ခိုးဝင်လာသူ ဘင်္ဂါလီနိုင်ငံခြားသားများအားနှစ်ပေါင်းနှစ်ဆယ်နီးပါး အင်အားကြီးသထက်ကြီးအောင်ထောက်ပံမှုများပြုနေခဲ့ကြရာ၊ ရခိုင်ပြည်သူများက OIC ကိုမဆိုထားနှင့် ၊အစ္စလမ်မစ် အသွင်မဆောင်သည့်ပြည်ပအဖွဲ့အစည်းများ NGO များကိုပင်စိစစ်ကြရတော့မည်ဖြစ်
ကြောင်းဒေါက်တာအေးမောင်နှင့်ဒေသခံများကဆွေးနွေးခဲ့ကြသည်။
            စစ်တွေအခြေစိုက်လုပ်ငန်းရှင်တစ်ဦးကလည်း OIC ၏လှုပ်ရှားမှုကိုပြည်သူများက အစီအစဉ်မဲ့ တုံ့ပြန်မိသောကြောင့် (သေကြေ၊ဒဏ်ရာရ၊ဖမ်းဆီးခံရအစရှိသည့်) နစ်နာမှုများဖြစ်လာမိမှာကို စိုးရိမ်မိ
ကြောင်းပြောကြားသွားသည်။

No comments:

Post a Comment

My Blog List