Monday, October 15, 2012

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်မှ မိန်းကလေးများ အရွယ်မရောက်မီ လက်ထပ်ထိမ်းမြားခြင်းအား အကာအကွယ်ပေးရန် တောင်းဆို



ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ် များကို လက်ထပ်ထိန်းမြားပေးခြင်းအား အကာအကွယ်ပေးကြပါရန် နိုင်ငံတကာအမျိုးသမီးငယ်များနေ့ ဖွင့်ပွဲ အခမ်းအနားတွင် တိုက်တွန်းပြောကြားလိုက်သည်။

“ကမ္ဘာ့တစ်ဝန်းလုံးတွင် အသက် ၂၀ နှင့် ၂၄ နှစ်အရွယ် အမျိုးသမီး ၃ ဦးတွင် ၂ ဦးသည် အသက် ၁၈ နှစ် မတိုင်မီ အိမ်ထောင်သားမွေးမှုများ ပြုနေကြရကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း အရွယ် မရောက် မီ အိမ်ထောင်ပြုမှုများ လျှော့နည်းလာသည်ဆိုစေ ကျေးလက်ဒေသများနှင့် ဆင်းရဲသည့်အလွှာများကြား တွင် ရှိနေဆဲဖြစ်ကြောင်း၊ ယခုနှုန်းအတိုင်း ဆက်သွားမည်ဆိုပါကလည်း အသက် ၁၈ နှစ် မတိုင်မီ အိမ်ထောင်ပြုသည့် မိန်းကလေးဦးရေမှာ နောက် ၁၀ နှစ်အတွင်း သန်း ၁၅၀ ခန့်အထိရှိလာနိုင်ကြောင်း” အတွင်းရေးမှူးချုပ်က သဝဏ်လွှာတွင် ပြောကြားခဲ့သည်။
၂၀၁၁ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အောက်တိုဘာ ၁၁ ရက်နေ့အား ကမ္ဘာ့ အမျိုးသမီးငယ်များနေ့အဖြစ် သတ်မှတ်ကျင်းပရန် လက်ခံအတည်ပြုခဲ့ပြီးနောက်၊ ကမ္ဘာတစ်ဝန်းလုံး ရှိ အမျိုးသမီးငယ်များအခွင့်အရေးနှင့် ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများကို ဖြေရှင်းပေးရန် သဘောတူလက်ခံ ခဲ့ကြသည်။
ယခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ကို ကမ္ဘာ့အမျိုးသမီးငယ်များနေ့အဖြစ် ပထမဦးဆုံး သတ်မှတ် ကျင်း ပနိုင်ခဲ့ပြီး ဆောင်ပုဒ်မှာ “ငါတို့ဘဝ၊ ငါတို့အခွင့်အရေး၊ ကလေးသူငယ်လက်ထပ်ခွင့် အဆုံးသတ်ပေး ” ဖြစ်သည်။

No comments:

Post a Comment

My Blog List